"မြန်မာပြည် အလွမ်းပြေ" Nostalgia of Burma လို့ ခေါ်တဲ့ ပန်းချီပြပွဲကို မဲလ်ဘုန်းလ်မြို့မှာ ဇွန်လ ၆ ရက်ကနေ စတင်ပြသသွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံက ဆင်းရဲပေမယ့် အနုပညာ မဆင်းရဲတဲ့အတွက် မြန်မာနိုင်ငံ အလွမ်းပြေအနေနဲ့ ဒီပန်းချီပြပွဲကို ပြုလုပ်ရတာဖြစ်တယ်လို့ စီစဥ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာ မိုးဇော်ကိုက ပြောပါတယ်။
ပြပွဲမှာ ဘယ်လို ပန်းချီ အမျိုးအစားတွေ ပြသမလဲ၊ ဘယ်အနုပညာရှင်တွေရဲ့ ပန်းချီတွေကို ပြသသွားမလဲ ဆိုတဲ့အကြောင်းကိုလည်း ရှင်းပြပါတယ်။.
ပန်းချီပြပွဲအပြင် မြန်မာနိုင်ငံက သရုပ်ဆောင်လည်းဖြစ် rapper တစ်ဦးလည်းဖြစ်တဲ့ ဒါရိုက်တာ ရဲနောင် က သူကိုယ်တိုင် ရိုက်ကူးပါဝင်ထားတဲ့ Drowning in the dream "အိပ်မက်ထဲ နစ်မြောခြင်း" ဆိုတဲ့ ဇာတ်လမ်းတို ရုပ်ရှင်ကိုလည်း ပြသဖို့ ရှိတယ်လို့ ပြောပါတယ်။
နားဆင်နိုင်ပါပြီ။






