ဒီနှစ်မှာတော့ ကက်သလစ် ဘာသာဝင်တွေကလည်း ကမ္ဘာ့လူငယ်များနေ့ကို ပေါ်တူကီနိုင်ငံ လစ်စဘွန်းမြို့မှာ ကျင်းပတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ကမ္ဘာတခွင်က လူငယ် ၁.၅ သန်းနဲ့ ဘုန်းတော်ကြီး အပါး သောင်းနဲ့ချီ၊ ဆရာတော် ရာနဲ့ချီလည်း တက်ရောက်ခဲ့ကြပါတယ်။
အဲဒီလူငယ်များနေ့ အခန်းအနားကို တက်ရောက်ပါဝင်ခဲ့တဲ့ ဘုန်းတော်ကြီး ဂျူ့ဒ် အဲလ်ဘတ်တ်ဂျွန်ဆန် (Jude Albert Johnson) က ဒီတစ်ချီမှာ လူငယ် ၁.၅ သန်းလောက် ပါဝင်ကြတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခြင်း မရှိတဲ့အကြောင်း လူငယ်တွေအတွက် အရေးကြီးတဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာအကြောင်းတွေ ပြောပြခဲ့ပါတယ်။ Supplied by Jude Albert Johnson