Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

စွဲချက်တင်ခံနေရတဲ့ ဒေါ်နယ်ထရန့်အနေနဲ့ သမ္မတအဖြစ် ရွေးကောက်ခံခွင့် ရှိဦးမလား

US Presidential Nominee Donald Trump
Source: EPA

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ တရားရုံးမှာ စွဲချက်တင်ခံနေရပြီး လာမယ့် ၄ ရက်နေ့ကြရင် ပထမဆုံးအကြိမ် တရားရုံးကို တက်ရောက်ပြီး အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


Published

By Hannah Kwon

Presented by Mu Laing Thein

Source: SBS


Share this with family and friends


အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ တရားရုံးမှာ စွဲချက်တင်ခံနေရပြီး လာမယ့် ၄ ရက်နေ့ကြရင် ပထမဆုံးအကြိမ် တရားရုံးကို တက်ရောက်ပြီး အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


ဒါဟာ အမေရိကန် သမိုင်းတလျှောက် သမ္မတဟောင်း တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် ပြစ်မှူအတွက် တရားစွဲခံရခြင်း ဖြစ်ပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ထရန့်ဟာ သမ္မတ ရွေးကောက်ပွဲအတွက် တတိယအကြိမ် ယှဥ်ပြိုင်ဖို့ ကြိုးစားပြီး လပိုင်းအလိုမှာပဲ အခုလို စွဲချက်တင်ခံနေရတဲ့အတွက် ၂၀၂၄ မှာ သမ္မတအဖြစ် ရွေးကောက်ခံခွင့် ရှိဦးမလားဆိုပြီး တချို့က သိချင်နေကြပါတယ်။

၀၁၆ သမ္မတရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်နယ်ထရန့်ဟာ သူနဲ့အတူ လိင်ဆက်ဆံဖူးတဲ့ အပြာရုပ်ရှင် မင်းသမီး Stormy Daniels ကို နှုတ်ပိတ်တဲ့အနေနဲ့ ငွေတွေ ပေးခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

သူ့ရဲ့ ရှေ့နေ Joe Tacopina ကတော့ ဒေါ်နယ်ထရန့်က တရားရုံးမှာ အပြစ်မရှိကြောင်း ထွက်ဆိုမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ အေဘီစီသတင်းဌာနရဲ့ Good Morning America အစီအစဥ်မှာ ပြောပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now