စစ်ဘေးရှောင်ဆိုတဲ့ ဝေါဟာရဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအတွက်ဆိုရင် သိပ်ထူးခြားလှတဲ့ စကားလုံး မဟုတ်တော့ပါဘူး။
လေယာဉ်သံတွေ၊ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေကြားမှာပဲ အသက်အန္တရာယ်လွတ်ဖို့အရေး ထွက်ပြေးနေကြတာပါ။
အဲဒီလိုအခြေအနေကို ကလေးသူငယ်၊ လူငယ်လူရွယ်တွေကအစ အသက်အရွယ်ကြီးမြင့်သူတွေအပြင် ထိခိုက်လွယ်အုပ်စုဖြစ်တဲ့ မသန်စွမ်းသူကပါ တွေ့ကြုံခံစားနေကြရတာပါ။
Share






