Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

မိမိတို့ အသုံးပြုနေတဲ့ အလှပြင်ပစ္စည်းထဲမှာ ဘယ်လို ဓာတုတွေ ပါဝင်သလဲဆိုတာ သိနိုင်သလား

COSMETICS STOCK
Women's cosmetic products are pictured on display in a pharmacy Source: AAP / JULIAN SMITH/AAPIMAGE

အလှပြင်ပစ္စည်းထဲမှာ ပါဝင်တတ်ပြီး PFAS လို့အတိုကောက်ခေါ်တဲ့ ဓာတုဓာတ်ပါဝင်တဲ့ ပစ္စည်းတွေကို ကမ္ဘာပေါ်မှာ နယူးဇီလန်နိုင်ငံက ပိတ်ပင်တားမြစ်မှု လုပ်နေပြီး အီးယူအဖွဲ့ဝင်နိုင်ငံတွေမှာလည်း အဲဒီ ဓာတုဓာတ်ပါဝင်တဲ့ အလှကုန်တွေကို စျေးကွက်ထဲကနေ တဖြေးဖြေးခြင်း ဖယ်ရှားကန့်သတ်မှုလုပ်သလို အမေရိကန်နိုင်ငံက ပြည်နယ်တချို့မှာလည်း အဲဒီဓာတုပါဝင်တဲ့ မိတ်ကပ်တွေကို ပိပင်တားမြစ်မှု လုပ်ဆောင်လာနေကြပြီ ဖြစ်ပါတယ်။


Published

Updated

By Abbie O’Brien

Presented by Mu Laing Thein

Source: SBS


Share this with family and friends


အလှပြင်ပစ္စည်းထဲမှာ ပါဝင်တတ်ပြီး PFAS လို့အတိုကောက်ခေါ်တဲ့ ဓာတုဓာတ်ပါဝင်တဲ့ ပစ္စည်းတွေကို ကမ္ဘာပေါ်မှာ နယူးဇီလန်နိုင်ငံက ပိတ်ပင်တားမြစ်မှု လုပ်နေပြီး အီးယူအဖွဲ့ဝင်နိုင်ငံတွေမှာလည်း အဲဒီ ဓာတုဓာတ်ပါဝင်တဲ့ အလှကုန်တွေကို စျေးကွက်ထဲကနေ တဖြေးဖြေးခြင်း ဖယ်ရှားကန့်သတ်မှုလုပ်သလို အမေရိကန်နိုင်ငံက ပြည်နယ်တချို့မှာလည်း အဲဒီဓာတုပါဝင်တဲ့ မိတ်ကပ်တွေကို ပိပင်တားမြစ်မှု လုပ်ဆောင်လာနေကြပြီ ဖြစ်ပါတယ်။


ဒါပေမဲ့ ဩစတြေးလျနိုင်ငံမှာတော့ အဲဒီ PFAS ဓာတုပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ကန့်သတ်မှုလုပ်ရာမှာ တခြားနိုင်ငံတွေထက် နောက်ကျကျန်ရစ်နေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

အဲဒီလို ကန့်သတ်ချက်တွေမရှိတဲ့အတွက် ဩစတြေးလျနိုင်ငံသားတွေဟာ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းကို လိမ်းချယ်အသုံးပြုတာမျိုး ဖြစ်နေနိုင်ပါတယ်။

Per and polyfluoroalkyl [[poly-fluro-al-kil] ဒါမှမဟုတ် PFAS [[pee-fas]] လို့ အတိုကောက်ခေါ်တဲ့ ဓာတုပစ္စည်းတွေကို တချို့လူတွေက ထာဝရ ဓာတုပစ္စည်း 'forever chemicals လို့တောင် ခေါ်ဝေါ်ကြပါတယ်။

အဲဒီ ဓာတုပစ္စည်းဟာ ရေစိုခံခြင်း၊ အဆီဝင်းခြင်း၊ ကြာရှည်ခံခြင်းတွေ ဖြစ်စေတဲ့အတွက် အဲဒီ ဓာတုပစ္စည်းကို မိတ်ကပ်ဖောင်ဒေးရှင်းတွေ၊ နှုတ်ခမ်းနီနဲ့ eyeshadow တွေ တနေကုန် တာရှည်ခံအောင် လုပ်ဆောင်ရာမှာ အသုံးပြုလေ့ရှိတဲ့အပြင် တခြား အိမ်သုံးပစ္စည်း အများအပြားမှာလည်း အသုံးပြုလေ့ရှိပါတယ်။

PFAS တွေဟာ သဘာဝ ပတ်ဝန်းကျင်ထဲ ရောက်သွားတဲ့အခါ အင်မတန် ခြေဖျက်ခံနိုင်စွမ်းရှိသလို လူကိုယ်ခန္စာပေါ်မှာလည်း တာရှည်ခံတဲ့အတွက် တော်တန်ရုံ ဖျက်ဖို့ ခက်ခဲသလို ကြာလာရင် စုလာတာမျိုး ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် သူ့ကို ထာဝရ ဓာတုပစ္စည်း forever chemicals လို့ ခေါ်ကြတာလို့ ရှင်းပြထားပါတယ်။

PFAS နဲ့ ထိတွေ့မှုက ကင်ဆာရောဂါ တချို့နဲ့ ဆက်စပ်နေသလို ဟောမှုန်းကို နှောင့်ယှက်မှု၊ ကိုယ်ခံအားနည်းစေမှု၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလည်း ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

PFAS ဓာတုထဲမှာ မျိုးကွဲ အများအပြားရှိပေမဲ့ အသုံးများတဲ့ မျိုးကွဲ ၃ မျိုးလောက်ရဲ့ ဆိုးကျိုးကိုသာ လူတွေ နားလည်ကြတာဖြစ်ပါတယ်။

Dr Clarke ရဲ့ အဆိုအရ ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ ကမ္ဘာ့ကျန်းမာရေးအေဂျင်စီရဲ့ ကင်ဆာသုတေသနကနေ PFAS ဓာတုအုပ်စုထဲ ပါဝင်တဲ့ P-F-O-Aနဲ့ P-FOS ကို သုတေသန လုပ်တဲ့အခါမှာ နှစ်မျိုးလုံးက ကင်ဆာဖြစ်စေနိုင်တဲ့ ကာဆီနိုဂျင်တွေ ဖြစ်ကြောင်း တွေ့ရှိထားတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်တုနး်က University of Notre Dame ကနေ အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာ ရောင်းချတဲ့ အလှကုန်ပစ္စည်းတွေမှာ PFAS ဓာတုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားကြောင်း တွေ့ရှိထားပါတယ်။

အလှကုန်ပစ္စည်း အမျိုးအစား ၂၀၀ ကို စမ်းသပ်လေ့လာတဲ့အခါမှာ တဝက် ဝန်းကျင်က fluorine ဓာတ် များပြားကြောင်း ပြသထားပြီး သဘောကတော့ အဲဒီ ကုန်ပစ္စည်းထဲမှာ PFAS ဓာတုဓာတ်တွေ ပါဝင်ကြောင်း ပြသတာ ဖြစ်ပါတယ်။

အလှပြင်ကုန် အမျိုးအစား ၂၀၀ ထဲမှာ တဝက်လောက်က အဲဒီ ဓာတုပစ္စည်းပါဝင်ပေမဲ့ အလှကုန်ပစ္စည်း တစ်ခုကသာလျင် သူတို့ရဲ့ ပစ္စည်းထဲမှာ အဲဒီ PFAS ဓာတုပါဝင်ကြောင်း အတိအလင်း ဖော်ပြထားပြီး ကျန်တာတွေအားလုံးက ဖော်ပြခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now