Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

သက်ကြီးနဲ့ ကိုယ်ခံအားနည်းသူတွေ ဆောင်းရာသီမတိုင်ခင် စတုတ္ထမြောက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းထား

Vaccine viles

Australia's vaccine rollout expanded to include a fourth dose with vulnerable and older Australians prioritised to get a fourth COVID-19 vaccine. Source: AAP/SOPA Image/Lightrocket

လွန်ခဲ့တဲ့ လေးလခန့်က ဘူစတာဒို့စ် ထိုးထားတဲ့ ဩစတြေးလျနိုင်ငံက သက်ကြီးရွယ်အိုများနဲ့ ကိုယ်ခံအားမကောင်းတဲ့ လူတွေအနေနဲ့ စတုတ္ထမြောက် COVID-19 ကာကွယ်ဆေးကို ထိုးယူနိုင်ပြီ ဖြစ်ပါတယ်။


Published

Source: SBS


Share this with family and friends


လွန်ခဲ့တဲ့ လေးလခန့်က ဘူစတာဒို့စ် ထိုးထားတဲ့ ဩစတြေးလျနိုင်ငံက သက်ကြီးရွယ်အိုများနဲ့ ကိုယ်ခံအားမကောင်းတဲ့ လူတွေအနေနဲ့ စတုတ္ထမြောက် COVID-19 ကာကွယ်ဆေးကို ထိုးယူနိုင်ပြီ ဖြစ်ပါတယ်။


သက်ကြီးသြစတြေးလျနိုင်ငံသားတွေ ဆောင်းရာသီမ၀င်မီ အကာအကွယ်များ ထပ်မံရရှိဖို့အတွက် တိုက်တွန်းထားပြီး ရောဂါဖြစ်ပွားမှုများ မြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဧပြီ ၄ ရက် ကစပြီး အသက် ၆၅ နှစ်အထက် သူတွေ စတုတ္ထအကြိမ် ထိုးချင်ရင် ထိုးနိုင်သလို အသက် ၅၀ ကျော် ဌာနေတိုင်းရင်းသားများ၊ ခုခံအားကျသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနဲ့ စောင့်ရှောက်ရေး ဂေဟာများမှာ နေထိုင်သူများလည်း ထိုးနိုင်ပါတယ်။

တတိယအကြိမ် သို့မဟုတ် COVID-19 ကူးစက်ခံရပြီးနောက် လေးလအကြာမှာ ထပ်လောင်းထိုးဖို့ အကြံပြုထားသည်။

အခုလောလောဆယ် အရွယ်ရောက်ပြီးသူ 68 ရာခိုင်နှုန်းသာ တတိယအကြိမ်ကိုဗစ် ကာကွယ်ဆေး ထိုးထားကြပြီး ၄ ချောင်းမြောက် ကာကွယ်ဆေးကို တခြားလူတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးဖို့ အစီအစဉ်မရှိသေးပါဘူး။

အချိန်ဟာ နှစ်စဉ် တုပ်ကွေးကာကွယ် ဆေးရရှိနိုင်တဲ့ အချိန်နဲ့တိုက်ဆိုင်ပြီး၊ ကာကွယ်ဆေး ထိုးသင့်သူတွေအနေနဲ့ ကိုဗစ်ကာကွည်ဆေးရော တုတ်ကွေး ကာကွယ်ဆေးပါ နှစ်ခုစလုံးကို ထိုးသင့်တယ်လို့ ပြောပါတယ်။ 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now