အသက်ပြည့်သူတိုင်း ဘာကြောင့် သေတမ်းစာ ရှိထားသင့်သလဲ

Mature mean working at home.

Mature man working at home. He has a laptop and is writing on a document at the table. He could be a businessman at his home office, or a mature age student. Source: Getty / courtneyk/Getty Images

နှစ်သစ်ကူး ပိတ်ရက်တွေမှာ ခေတ္တ အချိန်ယူပြီး သေတမ်းစာ ရေးထားကြဖို့ ရှေ့နေတွေက ပြောပါတယ်။


ဩစတြေးလျနိုင်ငံက လူဦးရေ တဝက်ကျော်ဟာ သတမ်းစာ မထားကြတကို သိရပြီး ကွျမ်းကျင်သူတွေကတော့ အသက် ၁၈ နှစ် ပြည့်သူတိုင်း သေတမ်းစာ ထားရှိသင့်တယ်လို့ ပြောပါတယ်။

မိမိမှာ ပိုင်ဆိုင်မှု နည်းပါးရင်တောင် ထားရှိသင့်တယ်လို့ ပြောပါတယ်။

သေတမ်းစာဆိုတာ မိမိ ကွယ်လွန်သွားတဲ့အခါမှာ မိမိရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို ဘယ်လို ရစေချင်တာ ဘာလုပ်စေချင်တယ်ဆိုတာကို ဖော်ပြတဲ့ တရားဝင်စာရွက် စာတမ်း ဖြစ်ပါတယ်။

သေတမ်းစာမရှိပဲ သေဆုံးသွားရင် မိမိရဲ့ ပိုင်ဆိုင်မှု အများအပြားကို အစိုးရအေဂျင်စီတွေက ယူနိုင်သလို ကျန်ရစ်သူ မိသားစုအတွင်း ငြင်းခုန်မှုတွေလည်း ဖြစ်စေနိုင်ပါတယ်။

Willed လို့ခေါ်တဲ့ အွန်လိုင်းပေါ်မှာ သေတမ်းစာဝန်ဆောင်မှုပေးတဲ့အဖွဲ့ရဲ့ စီအီးအို Aaron Zelman ရဲ့ အဆိုအရ ဩစတြေးလျနိုင်ငံက အသက်ပြည့်သူ တဝက်နီးပါးမှာ သေတမ်းစာ မရှိကြဘူးဆိုတာကို အချက်အလက်တွေအရ သိရပြီး ဒါဟာ နေ့စဥ်သေဆုံးမှုဖြစ်နေပေမယ့် သေတမ်းစာတွေ မထားကြတဲ့သဘောဖြစ်သလို သူတို့ရဲ့ သေတမ်းစာ ရှာမတွေ့လို့ သူတို့ ကွယ်လွန်တဲ့အခါ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ခွဲဝေကြဖို့ မိသားစုတွေ တရားရုံးတက်ရတာမျိုး ဖြစ်နေရတယ်လို့ ပြောပါတယ်။

အဲဒီလို အခြေအနေတွေမှာ မသေခြာ မရေရာမှု များပြားသလို စိတ်ပူပန်သောကမှုတွေလည်း အများအပြား ဖြစ်စေနိုင်ပြီး နှောင့်နှေးမှုတွေနဲ့ ဒီကိစ္စကို တရားရုံးမှာ ဖြေရှင်းဖို့ ငွေကုန်ကြေးကျခံပြီး လုပ်ဆောင်ရတဲ့အတွက် အကုန်အကျလည်း များနိုင်ပါတယ်။

သေတမ်းစာသာ ရှိရင် အဲလို အရာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

အသက်ရလာတာနဲ့အမျှ သေတမ်းစာ ထားရှိဖို့က အရေးကြီးလာတယ်လို့ ရှေ့နေဖြစ်သူ Brendan Rothschild က ပြောပါတယ်။

လူတိုင်းလူတိုင်းမှာ သေတမ်းစာ ထားရှိသင့်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ သေတမ်းစာ ထားရှိဖို့က ပိုအရေးကြီးပြီး ပိုလည်း အကျိုးကျေးဇူးများပြားနိုင်တယ်လို့ ပြောပါတယ်။

သေတမ်းစာဆိုတာ မိမိအတွက် ဖြစ်သလို မိမိရဲ့ မိသားစုဝင်တွေအတွက်လည်း ဖြစ်ပါတယ်။ ကိုယ်က ကွယ်လွန်သွားပြီဖြစ်လို့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေက အရေးမကြီးတော့ပေမယ့် ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို ဘယ်လို ဖြစ်စေချင်သလဲ ဘယ်သူတွေကို ရစေချင်သလဲလို့ ရေးထားရင် ကျန်ရစ်သူတွေအတွက် ပြဿနာ နည်းစေနိုင်ပါတယ်။

ပိုင်ဆိုင်မှုလို့ ဆိုရာမှာ အိမ်၊ ကား၊ လက်ဝတ်ရတနာ၊ အနုပညာဆိုင်ရာ ပစ္စည်း (ဥပမာ ပန်းချီကား)၊ နဲ့ ဘဏ်အတွင်းမှာ ရှိတဲ့ မိမိရဲ့ ငွေကြေးတွေ ပါဝင်ပါတယ်။

မိမိမှာ အကြွေးတွေ ရှိရင် ဥပမာ အိမ်အကြွေးတွေ၊ ခရက်ဒစ်ကဒ် အကြွေးတွေ ရှိနေရင် အဲဒါတွေကို ဆပ်ဖို့လည်း လိုအပ်ပြီး ကျန်ရှိတဲ့ ပိုင်ဆိုင်မှုတွေကို မိသားစုဝင်တွက ရရှိမှာ ဖြစ်ပါတယ်။

သေတမ်းစာထဲမှာ သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လို မျှဝေ ခွဲယူကြတာကို လိုလားတဲ့အကြောင်းနဲ့ မိမိရဲ့ သား၊ သမီးတွေ ငယ်နေသေးရင် ဘယ်သူ့ကို စောင့်ရှောက်စေလိုတဲ့အကြောင်း၊ ပိုင်ဆိုင်မှုတွေထဲက ဘယ်လောက်ကိုဖြစ် အလှူအတွက် ဖယ်ထားလိုတဲ့အကြောင်းနဲ့ မိမိရဲ့ အသုဘကို ဘယ်လို ဘယ်ပုံဖြစ်စေချင်တဲ့အကြောင်းတွေကိုပါ ရေးထည့်ထားနိုင်ပါတယ်။

သေဆမ်းစာ မရှိပဲ သေဆုံးသွားတဲ့အခါ 'intestate' လို့ခေါ်ပြီး ငွေရေးကြေးရေး ဝန်ဆောင်မှုအဖွဲ့ The Australian Securities and Investments Commission [[ASIC]] ရဲ့ အဆိုအရ ဩစတြေးလျနိုင်ငံက လူတဝက်နီးပါးဟာ intestate သေတမ်းစာ မရှိပဲ ကွယ်လွန်သွားကြတယ်လို့ ပြောပါတယ်။

အဲလို အခြေအနေမျိုးမှာ အစိုးရ အေဂျင်စီတွေကနေ မိမိရဲ့ ပိုင်ဆိုင်မှု ၃၀% အထိ ရယူနိုင်ပါတယ်။

Brendan Rothschild ရဲ့ အဆိုအရ သေတမ်းစာ ရေးဖို့အတွက် ငွေကြေးကုန်ကျစရာမလိုသလို အဖိုးအခပေးရရင်တောင် ဒေါ်လာ ရာနဲ့ချီ ပေးစရာမလိုဘူးလို့ ပြောပါတယ်။

လက်ကိုင်ပုဝါမှာ ရေးထားတဲ့ မိမိရဲ့ သေတမ်းစာဟာလည်း သေတမ်းစာအဖြစ် သတ်မှတ်နိုင်ပါတယ်။ အဲဒီတော့ လူတိုငလူတိုင်းက မိမိရဲ့ သေတမ်းစာကို ရေးနိုင်တဲ့အတွက် ရှေ့နေတွေ မလိုအပ်ပါဘူး။ ဒါပေမယ့် ရှေ့နေတွေက သေတမ်းစာ ရေးရာမှာ အကူအညီပေးနိုင်သလို ရှေ့နေတွေနဲ့ လုပ်ရင် မိမိရဲ့ ေသတမ်းစာကို မလွဲမသေလိုက်နာရမယ့်အနေအထားမျိုး ရှိတဲ့အတွက် တချို့က ရှေ့နေတွေနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

ရှေ့နေနဲ့ မလုပ်ချင်ရင်လည် 'public trustee' ဒါမှမဟုတ် statutory authority တွေနဲ့ သေတမ်းစာကို ပြင်ဆင်ထားနိုင်ပါတယ်။

အသက် ၆၀ ကျော်သူတွေကနေ သေတမ်းစာအတွက် public trustee ကို ချဥ်းကပ်ရင် အဖိုးအခ ပေးစရာမလိုပါဘူး။ သူတို့ကို executor အနေနဲ့ အသုံးပြုလို့လည်း ရပါတယ်။

Executor ဆိုတာ မိမိရဲ့ သေတမ်းစာနဲ့ ပတ်သက်လာရင် ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးတဲ့သူ ဒါမှမဟုတ် ဆောင်ရွက်ပေးမယ့် ဌာန ဖြစ်ပါတယ်။

အကြမ်းဖျဥ်း ပြင်ဆင်ရေးသားပေးထားတဲ့ သေတမ်းစာ kit တွေကို အွန်လိုင်းမှာ ဝယ်ယူနိုင်သလို မိမိဖာသာလည်း ရေးထားနိုင်ပါတယ်။

အဲဒီနည်းလမ်းကို ရွေးချယ်မယ်ဆိုရင်တော့ ASIC က ပြင်ဆင်ထားတာတွေ မှန်မမှန် တရားဝင်မဝင် ရှေ့နေတဦးဦး ဒါမှမဟုတ် Public Trustee ရဲ့ အကြံဥာဏ်ရယူနိုင်တယ်လို့ ပြောပါတယ်။

မိမိရဲ့ သေတမ်းစာကို လုံခြုံတဲ့နေရာမှာ ထားပြီး မိမိယုံကြည်စိတ်ချရသူကို ဘယ်နားထားတဲ့အကြောင်းလည်း အသိပေးနိုင်ပါတယ်။

မိမိရဲ့ ကိုယ်စားဆောင်ရွက်ပေးဖို့ ခွင့်ပြုထားတဲ့ powers of attorney တွေလည်း ထားရှိနိုင်ပြီး အဲဒီလူက သင့်ကိုယ်စား ဆုံးဖြတ်ချက်တွေ ချပေးနိုင်တာ ဖြစ်ပါတယ်။

အဲလို လူတွေကို အခြေအနေ အချိန်အခါ တစ်ခုအတွက် ထားရှိလေ့ရှိပြီး ဥပမာ မိမိ တခြားနေရာမှာ ရှိနေလို့ ဆုံးဖြတ်ချက်မချနိုင်ရင် ဒါမှမဟုတ် နေထိုင်မကောင်းလို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် မချနိုင်တော့တဲ့အခါမှာ power of attorney ရထားတဲ့ ပုဂ္ဂိုလ်က မိမိကိုယ်စား ဆုံးဖြတ်ပေးမယ့်သူ ဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာအတွက်၊ ငွေရေးကြေးရေးဆိုင်ရာအတွက် စသည်ဖြင့် power of attorney တွေ ပေးထားနိုင်ပါတယ်။

မိမိမှာ သေတမ်းစာ ရှိပြီးသားဖြစ်ပေမယ့် ဘဝမှာ အပြောင်းအလဲတွေ ဖြစ်လာရင် သေတမ်းစာကို ပြန်ပြင်သင့်ရင် ပြင်ရမှာ ဖြစ်ပါတယ်။ ဥပမာ မိမိ အိမ်ထောင်ပြုတဲ့အခါ ဒါမှမဟုတ် ကွာရှင်းပြတ်စဲတဲ့အခါ ဒါမှမဟုတ် ကလေးရသွားတဲ့အခါ၊ မြေးရလို့ မြေးကိုပါ ရစေချင်တာရှိရင် သေတမ်းစာမှာ အသစ်ထည့်သွင်းနိုင်ပါတယ်။

အခုရေးသားချက်ဟာ သေတမ်းစာနဲ့ ပတ်သက်ပြီး အထွေထွဖော်ပြချက်သာဖြစ်ပြီး တရားရေးဆိုင်ရာ အကြံပြုချက်မဟုတ်တဲ့အကြောင်းလည်း အသိပေးလိုပါတယ်။


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now