SKIP TO MAIN CONTENT

Tax return အချိန်ရောက်ခါနီးမှာ အခွန်ဌာနလို ဟန်ဆောင်လိမ်ညာမှုကို ဘယ်လို သိနိုင်မလဲ

Tricked consumers lose record amount to purchase scams
A woman using a laptop as she holds a bank card. Credit: Tim Goode/PA

ဇွန်လဟာ ဩစတြေးလျနိုင်ငံရဲ့ ဘဏ္ဏာရေးနှစ်ကုန် ဖြစ်လို့ လူတွေဟာ ဇူလိုင်လ တစ်ရက်နေ့ကစပြီး ပေးထားတဲ့ အခွန်တွေထဲက တချို့တလေ ပိုက်ဆံတွေပြန်ရဖို့အတွက် tax return တွေ လုပ်ကြတော့မှာ ဖြစ်ပါတယ်။


Published

Updated

By Sam Dover

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

ဇွန်လဟာ ဩစတြေးလျနိုင်ငံရဲ့ ဘဏ္ဏာရေးနှစ်ကုန် ဖြစ်လို့ လူတွေဟာ ဇူလိုင်လ တစ်ရက်နေ့ကစပြီး ပေးထားတဲ့ အခွန်တွေထဲက တချို့တလေ ပိုက်ဆံတွေပြန်ရဖို့အတွက် tax return တွေ လုပ်ကြတော့မှာ ဖြစ်ပါတယ်။


ဒီကာလကို အခွင့်ကောင်းယူပြီး အွန်လိုင်းပေါ် လိမ်လည်သူတွေဟာလည်း သူတို့ကိုသူတို့ ATO အခွန်ဌာနကလို ဟန်ဆောင်ပြီး လူတွေရဲ့ အချက်အလက်တွေ တောင်းခံတာမျိုး လုပ်လာတဲ့အတွက် scammer တွေကို သတိထားဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ အွန်လိုင်းပေါ်ကနေ ဒါမှမဟုတ် ဖုန်းကနေတဆင့် လိမ်လည်ဖို့ ကြိုးစားလေ့ရှိပါတယ်။

ဥပမာ MyGov မှာ စာရောက်နေတယ် ဒီနေရာကနေ ဝင်ဖတ်ပါ၊ ဒါမှမဟုတ် အခွန်ဆောင်ငွေတချို့ ပြန်ရဖို့ အချက်အလက်တွေကို update လုပ်ရမယ် ဒီနေရာကနေ ဝင်ရောက်ပါ ဆိုပြီး လင့်ခ်ပို့တာတွေ ဒါမှမဟုတ် ပေးထားတဲ့ အချက်အလက်တွေ မမှန်လို့ ATO က ပိုက်ဆံပြန်ထည့်ပေးလို့မရဘူးဖြစ်နေတယ် ဒီနေရာမှာ အချက်အလက်မှန်ကို ထည့်ပါ၊ ဒါမှမဟုတ် သင့်ရဲ့ တစ်နှစ်စာ income statement က ရယ်ဒီဖြစ်နေပြီး ဒီနေရာမှာ ဝင်ကြည့်ပါ ဆိုပြီး လိမ်ညာပြောဆိုနိုင်ပါတယ်။

အဲဒီလိုမျိုးကနေ သင့်ရဲ့ အချက်အလက်တွေ password တွေကို ယူပြီး ATO ကို သင့်လို ဟန်ဆောင်ပြီး ငွေကို ရယူလိုက်တာမျိုးလုပ်နိုင်သလို သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေယူပြီး တခြားနေရာမှာ သင့်နာမည်နဲ့ အလွဲသုံးစားလုပ်နိုင်ပါတယ်။

 အခုဆိုရင် scammer တွေရဲ့ လိမ်လည်မှုတွေက ပိုအဆင့် မြင့်လာပါတယ်။ လူတွေကို ပေးပို့တဲ့ သူတို့ရဲ့စာထဲမှာဆိုရင် အခုတလော လိမ်ညာတဲ့လူတွေ များလွန်းလို့ မိမိကိုယ့်ကို multi factor authentication MFA နည်းနဲ့ ကာကွယ်ပါ ဆိုပြီး လိမ်ညာပြောဆိုလာပါတယ်။

ဒီ QR code ကို အသုံးပြုပြီး သင့်ရဲ့ myGov ထဲ ဝင်ပြီး သင့်ကိုယ်သင် အဆင့်ဆင့် ကာကွယ်နိုင်အောင် လုပ်ဆောင်ပါဆိုပြီး ပြောပေတာကို ယုံမိပြီး မိမိကိုယ်ကို ကာကွယ်ဖို့ ကြိုးစားရင်း သူတို့ကို အချက်အလက်ပေးလိုက်ရတဲ့နည်းတွေကိုလည်း အသုံးပြုလာကြပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now