SKIP TO MAIN CONTENT

ဩစီမှာ ကားမတော်တဆဖြစ်ရင် သိသင့်တဲ့အရာများ

Car Crash.jpg

ကားမတော်တဆတိုက်မှု ဖြစ်ပြီး ကားမတော်တမှုက သေးငယ်ပြီး လူတွေ ဒဏ်ရာမရရင်တောင် စိတ်အနှောင့်အယှက် ဖြစ်ရနိုင်ပါတယ်။ ဩစတြေးလျမှာ သေးငယ်တဲ့ ကားမတော်တဆမှုပဲ ဖြစ်ဖြစ် ကြီးမားတဲ့ မတော်တဆမှုနဲ့ပဲ ကြုံကြုံ ဘာတွေ လုပ်သင့်သလဲ ဆိုတာကို လမ်းညွန်ပြမှာ ဖြစ်ပါတယ်။


Published

Updated

By Claudianna Blanco

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

ကားမတော်တဆတိုက်မှု ဖြစ်ပြီး ကားမတော်တမှုက သေးငယ်ပြီး လူတွေ ဒဏ်ရာမရရင်တောင် စိတ်အနှောင့်အယှက် ဖြစ်ရနိုင်ပါတယ်။ ဩစတြေးလျမှာ သေးငယ်တဲ့ ကားမတော်တဆမှုပဲ ဖြစ်ဖြစ် ကြီးမားတဲ့ မတော်တဆမှုနဲ့ပဲ ကြုံကြုံ ဘာတွေ လုပ်သင့်သလဲ ဆိုတာကို လမ်းညွန်ပြမှာ ဖြစ်ပါတယ်။


ကားမတော်တဆမှု ဖြစ်တဲ့အခါ ဘယ်လို အကူညီ ရယူနိုင်သလဲ၊ ကားတိုက်မှုအတွင်း မိမိရဲ့ အမှားဖြစ်နေတာတောင် မိမိမှာ ဘာအခွင့်အရေးတွေ ရှိသလဲဆိုတာတွေကို လေ့လာရမှာပါ။

ဩစတြေးလျနိုင်ငံမှာ ကားမတော်တဆမှုဖြစ်ပြီး ရပ်တန့်မှုလုပ်ဖို့ ပျက်ကွက်ရင် ပြစ်မှုမြောက်နိုင်ပါတယ်။ ကားမတော်တဆမှု ကြုံရပြီဆိုတာနဲ့ ကားကို ရပ်ပြီး မတော်တဆမှုမှာ ပါဝင်သူတွေအားလုံး ဘေးကင်းမှုရှိမရှိ၊ ပါဝင်သူတွေထဲက တစ်ဦးဦး အရေးပေါ် ကျန်းမာရေးဆိုင်ရာ အကူအညီ လိုအပ်မှု ရှိမရှိ ဆိုတာကို သေခြာစွာ အရင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ နယူးဆောက်သ်ဝေးလ်ပြည်နယ်က Traffic and Highway Patrol Command တပ်ကြပ်ကြီး Scott Stafford က ပြောပါတယ်။

မတော်တဆမှုအတွင်း တစ်ယောက်ယောက်က ဒဏ်ရာ ရရှိသွားရင် သုံည သုံးလုံးကို ချက်ခြင်း ဖုန်းဆက် အကူအညီတောင်းရမှာဖြစ်ပြီး လိုအပ်ရင် ရှေးဦးသူနာပြုစုမှုလည်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ 

ကြီးမားတဲ့ ကားတိုက်မှုဆိုရင်တော့ အရေးပေါ် ဌာနကလူတွေကနေ ရဲနဲ့ လူနာတင်ယာဥ်လို တခြား သင့်တော်ရာ ဝန်ဆောင်မှု ဌာနတွေကို ကားမတော်တဆမှု ဖြစ်နေတဲ့ နေရာဆီ သွားဖို့ ပြောဆိုမှာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

ကားမတော်တဆတိုက်မှု ကြီးကြီးမားမား မဟုတ်ရင်တော့ သက်ဆိုင်သူတွေ အချင်းချင်းကြားမှာသာ ကိုယ့်ရဲ့ အချက်အလက်တွေကို ဖလှယ်ပြီး ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ အဲဒီလို မတော်တဆမှုမှာ ရဲတွေ ပါဝင်လာစရာမလိုပါဘူး။ ကားက ဆက်မောင်းလို့ ရနေသေးရင် လုံခြုံဘေးကင်းနဲ့ နေရာအထိ ကားကို မောင်းသွားပြီးမှ တဖက်လူနဲ့ အချက်အလက်မျှဝေပြီး ပြောဆိုတာမျိုး လုပ်သင့်တယ်လို့ တပ်ကြပ်ကြီး စတန်းဖော့ဒ်က ပြောပါတယ်။

အပြည့်အစုံကို နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now