SKIP TO MAIN CONTENT

ပါမောက္ခ ရှောင်တာနယ်လ် လွတ်လာတဲ့အပေါ် ဩစီရောက် မြန်မာတွေ ဘာပြောလဲ

Sean Turnell has been reunited wife his wife Ha Vu in Melbourne, after two years in jail in Myanmar (Source - Facebook).jpg
Sean Turnell has been reunited wife his wife Ha Vu in Melbourne, after two years in jail in Myanmar

ဩစတြေးလျနိုင်ငံသား စီးပွားရေး ပါမောက္ခ ရှောင်တာနယ်လ်ဟာ မြန်မာနိုင်ငံမှာ ရက်ပေါင်း ၆၅၀ ထောင်ကျခံရပြီးတဲ့နောက် အခုဆိုရင် ဩစတြေးလျနိုင်ငံက နေအိမ်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။


Published

By Mu Laing Thein

Source: SBS


Skip to podcast episode content

ဩစတြေးလျနိုင်ငံသား စီးပွားရေး ပါမောက္ခ ရှောင်တာနယ်လ်ဟာ မြန်မာနိုင်ငံမှာ ရက်ပေါင်း ၆၅၀ ထောင်ကျခံရပြီးတဲ့နောက် အခုဆိုရင် ဩစတြေးလျနိုင်ငံက နေအိမ်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။


အမျိုးသားအောင်ပွဲနေ့မှာ စစ်ကောင်စီက လူပေါင်း ၆၀၀၀ နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ ရှောင်တာနယ်လ်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက် ဒီကနေ့မှာပဲ ရှောင်တာနယ်လ်က သူအိမ်ပြန်လာခွင့်ရအောက် ကူညီပေးခဲ့ကြသူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

ဩစတြေးလျ အစိုးရနဲ့ ပြည်သူကို ကျေးဇူးတင်ကြောင်း၊ သူက သူ့ဇနီးသည်အပြင် မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံစည်းခွင့်ရပြီး ပျော်ရွှင်ရပေမယ့် မြန်မာနိုင်ငံက ပြည်သူ ၅၃ သန်းကတော့ သူတို့ကို ကိုယ်စားမပြုတဲ့ အာဏာရှင်လက်အောက်မှာ ဆက်လက် ခံစားကြနေရတယ်လို့လည်း ရေးထားပါတယ်။ သူတွေ့ဖူးသမျှ လူတွေထဲမှာ အကောင်းဆုံးဖြစ်ကြတဲ့လူတွေကို ဒီလို လူယုတ်မှာနဲ့ အရူးတွေရဲ့ အုပ်ချုပ်မှုကို ခံရတာက အင်မတန်ကို ဆိုးဝါးပြီး ဝမ်းနည်းစရာလည်း ကောင်းတယ်လို့ ပြောပါတယ်။

သူ့ကို ကူညီခဲ့သူ တချို့ကို နာမည်တပ်ပြီး ကျေးဇူးတင်ထားသလို ကျေးဇူးတင်တဲ့အထဲမှာ မြန်မာနာမည်တွေ သိပ်မတွေ့ရတဲ့အကြောင်းရင်းကတော့ သူနာမည်တပ်လိုက်မှ ဒုက္ခရောက်မှာ စိုးလို့ ဖြစ်တယ်လို့ ပြောပါတယ်။ သူမြန်မာ အကျဥ်းထောင်မှာ နေရတဲ့ ကာလအတွင်း သူချစ်ရသူ ၃ ဦး ဆုံးပါးသွားခဲ့ရတဲ့အကြောင်းလည်း ရေးထားပြီး မကြာခင်မှာ မီဒီယာတွေမှာ သူ့ကို မြင်ရကြားရမှာဖြစ်တယ်လို့ ပြောပါတယ်။ အကျဥ်းထောင်ကနေ ထွက်လာပြီး ဩစတြေးလျရောက်လာတဲ့အခါမှာ မုတ်ဆိတ်ထူနဲ့ ပုံတွေ တက်လာပြီး ရုပ်ရည်ကျသွားသလို ဖြစ်ပေမယ့် ဒီကနေ့ကစပြီး မုတ်ဆိတ်မွေးကို ရိတ်လိုက်ပြီလို့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမှာ အဆုံးသတ်ထားပါတယ်။

ရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်တုန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ပါမောက္ခ ရှောင်တာနယ်လ်နဲ့အတူ နိုင်ငံခြားသားတချို့နဲ့ မြန်မာနိုင်ငံသား ၆၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ဘယ်လို မြင်သလဲဆိုတဲ့အကြောင်း ဩစတြေးလျရောက် မြန်မာတွေရဲ့ အမြင်ကို မေးမြန်းထားပါတယ်။ နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now