Sleep on it | Words we use

FINAL_Word We Use  Thumbnail (4).jpg

In 1519, King Henry VIII of England said he would “sleep and dream on the matter” before making an important decision.

SBS Learn English ရဲ့ Words We Use အစီအစဥ််််ကို နားဆင်နိုင်ပါတယ်။ ဒီသင်ခန်းစာတွေဟာ နေ့စဥ်််သုံး အင်္ဂလိပ် ဘန်းစကားတွေကို အနေအထား အမျိုးမျိုးမှာ ဘယ်လို အသုံးပြုနိုင်သလဲ ဆိုတာတွေကို တင်ဆက် ပေးထားပါတယ်။ ဒီကနေ့မှာတေ့ 'sleep on it' ဆိုတဲ့ စကားစုကို လေ့လာကြမှာ ဖြစ်ပါတယ်။


Sleep on it — ဆိုတဲ့ အသုံးအနှုန်းက နည်းနည်းရယ်စရာကောင်းတယ် မဟုတ်လား?

စာသားအတိုင်း တိုက်ရိုက်ဘာသာပြန်ဆိုရင် ပစ္စည်းတစ်ခုကို အိပ်ယာပေါ် တင်ပြီး အဲဒီအပေါ်မှာ အိပ်တော့မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။

ဒါပေမဲ့ ဒီစကားစုရဲ့ အဓိပ္ပာယ်ကတော့ ဆုံးဖြတ်ချက်တစ်ခု မချခင် အချိန်ယူစဉ်းစားတာ၊ တစ်ညတာလောက် အချိန်ယူတာမျိုးကို ဆိုလိုပါတယ်။ အိပ်ယာဝင်ပြီး အိပ်လိုက်တဲ့အတွက် စဉ်းစားဖို့ အချိန်ပိုရစေပြီး ဘာကိုမှ အလျင်စလို ဆုံးဖြတ်ခြင်း မရှိစေဖို့အတွက် ပြောဆိုတဲ့အခါမှာ သုံးတဲ့ အသုံးအနှန်း ဖြစ်ပါတယ်။

ဒီစကားစုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး မှတ်တမ်းတင်ထားတဲ့ အသုံးပြုမှုကတော့ ၁၅၁၉ ခုနှစ်မှာ အင်္ဂလန်ဘုရင် ဟင်နရီ VIII က ပြောခဲ့တဲ့ စကားဖြစ်ပြီး သူက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ ကိစ္စရပ်အပေါ် “sleep and dream on the matter” လုပ်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေတ်ကတည်းက လူတွေဟာ ကောင်းမွန်စွာ အိပ်စက်ခြင်းက ပိုပြီး ဦးနှောက် ရှင်းစေတယ်ဆိုတာ သိခဲ့ကြပုံပါပဲ။

ကျွန်မတို့ဟာ ‘to sleep on it’ ကို အခုထိ တော်တော်များများ သုံးနေကြတုန်းပါ။ ဥပမာ၊ တစ်ယောက်ယောက်က တစ်ခုခုကို ချက်ချင်းရွေးဖို့ တောင်းဆိုလာပေမယ့် ကျမတို့က ချက်ခြင်း ဆုံးဖြတ်ချက် မချချင်သေးရင် မနက်ဖြန်မှ ပြန်ပြောမယ်နော် ဆိုတာကို အခုလို ပြောနိုင်ပါတယ်။

  • I’m not sure. I’ll sleep on it and tell you tomorrow.

ဒါမှမဟုတ် အလုပ်မှာဆိုရင်- မန်နေဂျာက အဖြေကို ဒီနေ့ လိုချင်ပေမယ့် ကျနော်ကတော့ အရင်ဆုံး sleep on it လုပ်သင့်တယ်လို့ ထင်တဲ့အကြောင်း ပြောချင်ရင် အခုလို ပြောနိုင်ပါတယ်။

  • My manager wants an answer today, but I think I’ll sleep on it first.

နေ့စဉ်အနေအထားမျိုးမှာလည်း ဒီစကားစုကို သုံးနိုင်ပြီး ဥပမာ ဒီတနင်္ဂနွေ ကြရင် တောင်တက်ရင် ကောင်းမလား ဆိုတာ မသေချာသေးဘူး။ ကျမကို sleep on it လုပ်ခွင့်ပေးပါဦး လို့ ပြောချင်ရင် အခုလို ပြောနိုင်ပါတယ်။

  • I’m not sure if I want to go hiking this weekend. Let me sleep on it.

အကြံဉာဏ်ပေးတဲ့အခါမှာလည်း ဒီစကားစုကို သုံးနိုင်ပါတယ်။ အလျင်စလို ရွေးချယ်မှု မလုပ်ပါနဲ့၊ စဥ်းစားပြီး မနက်ကြမှ ဘယ်လိုလည်းဆိုတာ စောင့်ကြည့်ပေါ့လို့ ပြောချင်ရင် အခုလို ပြောနိုင်ပါတယ်။

  • Don’t rush your choice — sleep on it and see how you feel in the morning.

အပိုင်းအားလုံးကို နားဆင်ဖို့ဒီနေရာ နှိပ်ပါ။

Spotify နဲ့ Apple Podcasts တွေမှာလည်း ရယူနားဆင်နိုင်ပါတယ်။


Credits:

Host: Shannon Williams

Written by: Josipa Kosanovic

Graphic design: Dorry Wang

Educational consultant: Professor Lynda Yates

Produced by: Josipa Kosanovic


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now