Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

Order of Australia ဆုအတွက် သင်တစ်ယောက်ယောက်ကို အဆိုတင်သွင်းလိုပါသလား

order of australia

သင်နေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ အများအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့လူကို သင်သိပါသလား။ အဲဒီလူက ဘယ်လူမျိုး၊ ဘယ်ဘာသာပဲဖြစ်ဖြစ် ဘာအလုပ်လုပ်ကိုင်သူပဲ ဖြစ်ဖြစ် အဆိုတင်သွင်းနိုင်ပါတယ်။


Published

By Melisa Compagnoni

Presented by Mu Laing Thein

Source: SBS


Share this with family and friends


သင်နေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ အများအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့လူကို သင်သိပါသလား။ အဲဒီလူက ဘယ်လူမျိုး၊ ဘယ်ဘာသာပဲဖြစ်ဖြစ် ဘာအလုပ်လုပ်ကိုင်သူပဲ ဖြစ်ဖြစ် အဆိုတင်သွင်းနိုင်ပါတယ်။


သူတို့ရဲ့ ပရဟိတ စိတ်ဓာတ်ကို အသိအမှတ်ပြုတာမျိုး မြင်ချင်ရင် သူတို့ Order of Australia  ဆုရဖို့အတွက် သူတို့ရဲ့နာမည်ကို အဆိုတင်သွင်းနိုင်ပါတယ်။ 

ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ မိမိတို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွင်းက သူမတူ စွမ်းဆောင်နိုင်စွမ်းရှိသူတွေကို ဘာကြောင့် ဂုဏ်ပြုအသိအမှတ်ပြုဖို့ အရေးကြီးသလဲ ဆိုတဲ့အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

လူမှုအသိုင်းအဝိုင်းထဲက အကျိုးပြုတဲ့ လူတွေကို ကျမတို့ အသိအမှတ်ပြုလေလေ အဲဒီလို ဂုဏ်ဆောင်ပုဂ္ဂိုလ်တွေထဲမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဖြစ်လာလေလေပဲ ဖြစ်ပါတယ်။

Order of Australia ဆိုဟာ ဩစတြေးလျနိုင်ငံရဲ့ ဆုချီးမြင့်ဂုဏ်ပြုတဲ့ စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းအတွင်း အများနဲ့မတူ တမူထူးခြား အကျိုးပြုတဲ့လူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တဲ့ ဆုကြီး တစ်ခု ဖြစ်ပါတယ်။

မိမိအနေနဲ့ မိမိကြိုက်နှစ်သက်ရာလူကို အဆိုတင်သွင်းနိုင်ပြီး မိမိအဆိုပြုတင်သွင်းတဲ့လူကို သီးသန့်လွတ်လပ်တဲ့ Council for the Order of Australia က စိစစ်ပြီး ဘုရင်ခံချုပ်ကို အကြံပြုတာမျိုး ပြုလုပ်တာ ဖြစ်ပါတယ်။

Order of Australia ဆုမှာ အဆင့် ၄ ဆင့် ရှိပါတယ်။  အဲဒီအဆင့်တွေက Companion of the Order (AC), Officer of the Order (AO), Member of the Order (AM) နဲ့ Medal of the Order (OAM) တို့ ဖြစ်ကြပါတယ်။

လူတွေအများဆုံး ရရှိကြတဲ့ ဆုက Medal of the Order လို့ခေါ်တဲ့ OAM ဆု ဖြစ်ပါတယ်။

အဲဒီဆုအတွက် အဆိုတင်သွင်းတဲ့အခါမှာ လုံးဝ သိုသိုဝှက်ဝှက် လုပ်ဆောင်ရတာဖြစ်ပြီး ဆုကို တင်သွင်းချိန်ကနေ ဆုကို ချီးမြင့်ခံရကြောင်း သိရတဲ့အတွက် သိုသိုဝှက်ဝှက် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ကွန်မြူနီတီ ရေဒီယိုအတွက် OAM ဆု ချီးမြင့်ခံရဖူးသူ Tim Thorpe က ပြောပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now