မတူကွဲပြားစွာနဲ့ နှစ်ပေါင်းများစွာ အတူတကွနေထိုင်ခဲ့ကြတဲ့ လူမျိုးစုအချင်းချင်းကြားမှာလည်း စိတ်ဝမ်းကွဲစေတဲ့လုပ်ရပ်တွေကို ပုံစံအမျိုးမျိုးနဲ့ ရုပ်လုံးဖော်ခဲ့ကြတာပါ။
နွေဦးတော်လှန်ရေးခရီးလမ်း ၂ နှစ်ကျော်ကြာလာတဲ့အချိန်မှာတော့ စစ်ကောင်စီဟာ ပအိုဝ်းနဲ့ကရင်နီလူမျိုးစုကြား လူမျိုးရေးပဋိပက္ခဖြစ်စေတဲ့ လုပ်ရပ်ကို ပြုလုပ်လာခဲ့ပါတယ်။