Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

Matildas အနေနဲ့ အုပ်စုပွဲကို ကျော်လွှားနိုင်မယ် ထင်လား

WWC23 AUSTRALIA IRELAND
Sam Kerr of Australia congratulates team mates after their win during the FIFA Women's World Cup 2023 soccer match between Australia and the Republic of Ireland at Stadium Australia in Sydney, Thursday, July 20, 2023 Source: AAP / MARK EVANS/AAPIMAGE

ဖီဖာ အမျိုးသမီး ဘောလုံးပွဲမှာ ဩစတြေးလျနိုင်ငံအသင်းဖြစ်တဲ့ Matildas ဟာ အုပ်စုပွဲမှာ နိုင်ဂျီးရီးယားကို ရှုံးနိမ့်သွားလို့ ဖီဖာကမ္ဘာ့ဖလား အိပ်မက်ဟာ ပိုအလှမ်းဝေးနေရပါတယ်။


Published

By Mu Laing Thein

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ဖီဖာ အမျိုးသမီး ဘောလုံးပွဲမှာ ဩစတြေးလျနိုင်ငံအသင်းဖြစ်တဲ့ Matildas ဟာ အုပ်စုပွဲမှာ နိုင်ဂျီးရီးယားကို ရှုံးနိမ့်သွားလို့ ဖီဖာကမ္ဘာ့ဖလား အိပ်မက်ဟာ ပိုအလှမ်းဝေးနေရပါတယ်။


ကမ္ဘာ့အဆင့်မှာ ဩစတြေးလျက အဆင့် ၁၀ ရှိပြီး နိုင်ဂျီးရီးယားက အဆင့် ၄၀ မှာရှိတာဖြစ်ပါတယ်။ ကိုယ့်ထက် အဆင့် ၃၀ လောက် ရောက်နေတဲ့ နိုင်ဂျီးရီးယားအသင်းကို အိမ်ကွင်းမှာ ကန်တဲ့အခါ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားလို့ ဩစတြေးလျ မာထေးလ်ဒါစ် အသင်းအတွက် အရှက်ရဖွယ်လည်း ဖြစ်နေပါတယ်။

မာထေးလ်ဒါးစ် နည်းပြဖြစ်တဲ့ Tony Gustavsson အတွက်တော့ ဒီတစ်ပတ်ဟာ တကယ့်ကို ခက်ခဲတဲ့ သတင်းပတ်ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်ကြရင် ကန်တဲ့ပွဲမှာ အနိုင်ရဖို့ အသင်းကို အမြန် ပြန်လည် စုစည်းရမှာ ဖြစ်ပါတယ်။

ဩစတြေးလျအသင်းမှာ အသင်းခေါင်းဆောင် Sam Kerr, တိုက်စစ်မှူး မေရီ ဖောင်လာ နဲ့ ခံစစ်မှူး Aivi Luik တို့ သုံးဦးဟာ လေ့ကျင့်ရေးဆင်းတုန်း ဒဏ်ရာတွေ ရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေကြောင့် ဒဏ်ရာကြောင့် အရင်နှစ်ကတည်းက မကစားနိုင်ခဲ့တဲ့ ကစားသမားတွေကို ဆွဲထည့်ပြီး ကစားခိုင်းခဲ့ရတာမျိုးလည်း ရှိခဲ့ပါတယ်။

ဩစတြေးလျအသင်းဟာ နိုင်ဂျီးရီးယားအသင်းထက် အဆင့် ကွာနေတာတွေ၊ ဩစတြေးလျမှာ ကန်တဲ့ပွဲလည်း ဖြစ်သလို ကစားတဲ့အခါမှာလည်း ခြေသာတဲ့အတွက် နိုင်ဂျီးရီးယားကို နိုင်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ရှုံးနိမ့်သွားခဲ့ရပါတယ်။ အခုဆိုရင် အုပ်စုဘီမှာ အိုင်ယာလန်အသင်းက နံပါတ် ၄၊ ဩစတြေးလျက အမှတ် ၃ မှတ်နဲ့ နံပါတ် ၃ မှာ ရှိနေပြီး ကနေဒါနဲ့ နိုင်ဂျီးရီးယားတို့က ၄ မှတ် ကိုယ်စီနဲ့ ရှေ့ပြေးနေပါတယ်။

အဲဒါကြောင့် ဇူလိုင်လ ၃၁ ရက်ကြရင် ကနေဒါအသင်းနဲ့ ကန်တဲ့ ပွဲမှာ အနိုင်ရမှသာလျင် နောက်တဆင့်ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။ ကနေဒါအသင်းဟာ ကမ္ဘာ့အဆင့် ၇ မှာ ရှိနေတဲ့အတွက် ဩစတြေးလျထက် ရှေ့ပြေးနေတဲ့ အသင်း ဖြစ်ပါတယ်။ ကနေဒါနဲ့ ကန်တဲ့ ပွဲမှာ ရှုံးနိမ့်ရင်တော့ မာထေးလ်ဒါစ်အတွက် စိတ်မချမ်းမြေ့စရာတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အလယ်တန်း ကစားသမား Katrina Goory က သူတို့အသင်းအနေနဲ့ အကောင်းပဲ မြင်တယ်လို့ ပြောပါတယ်။

ပြန်လည်ပြီး အားမွေးကြရမှာ ဖြစ်ပါတယ်။ အရင်နှစ်ပွဲ ကန်တုန်းက ရရှိခဲ့တဲ့ အတွေ့အကြုံကောင်းတွေကို အသုံးချရမှာ ဖြစ်ပါတယ်။ ကနေဒါနဲ့ ကန်တဲ့ပွဲက ပွဲကောင်းပါပဲ၊ နှစ်သင်းစလုံးက အနိုင်ရဖို့ လိုအပ်နေပါတယ်၊ ဒီလို ချောင်ပိတ်တဲ့ အခြေအနေမျိုးမှာ ကျမတို့ ကောင်းလေ့ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ မျှော်လင့်ထားသလို ဖြစ်မလာပဲ ရှုံးသွားမယ်ဆိုရင် ဒါဟာ မာထေးလ်ဒါးစ်အတွက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အုပ်စုပွဲမှာပဲ ထွက်ခွာလိုက်ရတဲ့ အခြေအနေ ရောက်သွားမှာ ဖြစ်ပါတယ်။

မဲလ်ဘုန်းမြို့က ဘောလုံး ဝါသနာရှင်နဲ့ ဒိုင်လူကြီးအဖြစ် လုပ်ကိုင်သူ ကိုကင်မ် တို့ရဲ့ သုံးသပ်ချက်ကို မေးြမြန်းထားပါတယ်။ နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now