Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ကမ္ဘ့ာပူနွေးမှုကာလကနေ ကမ္ဘာ့ဆူပွက်မှု အခြေအနေ ဖြစ်သွားပြီလို့ဆို

 Temperatures on Tuesday are expected to reach over 40 degrees in some parts of the New South Wales
Source: Getty / Getty Images

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်ထော်နီ ဂူးထရက်စ်က globing warming ကမ္ဘာ့ပူနွေးတဲ့ ကာလဟာ ပြီးဆုံးသွားပြီး global boiling ကမ္ဘာ ဆူပွက်တဲ့ ကာလကို ရောက်ရှိသွားပြီလို့ ပြောဆိုလိုက်ပါတယ်။


Published

By Allan Lee

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်ထော်နီ ဂူးထရက်စ်က globing warming ကမ္ဘာ့ပူနွေးတဲ့ ကာလဟာ ပြီးဆုံးသွားပြီး global boiling ကမ္ဘာ ဆူပွက်တဲ့ ကာလကို ရောက်ရှိသွားပြီလို့ ပြောဆိုလိုက်ပါတယ်။


ဩစတြေးလျနိုင်ငံဟာ တောမီးလောင်မှုနဲ့ မစိမ်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ နွေရာသီတုန်းက ဖြစ်ခဲ့တဲ့ တောမီးလောင်မှုကို Black Summer လို့ တင်ထားခေါ်ဝေါ်ကြပြီး အဲဒီတုန်းက စတုရန်း ကီလိုမီတာ နှစ်သိန်းခွဲလောက် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့လို့ ကမ္ဘာ့သတင်းမီဒီယာတွေရဲ့ ထိပ်ပိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။

မြေဟက်တာပေါင်း ၂၄ သန်း ဒါမှမဟုတ် ဧကပေါင်း သန်း ၆၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အလုံးပေါင်း ၃၀၀၀ ကျော် ပါသွားပြီး လူ ၃၄ ဦး သေဆုံးခဲ့ရပါတယ်။

ဒီနှစ် ကမ္ဘာ့မြောက်ပိုင်းဖက် နွေရာသီမှာလည်း အပူတွေ ပြင်းထန်တဲ့အတွက် မြောက်အမေရိကား၊ ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာလည်း မီးလောင်မှုကြီးတွေ ဖြစ်ပေါ်နေပါတယ်။

အရင်တုန်းကဆိုရင် ဒီလိုမျိုးတွေ နှစ် ၅၀ မှာ တစ်ကြိမ်လောက်ပဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အခုဆိုရင် greenhouse gas တွေ လေထုမှာ ပိုများလာလို့ ကမ္ဘာ့မျက်နှာပြင်ရဲ့ အပူချိန်ကို အပြောင်းအလဲ ဖြစ်စေလာတဲ့အတွက် အခုလို ပြင်းထန်တဲ့ ရာသီဥတု ဖြစ်စဥ်တွေကို မကြာခဏ ပိုကြုံလာနေရတာ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now