သင့်ရဲ့ အင်္ဂလိပ်စကားပြော အရည်အချင်း တိုးတက်စေဖို့အတွက် English on Repeat အစီအစဥ်ကို နားဆင်နိုင်ပါတယ်။ သင်ခန်းစာ ၁ မှာတော့ ကျမက ဩစတြေးလျ အင်္ဂလိပ်စကားသံနဲ့ မရင်းနှီးသေးဘူး၊ ကျနော်က အင်္ဂလိပ်စကားကို လေ့လာနေတုန်းပဲ၊ နားမလည်လို့ ဆောရီးပါ ဆိုတာတွေကို ဘယ်လို ပြောနိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။
ဒီသင်ခန်းစာတွေက လွယ်ကူတဲ့ အင်္ဂလိပ်စာအဆင့် လေ့လာနေသူတွေအတွက် ရည်ရွယ်ထားပါတယ်။
ဒီသင်ခန်းစာမှာတော့ အောက်ပါ ဝါကျတွေကို အတူတူ လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။
- I speak a little English.
- I’m not used to the Australian accent.
- I’m still learning English.
- Sorry, I don’t understand.
English on Repeat အပိုင်းအားလုံးကို ဒီနေရာမှာ နှိပ်ပြီး နားဆင်နိုင်ပါတယ်။
ဒီသင်ခန်းစာတွေကို Spotify နဲ့ Apple Podcasts တွေမှာလည်း နားဆင်နိုင်ပါပြီ။
Credits:
Host: Sandy Greenwood
Written by: Sonia Saraullo
Sound Design: Mickey Grossman
Music Composition: Adam Hulbert
Produced by: Josipa Kosanovic
Program Manager: Janine Googane


