SKIP TO MAIN CONTENT

Medibank အချက်အလက် ခိုးယူခံရသူတွေ ဘယ်လို သိနိုင်သလဲ

medibank
Source: AAP

မကြာခင်တုန်းကပဲ အချက်အလက် ခိုးခံရတဲ့ Medibank မယ်ဒီဘင့် ကျန်းမာရေးအာမခံ ကုမ္ပဏီရဲ့ အချက်အလက်တွေကို ဟက်ကာတွေက ထပ်မံပြီး dark web ပေါ် တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။


Published

Updated

By Biwa Kwan

Source: SBS


Skip to podcast episode content

မကြာခင်တုန်းကပဲ အချက်အလက် ခိုးခံရတဲ့ Medibank မယ်ဒီဘင့် ကျန်းမာရေးအာမခံ ကုမ္ပဏီရဲ့ အချက်အလက်တွေကို ဟက်ကာတွေက ထပ်မံပြီး dark web ပေါ် တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။


ဒီတစ်ချီမှာ တင်လိုက်တဲ့ ကျန်းမာရေးအချက်အလက်တွေထဲမှာ လူတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေအပြင် နှလုံးရောဂါဆိုင်ရာ၊ ကင်ဆာရောဂါ၊ ဆီးချိုဆိုင်ရာနဲ့ ဒီမန်းရှား အကြောင်းလည်း ပါဝင်ဖော်ပြထားတာ ဖြစ်ပါတယ်။

မယ်ဒီဘင့် ကျန်းမာရေးအာမခံ ကုမ္ပဏီအနေနဲ့ အချက်အလက်တွေကို အခိုးခံလိုက်ရတဲ့အကြောင်း အောက်တိုဘာလ ၁၉ ရက်မှာ ကြေညာခဲ့တာဖြစ်ပြီး ဩစတြေးလျနိုင်ငံက လူ ၉.၇ သန်းရဲ့ အချက်အလက်တွေ အခိုးခံလိုက်ရတာလို့ ပြောပါတယ်။

 အချက်အလက်တွေကို ခိုးယူတဲ့ ဟက်ကာတွေက လူတစ်ယောက်ခြင်းစီရဲ့ ဒေတာအတွက် ၁ ဒေါ်လာစီပေးရင် အချက်အလက်တွေကို မဖော်ထုတ်ဘူးလို့ ပြောပေမယ့် မယ်ဒီဘင့်က အဲလို ခြိမ်းခြောက်မှုအပေါ် တုန့်ပြန်တဲ့အနေနဲ့ တောင်းတဲ့ ငွေကြေးပေးလိုက်ရင် အကျင့်ပါမှာဖြစ်လို့ မပေးနိုင်ဘူးလို့ နိုဝင်ဘာလ ၇ ရက်နေ့မှာ အတိအလင်း ပြောဆိုလိုက်ကြပါတယ်။

 ဟက်ကာတွေက အဲဒါကို တုန့်ပြန်တဲ့အနေနဲ့ အရင်တစ်ပတ်ကပဲ လူတချို့ရဲ့ ကျန်းမာရေးအချက်အလက်တွေကို dark web ပေါ် တင်လိုက်ပါတယ်။

အချက်အလက် ခိုးခံရသူတွေထဲမှာ မြန်မာတွေလည်း ပါဝင်ပြီး ဘယ်လို သိရသလဲ ဘာတွေ လုပ်ရသလဲ ဆိုတဲ့အကဆိုတဲ့အကြောင်း မေးမြန်းထားပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now