Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

To shout | Words we use

FINAL_Word We Use  Thumbnail (3).jpg

To shout – you probably know it means to say something very loud.

SBS Learn English ရဲ့ Words We Use အစီအစဥ််််ကို နားဆင်နိုင်ပါတယ်။ ဒီသင်ခန်းစာတွေဟာ နေ့စဥ်််သုံး အင်္ဂလိပ် ဘန်းစကားတွေကို အနေအထား အမျိုးမျိုးမှာ ဘယ်လို အသုံးပြုနိုင်သလဲ ဆိုတာတွေကို တင်ဆက် ပေးထားပါတယ်။ ဒီကနေ့မှာ 'to shout' ဆိုတဲ့ စကားစုကို လေ့လာကြမှာ ဖြစ်ပါတယ်။


Published

Updated

By Josipa Kosanovic

Presented by Mu Laing Thein

Source: SBS



Share this with family and friends


SBS Learn English ရဲ့ Words We Use အစီအစဥ််််ကို နားဆင်နိုင်ပါတယ်။ ဒီသင်ခန်းစာတွေဟာ နေ့စဥ်််သုံး အင်္ဂလိပ် ဘန်းစကားတွေကို အနေအထား အမျိုးမျိုးမှာ ဘယ်လို အသုံးပြုနိုင်သလဲ ဆိုတာတွေကို တင်ဆက် ပေးထားပါတယ်။ ဒီကနေ့မှာ 'to shout' ဆိုတဲ့ စကားစုကို လေ့လာကြမှာ ဖြစ်ပါတယ်။


To shout လို့ ပြောတဲ့အခါ ဒါက အသံကျယ်ကျယ်နဲ့ ပြောဆိုတာလို့ ကျမတို့ အများစုက နားလည်ထားပြီးသား ဖြစ်ပါလိမ့်မယ်။ shout ရဲ့ တိုက်ရိုက် အဓိပ္ပာယ်က အော်တာဖြစ်ပြီး အနေအထား အမျိုးမျိုးမှာ သုံးနိုင်ပါတယ်။ စိတ်တိုတဲ့အခါ၊ စိတ်မရှည် ဖြစ်ရတဲ့အခါ shout လုပ်နိုင်သလို တစ်ယောက်ယောက်ကို လှမ်းပြီး သတိပေးပြောဆိုတဲ့အခါမှာလည်း shout လုပ်နိုင်ပါတယ်။ 

ဆရာမက စာသင်ခန်းထဲမှာ အသံမဆူတော့အောင်  shouted တယ်လို့ ပြောချင်ရင် ခုလို ပြောနိုင်ပါ တယ်။

  • The teacher shouted to quieten the class.

စိတ်တိုတဲ့အခါ shout လုပ်သလို ပျော်တဲ့အခါ၊ အံ့အားသင့်တဲ့အခါနဲ့ သင်အားပေးတဲ့ အားကစား အသင်း ကစားတဲ့ ပွဲမှာလည်း shout နိုင်ပါတယ်။

  • I shouted when my team scored the winning goal!

ဒါပေမဲ့ shout ဆိုတဲ့ စကားလုံးမှာ တခြား အဓိပ္ပာယ်တွေလည်း ရှိပါတယ်။ ဥပမာ၊ တစ်စုံတစ်ယောက်ရဲ့ အချိုရည်ဖိုး ဒါမှမဟုတ် အစားအသောက်ဖိုးအတွက် ကိုယ်က ဒကာခံပေးချင်တဲ့အခါ ပြောဆိုနိုင်ပါတယ်။

  • I’ll shout you a coffee.
  • After the game, I shouted my mate a drinks.

ဒါမှမဟုတ် တစ်ခုခုက သားသားနားနား အထင်ကြီးစရာ ကောင်းနေတဲ့အခါမှာလည်း shout ကို သုံးနိုင်ပါတယ်။

  • Her dress really shouts confidence.

Or sometimes, to give someone a call.

  • I’ll give you a shout later when I’m free.

ရေဒီယိုမှာဆိုရင်၊ နားထောင်နေတဲ့ သောတရှင်တစ်ယောက်ကို DJ တွေက shout out လုပ်တာကို ကြားရနိုင်ပါတယ်။ အဲဒီလူရဲ့ မွေးနေ့ ဖြစ်နေလို့ ဒါမှမဟုတ် သူတို့ရဲ့ အစီအစဉ်ကို အားပေးလို့ ကျေးဇူးတင်ကြောင်း ပြောတာမျိုး ဖြစ်နိုင်ပါတယ်။

အပိုင်းအားလုံးကို နားဆင်ဖို့ဒီနေရာ နှိပ်ပါ။

Spotify နဲ့ Apple Podcasts တွေမှာလည်း ရယူနားဆင်နိုင်ပါတယ်။

Listen to full series: Words We Use Burmese.


Credits:

Host: Shannon Williams

Written by: Josipa Kosanovic

Graphic design: Dorry Wang

Educational consultant: Professor Lynda Yates

Produced by: Josipa Kosanovic


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now