SKIP TO MAIN CONTENT

စိုက်ပျိုးရေးဗီဇာအစီအစဉ်အရ မြန်မာအပါအဝင် အာရှတိုက်က အလုပ်သမားခေါ်ယူမယ့် ကိစ္စမှာ စိုးရိမ်မကင်းမှုတွေရှိ

Strawberry packing in Chambers Flat in Queensland.
Both sides of politics agree workforce issues are among the agriculture sector's most pressing. (AAP) Source: AAP

သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး နယ်စပ်ပိတ်ချရတာတွေကြောင့် လုပ်ငန်းတချို့ ထိခိုက်နစ်နာနေရပြီး အဲဒီအထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အဓိက ပါဝင်ပါတယ်။


Published

Source: SBS


Skip to podcast episode content

သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး နယ်စပ်ပိတ်ချရတာတွေကြောင့် လုပ်ငန်းတချို့ ထိခိုက်နစ်နာနေရပြီး အဲဒီအထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အဓိက ပါဝင်ပါတယ်။


ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကြရပေမယ့် လိုအပ်တဲ့ အလုပ်သမားတွေ မရနိုင်လို့ ပြည်ပက အလုပ်သမားတွေကို ခေါ်ယူဖို့ စိုက်ပျိုးရေး ဗီဇာအသစ်တစ်မျိုးကို အစိုးရက အောက်တိုဘာလက စတင်ချမှတ်ခဲ့ပါတယ်။

အရင်တုန်းက ပစိဖိတ်ဒေသက ရာသီအလိုက် အလုပ်သမားတွေကို ခေါ်ယူတာမျိုးလုပ်ပေမယ့် ဒီတစ်ခါမှာတော့ ပစိဖိတ်ဒေသက အလုပ်သမားတွေအပြင် မြန်မာအပြင် အရှေ့တောင်အာရှ နိုင်ငံက အလုပ်သမားတွေကိုပါ ခေါ်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံက အလုပ်သမားတွေကို သြစတြေးလျ စိုက်ပျိုးမွေးမြူရေးခြံတွေမှာ ခေါ်ယူရင် အလုပ်လုပ်ချင်စိတ်ရှိနေတဲ့ ပစိဖိတ် အလုပ်သမားတွေအပေါ် ထိခိုက်နစ်နာမှု ဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

အခုလောလောဆယ် သြစတြေးလျ အစိုးရက အရှေ့တောင်အာရှနိုင်ငံက အစိုးရတွေနဲ့ စိုက်ပျိုးရေးဗီဇာအသစ် agriculture visa အကြောင်း ဆွေးနွေးပေမယ့် အခုလောလောဆယ် သဘောတူညီမှု မရနိုင်သေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြည်တွင်းစစ်နဲ့ မတည်ငြိမ်မှုတွေကြောင့် အလုပ်သမားခေါ်ယူရေးကိစ္စ ဆွေးနွေးနိုင်ခြင်း ရှိမရှိလည်း မသိရသေးပေမယ့် အခုလောလောဆယ် ဘယ်နိုင်ငံ အစိုးရနဲ့မှ နှစ်နိုင်ငံ အစိုးရအဆင့် သဘောတူညီမှု မရသေးဘူးလို့ သိရပါတယ်။

သြစတြေးလျ အစိုးရကတော့ အဲဒီဗီဇာနဲ့ အရှေ့တောင်အာရှက အလုပ်သမားတွေ မကြာခင် ရောက်လာမယ်လို့ မျှော်လင့်နေပေမယ့် တချို့လူတွေကတော့ အရှေ့တောင်အာရှက အလုပ်သမားအသစ်တွေကို လိုကော လိုအပ်ရဲ့လားလို့ မေးခွန်းထုတ်နေကြပါတယ်။

အရှေ့တောင်အာရှက အလုပ်သမားတွေ ရောက်လာရင် ပစိဖိတ်ဒေသက အလုပ်သမားတွေအပေါ် ဘယ်လို သက်ရောက်မလဲ ဆိုပြီးတော့လည်း မေးခွန်းမေးနေကြပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now