SKIP TO MAIN CONTENT

လုပ်ငန်းခွင်နဲ့ သင့်ရဲ့ ဝတ်စားဆင်ယင်မှု အခွင့်အရေးများ

Job Interview
Workplace dress Credit: By David M Tran - Own work, CC BY-SA 3.0

သင့်ရဲ့ အလုပ်ရှင်က သင့်ကို အတင်းအဓမ္မ မိတ်ကပ်လိမ်းဖို့ ပြောဆိုခွင့်ရှိတယ်လို့ ထင်ပါသလား။


Published

Updated

By Rania Yallop

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

သင့်ရဲ့ အလုပ်ရှင်က သင့်ကို အတင်းအဓမ္မ မိတ်ကပ်လိမ်းဖို့ ပြောဆိုခွင့်ရှိတယ်လို့ ထင်ပါသလား။


မိမိအနေနဲ့ အလုပ်သွားတဲ့အခါ ဘယ်လို ရုပ်သွင်ပြင် အနေအထားရှိနေရမယ်ဆိုတာကို အလုပ်ရှင်က ပြောဆိုခွင့် ရှိမရှိကို သင့်အနေနဲ့ သိထားပါသလား။

အလုပ်လုပ်တဲ့အခါမှာ ဘယ်အလုပ်မဆို အနည်းနဲ့အများ dress code ဝတ်စားဆင်ယင်သင့်တဲ့ သတ်မှတ်ချက်တွေ ရှိတတ်ကြပြီး တချို့က ယူနီဖောင်းဝတ်ရတာတွေ တချို့ကတော့ အနည်းဆုံး ဘယ်လို အနေအထားမျိုး ဝတ်သင့်တယ်ဆိုပြီး အလုပ်ရှင်ဖက်က မျှော်လင့်ထားတာမျိုး ရှိပါတယ်။

တချို့နေရာကတော့ ပိုမို တင်းကြပ်တတ်ပြီး မိတ်ကပ် မဖြစ်မနေ လိမ်းရမယ်၊ ဒါမှမဟုတ် တတ်တူးမထိုးထားရဘူး၊ အမျိုးသမီးမဟုတ်တဲ့လူတွေ နားကပ်မဖောက်ရဘူး၊ နားကပ်ကလွဲရင် တခြားနေရာမှာ piercings ဟိုဖောက်ဒီဆွဲ မလုပ်ရဘူးဆိုပြီး သတ်မှတ်ထားတာမျိုး ရှိနိုင်ပါတယ်။

အလုပ်ရှင်ဖက်ကနေ သင့်တင့်တဲ့ ညွှန်ကြားချက်၊ ဥပဒေဘောင်ဝင်တဲ့ ညွှန်ကြားချက်မျိုး ချမှတ်ခွင့်ရှိပါတယ်။

ဒါ့အပြင် အလုပ်ရှင်ဖက်ကနေ အလုပ်သမားတွေကို အကာအကွယ်ပေးနိုင်တဲ့ အရာတွေကို ဝတ်ဆင်စေတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဥပမာ ညပ်ဖိနပ် စီးခွင့်မရှိပဲ ဘောဖိနပ်တွေ ဝတ်ခိုင်းတာမျိုး၊ ဦးထုတ်မာကို ဆောင်းခိုင်းတာမျိုး၊ လက်အိတ်စွတ်ရမယ်လို့ သတ်မှတ်တာမျိုး လုပ်ပိုင်ခွင့်ရှိပါတယ်။

 ခွဲခြားမှုဆိုင်ရာ ဥပဒေကို မထိခိုက်သ၍ အလုပ်ရှင်ဖက်က သတ်မှတ်ခွင့်ရှိတယ်လို့ ပြောပါတယ်။

အလုပ်ရှင်ဖက်ကနေ ကျား၊ မ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး သတ်မှတ်မှု လုပ်ချင်ရင်တော့ သေချာ ဂရုစိုက်ပြီးမှ သတ်မှတ်ချက်တွေ ချမှတ်သင့်ပါတယ်။

ယူကေနိုင်ငံမှာ ဖြစ်သွားတာကို သတိထားမိကြမယ်ထင်မယ်။ ဧည့်ကြိုကောင်တာမှာ အလုပ်လုပ်တဲ့ အမျိုးသမီးဟာ ဒေါက်ဖိနပ်မစီးလို့ အိမ်ပြန်လိုက်ရတယ်ဆိုတာမျိုးကြတော့ အဓိပ္ပာယ်မရှိပါဘူး အဲလို လုပ်ဆောင်ချက်ဟာ ကျား မ ခွဲခြားရာ ရောက်သွားတဲ့အတွက် အလုပ်ရှင်အတွက် ပြဿနာ ဖြစ်လာနိုင်တဲ့ သတ်မှတ်ချက်မျိုး ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီတော့ အလုပ်ရှင်ဖက်ကနေ မိတ်ကပ်တွေ လိမ်းဖို့ ပြောဆိုပိုင်ခွင့်ရှိပါသလား။

အဲဒီမေးခွန်းကို ဖြေဆိုရမယ်ဆိုရင် ဥပရေးရာ မေးခွန်းအများအပြားလိုပဲ သူကလည်း ရှုတ်ထွေးပြီး အဖြူအမည်း သဲသဲကွဲကွဲ အဖြေပေးလို့ မရတဲ့ မေးခွန်းမျိုး ဖြစ်ပါတယ်။

အကယ်၍ အမျိုးသမီး အလုပ်သမားတွေကိုပဲ မိတ်ကပ်လိမ်းရမယ်လို့ သတ်မှတ်ရင် ပြဿနာရှိလာနိုင်ပါတယ်။

ဒါပေမဲ့ လုပ်ကိုင်ရတဲ့ အလုပ်အကိုင်အနေအထားနဲ့ လုပ်ငန်းအပေါ် မူတည်ပြီး သတ်မှတ်နိုင်ပါတယ်။ ဥပမာ မိတ်ကပ်ရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်ရင်တော့ အဲဒီ သတ်မှတ်ချက်မျိုးကို သတ်မှတ်နိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now