Key Points
- Kyle Vander-Kuyp, a proud Worimi and Yuin man, represented Australia in the 110 metres hurdles at the Atlanta 1996 and Sydney 2000 Olympic Games.
- Lydia Williams, a proud Noongar woman, represented Australia in the Australian women’s national soccer team the Matildas from 2005 to 2024.
- ဌာနေတိုင်းရင်းသား အားကစားသမားတွေက နိုင်ငံအတွက် ဘယ်လို ဂုဏ်ယူ အားကျဖွယ် ဖြစ်စေသလဲ။
- ဌာနေတိုင်းရင်းသား အားကစားသမားတွေ ဘာစိန်ခေါ်မှုတွေ ကြုံရသလဲ။
- အားကစားက ဌာနတိုင်းရင်းသားတွေအတွက် ရိုးရာနဲ့ identity ဆက်စပ်မှု ဘယ်လို ဖြစ်စေသလဲ။
- ဌာနေတိုင်းရင်းသား အားကစားသမားတွေက ဩစတြေးလျ အားကစားလောကမှာ ဘယ်လို အမွေအနှစ်တွေ ချန်ထားပါသလဲ။
- ဌာနေတိုင်းရင်းသားတွေရဲ့ အားကစားက ဩစတြေးလျနိုင်ငံရဲ့ identity အတွက် ဘာကြောင့် အရေးကြီးသလဲ။.
ဆယ်စုနှစ်ကြော် ကာလအတွင်း ဌာနေတိုင်းရင်းသား အားကစား အများအပြားဟာ ပရော်ဖက်ရှင်နာ အားကစားလောကမှာ ထိပ်သီးအဆင့်ကို တက်ရောက်နိုင်ကြပါတယ်။
အိုလံပစ်ရဲ့ တန်းကျော်ပြေး အားကစားသမားတစ်ဦးဖြစ်သူ Kyle Vander-Kuyp နဲ့ ပရော်ဖက်ရှင်နာ ဘောလုံးကစားသမား Lydia Williams အပြင် ဂန္တဝင် အပြေးသမား Cathy Freeman တို့ဟာ အထင်ကရ ဌာနေတိုင်းရင်းသား အားကစားသမားတွေ ဖြစ်ကြပါတယ်။
သူတို့ဟာ ဩစတြေးလျနိုင်ငံကို ကိုယ်စားပြုရုံသာမက ကမ္ဘာ့အလယ်မှာ သူတို့ရဲ့ ရိုးရာကို ဂုဏ်ယူဝင့်ကြွားစွာ သယ်ဆောင်ပြသခဲ့သူတွေ ဖြစ်ကြပါတယ်။
သူတို့ရဲ့ အကြောင်းကို ကြည့်ခြင်းအားဖြင့် အားကစားဆိုတာ တစ်ဦးတစ်ယောက်ခြင်းစီအတွက် ကိုယ်ရေးကိုယ်တာအတွက် ဖြစ်သလို အားလုံးနဲ့လည်း ဆိုင်တယ်ဆိုတာ သိသာစေပါတယ်။ ဒါ့အပြင် အားကစားဟာ မိမိကိုယ်ကို ဖော်ထုတ်ပြသတဲ့ အရာဖြစ်သလို မိမိဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ မိမိရဲ့ ဆက်စပ်မှုတွေကိုပါ ပြသရာလည်း ရောက်ပါတယ်။
ဌာနေတိုင်းရင်းသား အားကစားသမားတွေက နိုင်ငံအတွက် ဘယ်လို ဂုဏ်ယူ အားကျဖွယ် ဖြစ်စေသလဲ။
Lydia Williams နဲ့ Kyle Vander-Kuyp လို အားကစားသမားတွေအဖို့ သူတို့ထက်အရင် နာမည်ကြီးနေတဲ့ အားကစားသမားတွေရဲ့ အောင်မြင်မှုကို ကြည့်ရင်း အားကျမိတာက သူတို့ကို နိုင်ငံတကာ အားကစားဇာတ်ခုံပေါ် ရောက်လာစေဖို့ တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။
“ကျမက အားကစားကို အမြဲတမ်း နှစ်သက်ပြီး ဘောလုံးအားကစားကို အထူး ချစ်မြတ်နိုးရပြီး ကျမရဲ့ နိုင်ငံကို ကိုယ်စားပြုရတဲ့အပေါ် အင်မတန်ကြိုက်နှစ်သက်ရပါတယ်။. ဒီလို လုပ်ခွင့်ရတဲ့ အတွေ့အကြုံက အင်မတန် ကောင်းမွန်ပြီး ကျမရဲ့ လူမျိုး၊ ကျမရဲ့ ရိုးရာယဥ်ကျေးမှုကိုပါ ကိုယ်စားပြုခွင့်ရလို့ အင်မတန်ကြိုက်သလို သင်ဘယ်နေရာကနေလာလာ အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ လမ်းသွယ်ရှိတယ် ဆိုတာကို သိရတဲ့ အတွေ့အကြုံအပေါ် အင်မတန် နှစ်သက်မိတယ်။” လို့ Lydia Williamsက ပြောပါတယ်။
သူမဟာ Western Australia ပြည်နယ်အနောက်တောင်ပိုင်းမှာ မွေးဖွားသူ Noongar လူမျိုး အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူမဟာ Matildas လို့ခေါ်တဲ့ ဩစတြေးလျ အမျိုးသမီ ဘောလုံးအသင်းရဲ့ ဂိုးဖမ်းသမားအပြင် အမျိုးသမီးအသင်းမှာ အကြာဆုံး ကစားခွင့်ရသူ အားကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
Lydia ဟာ အိုလံပစ်ပြိုင်ပွဲမှာ နှစ်ကြိမ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ကြိမ်၊ အာရှဖလား ပြိုင်ပွဲမှာ ၆ ကြိမ်အဖြစ် ဩစတြေးလျကို ကိုယ်စားပြုတဲ့ အားကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ အားကစားစွမ်းရည်ကြောင့် ကမ္ဘာပေါ်က နိုင်ငံအများအပြားကို ရောက်ရှိဖူးသူ ဖြစစ်ပါတယ်။
“ကျမနဲ့အတူ တွဲပေးတဲ့ အသင်းသားတွေဟာ နောက်ခံပေါင်းစုံက လာတဲ့လူတွေ ဖြစ်ကြပေမယ့် ကျမတို့ သဘောတူကြတဲ့ အချက်တစ်ခုကတော့ ကျမတို့ နဂိုရောက်လာတဲ့ အနေအထားထက် ဒီအားကစား ပိုကောင်းမွန်ရမယ် ဆိုတဲ့အချက်ပဲ ဖြစ်တယ်။ ” လို့ Lydiaက ပြောပါတယ်။

ဌာနေတိုင်းရင်းသား အားကစားသမားတွေ ဘာစိန်ခေါ်မှုတွေ ကြုံရသလဲ။
ထိပ်သီး အားကစားသမား တစ်ဦး ဖြစ်လာဖို့အတွက် လမ်းကြောင်းတွေကတော့ ချောမွေ့မနေခဲ့ပဲ အဟန့်အတားတွေ ရှိခဲ့ပါတယ်။ Identity ကိစ္စတွေ၊ ကိုယ်စားပြုမှု ကိစ္စရပ်တွေနဲ့ တန်းတူညီမျှမှု ကိစ္စရပ်တွေက ဌာနေတိုင်းရင်းသား ကစားသမားတွေ အနေနဲ့ ကြုံရလေ့ရှိတဲ့ အရာတွေ ဖြစ်ပါတယ်။ အမျိုးသမီး ဘောလုံးကစားသမားတွေကို အမျိုးသား ကစားသမားတွေနဲ့ တန်းတူ လစာပေးရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အကြောင်းကိုလည်း သူက အခုလို ပြောပြထားပါတယ်။
“ကျမရဲ့ အလုပ်တလျှောက်မှာ အမျိုးသားတွေနဲ့ တန်းတူ လစာရဖို့အတွက် ဆန္ဒပြခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။အိုလံပစ် အားကစားပွဲတွေမှာ Aboriginal အလံတွေကို ပြသနိုင်ခဲ့ပါတယ်။ အဲဒီတော့ ကျမအထင်ကတော့ ကျမတို့ဟာ စည်းလုံးညီညွတ်စွာနဲ့ အဟန့်အတားတွေကို ကျော်လွှားနိုင်ပြီး မိမိယုံကြည်ရာကို ဖော်ထုတ်တောင်းဆိုရဲတဲ့ လူတွေအဖြစ် မြင်သာအောင် ပြသနိုင်ခဲ့တယ်။” လို့ ပြောပါတယ်။.
Kyle Vander-Kuyp ဟာ အိုလံပစ် အားကစားပွဲတော်မှာ ဩစတြေးလျနိုင်ငံကို နှစ်ကြိမ် ကိုယ်စားပြုသူဖြစ်ပြီး သူဟာ တန်းကြော် အပြေးသမားတစ်ဦးဖြစ်ပြီး ဓနသဟာရ အားကစားပွဲတော်တွေနဲ့ တခြား ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲတော်တွေမှာလည်း ဩစတြေးလျကို ကိုယ်စားပြုသူ ဖြစ်ခဲ့ပါတယ်။

သူဟာ New South Wales ပြည်နယ် ကမ်းရိုးတန်းဒေသက Worimi နဲ့ Yuin လူမျိုးဖြစ်ပြီး ငယ်ငယ်ကတည်းက မွေးစားခံရသူဖြစ်လို့ ငါဘယ်သူလဲ၊ ဘယ်နေရာမှာ ပိုင်ဆိုင်သလဲ ဆိုတဲ့ identitကိစ္စမှာ တွေးတောစရာတွေ ခံစားရသူ ဖြစ်ပါတယ်။
ငယ်ငယ်တုန်းက အားကစားမှာ ပါဝင်ခွင့်ရရှိရာကနေ သူ့အတွက် မိမိဘယ်သူဘယ်ဝါဆိုတာကို ပြသခွင့်နဲ့ ဒီအုပ်စုက ငါနဲ့ သက်ဆိုင်တဲ့ အုပ်စုဆိုတဲ့ ဆက်စပ်မှုတွေ ဆက်နွယ်တဲ့ ခံစားမှုတွေ ရရှိစေခဲ့တယ်လို့ ပြောပါတယ်။.
“အသက် ၅ ပတ်အရွယ်မှာ မွေးစားခံရတဲ့အတွက် ကျနော် လူမှန်းသိတတ်စအရွယ်မှာ ကြုံရတဲ့ စိန်ခေါ်မှု တစ်ခုက မေမေ ဖေဖေတို့နဲ့ ကျနော်က ဘာဖြစ်လို့ မတူရသလဲ၊ ကျနော့ အသားအရေက ဘာကြောင့် တခြားလူနဲ့ မတူရတာလဲ ဆိုတဲ့ မေးခွန်းတွေက ကျနော့်ရဲ့ ပထမဆုံးသော စိန်ခေါ်မှု ဖြစ်ခဲ့တယ်။” လို့ Kyle က ပြောပါတယ်။
Kyle က သူဘယ်သူ ဘယ်ဝါဖြစ်ကြောင်း သဲသဲကွဲကွဲ ခံစားရအောင် ကြိုးစားနေချိန်အတွင်း သူ့ကို သူ့မိဘနဲ့ သူငယ်ချင်း တွေရဲ့ အားပေးမှုကြောင့် ပိုအဆင်ပြေစေသလို Little Athletics ဆိုတဲ့ အားကစား အစီအစဥ်မှာ အားကစားနည်းပေါင်းစုံကို ကစားခွင့် ရရှိရာကနေ ဩစတြေးလျနိုင်ငံကို ကိုယ်စားပြုတဲ့ ပရော်ဖက်ရှင်နာ အားကစားသမားတစ်ဦး ဖြစ်လာတဲ့အထိ ဖြစ်ပါတယ်။
သူကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို စိတ်ပျက်မယ့်အစား အားကစားဟာ အတွင်းအား ဖြစ်စေနိုင်တဲ့အရာ အဖြစ်ပြောင်းလဲပြီး အောင်မြင်မှုရဲ့ စွမ်းအင်အဖြစ် ပြောင်းလဲခံယူခဲ့ပါတယ်။.

ဌာနေတိုင်းရင်းသား အားကစားသမားတွေအဖို့ အားကစားဆိုတာ ပြိုင်ပွဲထက် မကတဲ့ အရာ ဖြစ်ပြီး အားကစားဆိုတာ ရိုးရာ ယဥ်ကျေးမှုကို ဖော်ထုတ်ရာ အရာတစ်ခု ဖြစ်ပါတယ်။.
အားကစားသမားတွေရဲ့ ပစ္စည်းတွေကို သိမ်းထားတဲ့ Locker ဗီဒိုခန်းတွေမှာ Aboriginal နဲ့ Torres Strait Islander တို့ရဲ့ အလံတွေ ထားရှိပြသထားတာတွေ၊ အားကစား ပြိုင်ပွဲအတွင်း ကစားသမားတွေက သူတို့ရဲ့ အလံကို ကိုင်ပြီး ကျင်းပကြတာတွေက သူတို့ဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဘယ်ကနေ ဆင်းသက်လာသူတွေ ဖြစ်တယ် ဆိုတဲ့ sense of belonging တွေလည်း ရရှိစေပါတယ်။
Kyle က သူငယ်စဥ်က AFL ကစားသမား Maurice Rioli ရဲပြောခဲ့တဲ့ စကားကို အခုထိ အမှတ်ရဆဲ ဖြစ်ပါတယ်။.
“ကျနော် ကောင်းကောင်းမှတ်မိသေးတာက ကျနော့်ရဲ့ အစောပိုင်း မူလတန်း အရွယ်မှာ Lionel Rose, Evonne Goolagong တို့လို ကစားသမားတွေကို အားကျခဲ့ရပြီး ကျနော့်ကျောင်းကို Aboriginal footy ကစားသမား လာလည်တဲ့အတွက် ကျနော် ကံကောင်းလှပါတယ်။ သူကတော့ Maurice Rioli ဖြစ်ပြီး သူက သူ့ရဲ့ ဖူတီ ကစားသမားတစ်ဦး ဖြစ်ရတဲ့ အကြောင်း ပြောခဲ့သလို သူဟာ Aboriginal ဌာနေတိုင်းရင်းသား ဖြစ်ကြောင်းတွေ ပြောခဲ့ပါတယ်။. ပြီးတော့ ကျနော့ကို ကျောင်းအမှုထမ်းတွေရဲ့ နားနေဆောင်ဘေးနား ခေါ်သွားပြီး ဒီမှသိလား Kyle၊ကံမကောင်းလို့ Aboriginal ဖြစ်ရတာမဟုတ်ဘူး ကံထူးလို့ Aboriginal ဖြစ်တဲ့အကြောင်း အဲလို ဖြစ်တည်မှုကို အခွင့်ကောင်းယူ အသုံးချတတ်ဖို့ လိုတဲ့အကြောင်း ပြောခဲ့တယ်။ ” လို့ ပြောပြထားပါတယ်။
အဲဒီလို အကောင်းဖက်ဆောင်တဲ့ ဖြစ်တည်မှုတွေက အားကစားနဲ့ လူမျိုးတစ်ခုရဲ့ ရိုးရာယဥ်ကျေးမှုတို့ရဲ့ ဆက်စပ်မှုတွေ ဖြစ်စေပြီး ဂုဏ်ယူမှုတွေ၊ မိမိကိုယ်ကို ဖော်ထုတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။.
ဒီလိုနဲ့ပဲ Kyle ဟာ ၁၉၉၀ ပြည့်နှစ် နယူးဇီလန်နိုင်ငံ Auckland မှာ ကျင်းပတဲ့ဓနသဟာရ အားကစားပွဲတော်မှာ ဩစတြေးလျနိုင်ငံကို ကိုယ်စားပြုတဲ့ အားကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။
“ကံကောင်းစွာနဲ့ ကျနော်ဟာ Cathy Freeman ပါတဲ့ အသင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ကျနော်တို့ နှစ်ဦးစလုံးက အဲဒီအချိန်မှာ ဆယ်ကျော်သက်တွေ ဖြစ်ကြပါတယ်။ Cathy က ၁၆ နှစ် ကျနော် Kyle က ၁၈ နှစ်ဖြစ်ပြီး အဲဒီအချိန်မှာ မိမိဘယ်သူဘယ်ဝါဖြစ်ကြောင်း identity ကို ပိုသိလာခဲ့ပြီး ကျနော်ဟာ ဩစတြေးလျနိုင်ငံသား ဖြစ်တယ်၊ အစိမ်းရောင်နဲ့ အဝါရောင် အားကစားဝတ်စုံကို ဝတ်ထားတဲ့အပြင် ကျနော်ဟာ ဩစတြေးလျနိုင်ငံက ဌာနေတိုင်းရင်းသားတစ်ဦး ဖြစ်သလို အစိမ်းရောင်နဲ့ အဝါရောင် အားကစားဝတ်စုံ ဝတ်ခွင့်ရပြီး ကိုယ့်အတွက်၊ ကိုယ့်လူမျိုးတွေ ဂုဏ်ယူဝင့်ကြွားနိုင်ဖို့ အခွင့်အရေးရရှိသူ ဖြစ်တယ် ဆိုတဲ့ အသိစိတ်တွေ ဝင်လာတယ်။” လို့ သူက ပြောပါတယ်။
ဌာနေတိုင်းရင်းသား အားကစားသမားတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေဟာ နက်ရှိုင်းစွာ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။. ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသက ကလေးငယ်တွေကို အတုယူအားကျမှုတွေ ဖြစ်စေသလို၊ ကိုယ်စားပြုမှုတွေနဲ့ လစာ တန်းတူညီမျှမှု ရရှိရေးတွေအတွက် တိုက်ပွဲဝင်ရောက်မှုတွေ ရှိခဲ့ပါတယ်။ မိမိဘယ်သူ ဘယ်ဝါ ဘာလူမျိုဖြစ်ကြောင်း ဆိုတဲ့ identity နဲ့ အမွေအနှစ်တို့ဟာ နိုင်ငံတော်၊ အမျိုးသား ဆိုတာနဲ့ ယှဥ်တွဲ ရပ်တည်နိုင်ကြောင်းကိုလည်း ပြသခဲ့ပါတယ်။
Lydia Williams ကလည်း ဘောလုံးလောကမှာ ဌာနတိုင်းရင်းသား အမျိုးသမီး အားကစားသမားတွေဟာ ဂုဏ်ယူအားကျ အတုယူဖွယ်ရာ ပုဂ္ဂိုလ်အဖြစ် ရှုမြင်ခံရတယ်လို့ ပြောပါတယ်။
“ဘောလုံးလောကမှာ ဌာနေတိုင်းရင်းသား ကစားသမားတွေ လူများစု ဖြစ်နေပြီး အဲဒါတွေက ကလေးငယ်တွေအတွက် ဆက်စပ်မှုတွေ ဖြစ်စေပြီး သူတို့ဟာ ဂုဏ်ယူအားကျ အတုယူစရာ ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ခံစားကြရတယ်။”လို့ ပြောပါတယ်။.
Kyle ကလည်း မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုတွေ၊ သူ့ကို လေးစား အားကျရတယ် ဆိုတဲ့ စကားသံတွေ ကြားရတဲ့အခါမှာ အားကစားရဲ့ ပြောင်းလဲနိုင်မှု စွမ်းရည်ကို အမှတ်ရစေတယ်လို့ ပြောပါတယ်။
“အားကစားပြိုင်ပွဲကနေ ပြန်လာတဲ့အခါ ပုံမှန်အတိုင်း နေမယ် ထိပ်သီး အားကစားသမားလို မနေဘူးလို့ တွေးပေမယ့် ဝေးလံခေါင်သီတဲ့ နယ်ဒေသက လူမှုအသိုင်းအဝိုင်းတွေဆီ ရောက်သွားတဲ့အခါ အဒေါ်အရွယ်၊ အဖွားအရွယ်တွေ သက်ကြီးတွေနဲ့ ကလေးတွေက ဟေး ခင်ဗျားကို တီဗွီပေါ်မှာ မြင်ဖူးတယ်၊ ခင်ဗျားကို လေးစား အားကျနေရတာလို့ ပြောကြပါတယ်။. အဲလို ပြောဆိုသံတွေ ကြားရတဲ့အခါမှာ အားကစားက စွမ်းအားကြီးမားလှပါလား ဆိုတဲ့အတွေး ဝင်စေတယ်။ လို့ ပြောပါတယ်။
ဌာနေတိုင်းရင်းသား အားကစားသမားတွေ အောင်မြင်မှု ရတဲ့အခါ သူတို့ရဲ့ တစ်ကိုယ်ရေ အောင်မြင်မှုထက်မကတဲ့ ကိုယ်စားပြုမှုတွေ ရှိပါတယ်။ သူတို့ရဲ့ အောင်မြင်မှုမှာ ကြံ့ကြံ့ခိုင်မှုတွေ၊ အားလုံးပါဝင်ဆက်စပ်မှုတွေနဲ့ ရိုးရာယဥ်ကျေးမှုအရ ဂုဏ်ယူဖွယ်ရာတွေ ယှဥ်တွဲ ပါဝင်နေပါတယ်။ ကမ္ဘာ့ဇာတ်ခုံပေါ်က သူတို့ရဲ့ အောင်မြင်မှုတွေဟာ ဩစတြေးလျနိုင်ငံသားတွေ အနေနဲ့ မိမိကိုယ့်ကိုယ် ရှုမြင်သုံးသပ်မှုမှာ ဖျက်ပစ်လို့ မရတဲ့ အမှတ်အသားတွေ ဖြစ်စေခဲ့ပါတယ်။. ဌာနေတိုင်းရင်းသားတွေရဲ့ အောင်မြင်မှုတွေကြောင့် ဒီနိုင်ငံ ပိုမို ခိုင်မာတောင့်တင်းတယ် ဆိုတဲ့ ရှုမြင်သုံးသပ်မှု အမှတ်အသား ဖြစ်ပါတယ်။.
အောက်ခြေက အားကစားသမားအဆင့်ကနေ ကမ္ဘာ့အားကစား ဇာတ်ခုံပေါ်က ဌာနေတိုင်းရင်းသား အားကစားသမားတွေအထိ ဌာနေအားကစား သမားတွေဟာ ဒီနိုင်ငံရဲ့ အားကစား ရိုးရာယဥ်ကျေးမှုကို အပြောင်းအလဲတွေ ဖြစ်စေနေပြီး အားကစားဟာ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေး၊ identity နဲ့ ဂုဏ်ယူအာကျရေးအတွက် အကောင်းဆုံး ယာဥ်တစ်စီး ဖြစ်နေပါတယ်။
Lydia Williams အတွက်ကတော့ သူမရဲ့ အားကစား ခရီးစဥ်ဟာ သူမရဲ့ နိုင်ငံကို ကိုယ်စားပြုမှု၊ သူမရဲ့ ရိုးရာယဥ်ကျေးမှုကို ကိုယ်စားပြုမှုဖြစ်ပြီး သူမရဲ့ အသင်းသားတွေရဲ့ ဖေးမမှုကြောင့် ဖြစ်လာရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။. သူမရဲ့ အသင်းသားတွေက သူ့အပေါ် ဖေးဖေးမမရှိကြသလို သူမရဲ့ ဌာနတိုင်းရင်းသား နောက်ခံအကြောင်းကို သိလိုစိတ်တွေ၊ စူးစမ်းမှုတွေ ရှိပြီး မတူညီတူတွေအကြား စည်းလုံးညီညွတ်မှု ရှိရေးကို ဆောင်ရွက်ခဲ့ကြတယ်လို့ ပြောပါတယ်။.
“ကျမ အတွက်က ကျမရဲ့ ရိုးရာယဥ်ကျေးမှုနဲ့အတူ ကျမရဲ့ နိုင်ငံကို ကိုယ်စားပြုဖို့က အရေးကြီးပါတယ်။. ကျမတို့ အမှတ်တံဆိပ်တွေကို ဝတ်ဆင်တဲ့အခါမှာ အဲဒီအပေါ်မှာ ဩစတြေးလျ အလံတော်နဲ့ သင်္ဂေတတွေ ရှိပါတယ်။. ဒါပေမဲ့ ပိုအရေးကြီးတာက အသင်းက ရိုးရာယဥ်ကျေးမှု ကြွယ်ဝခြင်းဖြစ်ပါတယ်။. ကျမတို့ရဲ့ အဝတ်လဲခန်းမှာဆိုရင် Aboriginal နဲ့ Torres Strait Islander အလံတော်တွေ ရှိပါတယ်။. အဲဒီတော့ ဒီအသင်းဟာ လူတိုင်းကို ပါဝင်ခွင့်ပေးတဲ့ အသင်းဖြစ်ပြီး ဂုဏ်ယူမှုတွေ အားကျမှုတွေ ဖြစ်စေတဲ့ အသင်းဖြစ်ပါတယ်။ အဲလို အရာ နှစ်ခုစလုံးအတွက် ကိုယ်စားပြုရတာ အင်မတန် ကျေနပ်စရာ ကောင်းတယ်။ ” လို့ ပြောပါတယ်။
နိုင်ငံတကာ ဘောလုံး အားကစား သမားကနေ အပြောင်းအလဲပြုသူအဖြစ်Lydia Williamsဟာ ဆက်လက်ပြီး လေ့လာမှုတွေ လုပ်ပြီး လူတွေရဲ့ အတုယူစရာ ပုဂ္ဂိုလ် အဖြစ် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်အောင် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
“ဘောလုံးလောကမှာ ဌာနေတိုင်းရင်းသား ကစားသမားတွေ ကြီးစိုးမှုဖြစ်နေတာကို ကြည့်ရင် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်၊ ကလေးငယ်တွေကလည်း သူတို့နဲ့ ဆက်စပ်မှု ရှိတယ်လို့ ခံစားရပြီး ကစားသမားတွေက သူတို့ရဲ့ အတုယူဖွယ်ရာ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။” လို့ Lydia က ပြောပါတယ်။
ဩစတြေးလျနိုင်ငံမှာ အခြေချနေထိုင်တဲ့အခါ အသုံးဝင်မယ့် အကြောင်းအရာတွေ သိရဖို့အတွက်Australia Explained podcast ကို subscribe လုပ်နိုင်ပါတယ်။
မေးစရာ မေးခွန်းတွေ ဒါမှမဟုတ် အိုင်ဒီယာတွေ ရှိရင်လည်း
australiaexplained@sbs.com.au ကို အီးမေးလ် ပေးပို့နိုင်ပါတယ်။.







