Take it easy | Words we use

FINAL_Word We Use  Thumbnail (2).jpg

We often use 'take it easy' to tell someone to relax or calm down, particularly if they look stressed.

SBS Learn English ရဲ့ Words We Use အစီအစဥ််််ကို နားဆင်နိုင်ပါတယ်။ ဒီသင်ခန်းစာတွေဟာ နေ့စဥ်််သုံး အင်္ဂလိပ် ဘန်းစကားတွေကို အနေအထား အမျိုးမျိုးမှာ ဘယ်လို အသုံးပြုနိုင်သလဲ ဆိုတာတွေကို တင်ဆက် ပေးထားပါတယ်။ ဒီကနေ့မှာတော့Take it easy ဆိုတဲ့ စကားစုကို လေ့လာကြမှာ ဖြစ်ပါတယ်။


Take it easy — ဒီစကားကို လူတွေပြောတာကို ကျမတို့တတွေ ကြားဖူးကြမှာပါ။ စာသားအတိုင်းဆိုရင် ပစ္စည်းတစ်ခုကို ဖြည်းဖြည်းသာသာ ကိုင်တွယ်တာလို့ အဓိပ္ပာယ်ရပါတယ်။

စိတ်ဖိစီးနေတဲ့သူတွေကို စိတ်အေးအေးထားဖို့ ဒါမှမဟုတ် စိတ်လျှော့ဖို့ ပြောတဲ့အခါမှာ ဒီစကားလုံးကို မကြာခဏ သုံးကြပါတယ်။

ဥပမာ၊ တစ်ယောက်ယောက်က သူ့သော့တွေ ရှာမတွေ့လို့ စိတ်ဆိုး စိတ်ပျက်နေရင် သင့်အနေနဲ့ Take it easy။ သေချာပေါက် ပြန်တွေ့မှာပါ။ ကျွန်တော် ကူရှာပေးမယ် ဆိုတာကို အခုလို ပြောလို့ရပါတယ်။

  • Take it easy. I’m sure we’ll find them. I’ll help you look for them.

ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အလုပ်တစ်ခုကို မေ့သွားလို့ တစ်ယောက်ယောက်က စိတ်ဆိုးနေရင် Take it easy။ သူတို့ မနက်ဖြန်ကျရင် လုပ်မှာ သေချာပါတယ် ဆိုပြီး ဒီလိုပြောနိုင်ပါတယ်။

  • Take it easy. I’m sure they’ll do it tomorrow.

အထူးသဖြင့် တစ်ယောက်ယောက်က အလုပ်အရမ်းများနေတာ ဒါမှမဟုတ် နေမကောင်းဖြစ်နေတဲ့အခါ ပြောဆိုရင် "အလုပ်ကို အရမ်းကြီး မကြိုးစားပါနဲ့" ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။

ဥပမာ၊ သူငယ်ချင်းက အလုပ်တစ်ခုကို အလောတကြီး အပြီးသတ်ဖို့ လုပ်နေရင် ခင်ဗျားက Take it easy! အလောတကြီးလုပ်စရာ မလိုပါဘူးလို့ အခုလို ပြောလို့ရပါတယ်။

  • Take it easy! There’s no rush.

ဒါမှမဟုတ် ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်က တစ်ပတ်လုံး ပင်ပန်းခဲ့ရပြီး သောကြာနေ့ ညနေရုံးဆင်းချိန်မှာ ရုံးကနေ မဆင်းခင် ရုံးပိတ်ရက်မှာ Take it easy နော်။ အနားယူလိုက်ဦးလို့ အခုလို ပြောနိုင်ပါတယ်။

  • Take it easy this weekend. You deserve it!

တစ်ယောက်ယောက် ထွက်ခွာသွားတဲ့အခါ အလွယ်တကူ နှုတ်ဆက်တဲ့ အနေနဲ့လည်း အဲဒီစကားစုကို သုံးနိုင်ပါတယ်။ မနက်ဖြန်တွေ့မယ် Take it easy! ဆိုတာကို အခုလို ပြောနိုင်ပါတယ်။

  • See you tomorrow. Take it easy!

တခါတလေ အများကြီး မလုပ်နဲ့ဦး ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိနိုင်ပါတယ်။

  • My dog takes it easy all day—just sleeps in the sun.

အင်္ဂလိပ်စာ သင်ယူဖို့အတွက် စိတ်ဖိစီး ခံစရာ မလိုပါဘူး၊ Take it easy — စာကြောင်းတစ်ကြောင်းချင်းစီ သင်ယူနိုင်ပါတယ်။

အပိုင်းအားလုံးကို နားဆင်ဖို့ဒီနေရာ နှိပ်ပါ။

Spotify နဲ့ Apple Podcasts တွေမှာလည်း ရယူနားဆင်နိုင်ပါတယ်။


Credits:

Host: Shannon Williams

Written by: Josipa Kosanovic

Graphic design: Dorry Wang

Educational consultant: Professor Lynda Yates

Produced by: Josipa Kosanovic


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now