SKIP TO MAIN CONTENT

ဩစီရောက် မြန်မာနိုင်ငံသားတွေရဲ့ ခိုလှုံခွင့်ဗီဇာ လျှောက်လွှာကို ဦးစားပေး စိစစ်မယ်

Australian visa
Source: AAP / Visa (AAP)

မကြာခင် ရက်ပိုင်းတုန်းကပဲ ဩစတြေးလျ အစိုးရကနေ မြန်မာနိုင်ငံကနေ ရောက်ရှိလာတဲ့လူတွေရဲ့ ခိုလှုံခွင့် ဗီဇာကို ဦးစားပေး စိစစ်မှု လုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။


Published

By Mu Laing Thein

Source: SBS


Skip to podcast episode content

မကြာခင် ရက်ပိုင်းတုန်းကပဲ ဩစတြေးလျ အစိုးရကနေ မြန်မာနိုင်ငံကနေ ရောက်ရှိလာတဲ့လူတွေရဲ့ ခိုလှုံခွင့် ဗီဇာကို ဦးစားပေး စိစစ်မှု လုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။


အခုလောလောဆယ် ဩစတြေးလျနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား အယောက် ၈၀၀ လောက် ခိုလှုံခွင့်ဗီဇာ လျှောက်ထားကြတယ်လို့ သိရပြီး မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာလျှောက်ထားမှုကို ဦးစားပေးမှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး Andrew Gile က ပြောပါတယ်။

၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ပြည်ပက မြန်မာနိုင်သံသား ၁၆၀၀ ကို ခိုလှုံခွင့် ပေးခဲ့တယ်လို့လည်း အစိုးရက ပြောပါတယ်။

မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ ဩစတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာတွေရဲ့ ခိုလှုံခွင့်ဗီဇာကို ဦးစားပေး စိစစ်မှု လုပ်ပေးမယ့် ကိစ္စကို ကြိုဆိုပေမယ့် တကယ်ဒုက္ခရောက်သူတွေက မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ လူတွေနဲ့ ထိုင်းနဲ့ အိန္ဒိယလို နိုင်ငံမှာ ရောက်နေတဲ့ မြန်မာတွေဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေက လူတွေကိုလည်း လက်ခံပေးဖို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ခိုလှုံခွင့် လျှောက်လွှာကို ဦးစားပေး စိစစ်ပေးမယ့် ကိစ္စနဲ့ ဆက်စပ်ပြီး ခိုလှုံခွင့်ဗီဇာရဖို့ ကြိုးစားခဲ့သူ လူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြထားပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now