အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် က သူမ၏အစောပိုင်း ဘဝတွေ အကြောင်း ဆွေးနွေး ပြောကြား ထားပါတယ်။
၁၉၉၈ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာရန် အာဏာသိမ်း စစ်အုပ်စုကို တောင်းဆိုသည့် ကဗျာနှင့် ကြေငြာချက် ဖတ်ရှုခြင်းအတွက် သူမအား ဖမ်းဆီးခြင်း ခံခဲ့ရသည်။
သူမအား စစ်ခုံရုံးတွင် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသည်။ သူမသည် နိုင်ငံရေး အကျဉ်းသားအဖြစ် ၁၁ နှစ်ကြာ နေထိုင်ခဲ့ပြီး ကိုးနှစ်နီးပါး တိုက်ပိတ် အကျဉ်း ကျခံခဲ့ရသည်။
အင်းစိန်ထောင်နှင့် မန္တလေးထောင်တွင် ၁၁ နှစ်ကြာနေထိုင်ပြီးနောက် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။






