Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

To be stuffed | Words we use

FINAL_Word We Use  Thumbnail (5).jpg

To be stuffed, to say you're tired, exhausted, or even in trouble.

SBS Learn English ရဲ့ Words We Use အစီအစဥ််််ကို နားဆင်နိုင်ပါတယ်။ ဒီသင်ခန်းစာတွေဟာ နေ့စဥ်််သုံး အင်္ဂလိပ် ဘန်းစကားတွေကို အနေအထား အမျိုးမျိုးမှာ ဘယ်လို အသုံးပြုနိုင်သလဲ ဆိုတာတွေကို တင်ဆက် ပေးထားပါတယ်။ ဒီကနေ့မှာတော့ 'to be stuffed' ဆိုတဲ့ စကားစုကို လေ့လာကြမှာ ဖြစ်ပါတယ်။


Published

Updated

By Josipa Kosanovic

Presented by Mu Laing Thein

Source: SBS



Share this with family and friends


SBS Learn English ရဲ့ Words We Use အစီအစဥ််််ကို နားဆင်နိုင်ပါတယ်။ ဒီသင်ခန်းစာတွေဟာ နေ့စဥ်််သုံး အင်္ဂလိပ် ဘန်းစကားတွေကို အနေအထား အမျိုးမျိုးမှာ ဘယ်လို အသုံးပြုနိုင်သလဲ ဆိုတာတွေကို တင်ဆက် ပေးထားပါတယ်။ ဒီကနေ့မှာတော့ 'to be stuffed' ဆိုတဲ့ စကားစုကို လေ့လာကြမှာ ဖြစ်ပါတယ်။


To be stuffed ရဲ့ တိုက်ရိုက်ဘာသာပြန်မှုက ဗိုက်အရမ်းပြည့်နေတာ — သက်သောင့်သက်သာ မရှိလောက်အောင် ဗိုက်ပြည့်နေတာကို ဆိုလိုပါတယ်။

ဒါပေမဲ့ သြစတြေးလျနဲ့ ဗြိတိသျှလူမျိုးတွေက ဒီစကားစုကို တခြားနည်းလမ်းတွေနဲ့လည်း သုံးပါတယ်။ သူတို့ ပင်ပန်းတယ်၊ မောပန်းတယ်၊ ဒါမှမဟုတ် ဒုက္ခရောက်နေတယ်လို့ ပြောတဲ့အခါမျိုးမှာ အဲဒီ စကားစုကို အသုံးပြုလေ့ရှိပါတယ်။

ဒါကြောင့် ‘to be stuffed’ ဆိုတဲ့ စကားစုကို အခြေအနေအမျိုးမျိုးမှာ ကြားရနိုင်ပါတယ်။

အစားကို အများကြီး အစားလွန်ထားတဲ့အခါမှာ ဒီနေ့ နေ့လယ်စာ အများကြီး စားပြီးတော့ ကျွန်တော် stuffed ဖြစ်သွားပြီ ဆိုတာကို အခုလို ပြောနိုင်ပါတယ်။

  • I’m stuffed after that huge lunch!

ဒုက္ခရောက်နေတဲ့အခါမှာလည်း သုံးနိုင်ပြီး ဒီအစီရင်ခံစာကို အချိန်မီ မပြီးရင် ကျွန်တော် stuffed ဖြစ်ပြီ။ ဆိုတာကို အခုလို ပြောနိုင်ပါတယ်။

  •  I’m stuffed if I don’t finish this report on time.

မောပန်းနေတယ် ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်တဲ့အခါလည်း သုံးနိုင်ပြီး တူမလေးကို တစ်နေကုန် ကြည့်ရှုစောင့်ရှောက်ရလို့ ကျွန်တော် stuffed ဖြစ်နေတယ်— တူမလေးမှာ အားအင်တွေ အရမ်းများတာပဲ လို့ ပြောချင်ရင် အခုလို ပြောနိုင်ပါတယ်။

  • I’m stuffed after looking after my niece all day – she has so much energy!

တစ်ခုခု ပျက်သွားတာ ဒါမှမဟုတ် အဆင်မပြေ ဖြစ်သွားတဲ့အခါလည်း သုံးနိုင်ပါတယ်။

  • I dropped my phone and now it’s stuffed.

အလုပ်တွေ ဒါမှမဟုတ် လုပ်စရာတွေနဲ့ ပြည့်နှက်နေတယ်လို့ ခံစားရပြီး အလုပ်အပြီးသတ်ရမယ့် ဟာတွေ ဒီတစ်ပတ်ထဲမှာ စုပြုံနေတဲ့အကြောင်း အခုလို ပြောနိုင်ပါတယ်။

  • I’m stuffed this week with all these deadlines.

အပိုင်းအားလုံးကို နားဆင်ဖို့ဒီနေရာ နှိပ်ပါ။

Spotify နဲ့ Apple Podcasts တွေမှာလည်း ရယူနားဆင်နိုင်ပါတယ်။

Listen to full series: Words We Use Burmese.


Credits:

Host: Shannon Williams

Written by: Josipa Kosanovic

Graphic design: Dorry Wang

Educational consultant: Professor Lynda Yates

Produced by: Josipa Kosanovic

Program Manager: Janine Googan


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now