SKIP TO MAIN CONTENT

ဥတုရာသီဆိုင်ရာ ကောင်စီက ဩစတြေးလျမှာ လွန်ကဲတဲ့ ရာသီဥတုဖြစ်စဥ်တွေ ဆက်လက် ဖြစ်မယ်လို့ သတိပေး

Storm over Sydney
Storm over Sydney Credit: Andrew Merry

၂၀၂၂ ခုနှစ်နှစ်ဟာ အင်မတန် မိုးများ ရေကြီးတဲ့နှစ်လို့ လူတွေအမှတ်ရနေကြမယ့်နှစ် ဖြစ်တယ်လို့ ဥတုရာသီပြောင်းလဲရေးဆိုင်ရာ ကောင်စီ Climate Council က ပြောဆိုလိုက်ပြီး ဒီလို လွန်ကဲတဲ့ ရာသီဥတုဖြစ်စဥ်က မပြီးဆုံးသေးဘူးလို့လည်း သတိပေးလိုက်ပါတယ်။


Published

Updated

By Tanya Dendrinos

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

၂၀၂၂ ခုနှစ်နှစ်ဟာ အင်မတန် မိုးများ ရေကြီးတဲ့နှစ်လို့ လူတွေအမှတ်ရနေကြမယ့်နှစ် ဖြစ်တယ်လို့ ဥတုရာသီပြောင်းလဲရေးဆိုင်ရာ ကောင်စီ Climate Council က ပြောဆိုလိုက်ပြီး ဒီလို လွန်ကဲတဲ့ ရာသီဥတုဖြစ်စဥ်က မပြီးဆုံးသေးဘူးလို့လည်း သတိပေးလိုက်ပါတယ်။


တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဩစတြေးလျနိုင်ငံမှာ ကျောက်မီးသွေး ရေနံ စတဲ့ စွမ်းအင်အသုံးပြုမှုကနေ ညစ်ညမ်းကာဗွန်ထုတ်နေတာတွေကို လျှော့ချပြီး renewables energy လို့ ခေါ်တဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေကို အသုံးပြုဖို့ လိုတယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံဟာ လွန်ကဲမှု ပြင်းထန်တဲ့ တိုက်ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်မှာ ရာသီဥတုဆိုင်ရာ ကောင်စီက သူတို့ရဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီး လွန်ကဲတဲ့ရာသီဥတုဒဏ်ကြောင့် ကုန်ကျစရိတ်တွေကို ချပြထားပါတယ်။

လူတစ်ဦးတစ်ယောက်ခြင်းစီ နဲ့ လူမှုအသိုင်းအဝိုင်းအများအပြားဟာ နောက်ဆုံး ဖြစ်ခဲ့တဲ့ ရေကြီးမှုကြောင့် ကျန်ခဲ့တာတွေကို ရှင်းလင်းနေကြတုန်းမှာပဲ နောက်တစ်ကြိမ် ရေကြီးမှုဒဏ် ထပ်ကြုံရတာ ဖြစ်ပါတယ်။ ဒီလို ရေကြီးမှုနဲ့ ရေကြီးမှုဖြစ်စေတဲ့ မိုးသည်းထန်မှုတွေဟာ ရာသီဥတုပြောင်းလဲမှု ပြဿနာကြောင့် ဖြစ်ရတာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုတွေဟာ ကျောက်ဖြစ်ရုပ်ကြွင်းကထွက်တဲ့ လောင်စာဆီ အသုံးပြုမှု များပြားတဲ့အတွက် ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

သူတို့အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ရေကြီးမှုကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေး ထိခိုက်မှုအများဆုံး ဖြစ်ရတယ်လို့ သိရပြီး ၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်ရဲ့ စီးပွားရေး ၂၉% ထိခိုက်နစ်နာရပြီး ဒုတိယ အများဆုံး ထိခိုက်နစ်နာမှု ဖြစ်စေတဲ့အရာတွေကတော့ ဆိုင်ကလုန်းမုန်တိုင်းနဲ့ မိုးခေါင်ရေရှားမှုတို့ ဖြစ်ကြပါတယ်။

ပြည်နယ်အလိုက် ဆုံးရှုံးမှုတွေကို ဖော်ပြထားပြီး ၁၉၇၀ ကနေ ၂၀၁၉ ခုနှစ်အတွင်း ကွင်းစလန်းပြည်နယ်မှာ သဘာဝဘေးဒဏ်ကြောင့် ဒေါ်လာ ၃၀ ဘီလီယံ ထိခိုက်နစ်နာရတယ်လို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလနဲ့ မတ်လမှာ ဖြစ်ခဲ့တဲ့ မိုးသည်းထန်မှုနဲ့ ရေကြီးမှုကနေ ဒေါ်လာ ၇.၇ ဘီလီယံ ထိခိုက်နစ်နာမှု ဖြစ်ခဲ့ရပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now