A piece of cake ဆိုတဲ့ စကားစုကို အရင်က ကြားဖူးကြမယ် ထင်ပါတယ်။ တိုက်ရိုက် ဘာသာပြန်ရမယ်ဆိုရင် ကိတ်မှုန့်တစ်စိတ် လို့ အဓိပ္ပာယ်ရပြီး သူက ချိုမြိန်၊ နူးညံ့ပြီး စားရတာလည်း လွယ်ကူပါတယ်။
ဒါပေမဲ့ အင်္ဂလိပ်စကားမှာ တခုခုကို a piece of cake လို့ ပြောရင် အဲဒါက လုပ်ရတာ အင်မတန် လွယ်ကူရိုးရှင်းတယ်လို့ ဆိုလိုတာဖြစ်ပါတယ်၊ လုပ်ကိုင်ရတာ လွယ်ကူ မြန်ဆန်ပြီး ပေါ့ပေါ့ပါးပါး လုပ်နိုင်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
Sure. It’s a piece of cake.
ဒီအသုံးအနှုန်းဟာ နေ့စဥ်လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့အခါမှာ အရမ်းကို အသုံးဝင်တဲ့ စကား ဖြစ်ပါတယ်။
- Folding laundry? Honestly, piece of cake for me, but my brother finds it more difficult!
ဒီ အသုံးအနှုန်းကို လုပ်ငန်းခွင် ဒါမှမဟုတ် ကျောင်းတွေမှာလည်း သုံးနိုင်ပါတယ်။
- That quiz last week? Oh, total piece of cake. I got every question right.
တစ်ယောက်ယောက်ကို အားပေးစကား ပြောဖို့ အဲဒီစကားကို သုံးနိုင်သလို ဒါက လုပ်ရတာ လွယ်ပါတယ် ဆိုတာကို သေခြာပြောပြချင်တဲ့ အခါမှာလည်း အသုံးပြုနိုင်ပါတယ်။
- Go on, try it, you’ll see, it’s a piece of cake!
စိန်ခေါ်မှုတွေ ကြုံရတဲ့ အနေအထားမှာ အဲဒီအရာက တအား မခက်ခဲပါဘူးလို့ ပြောချင်တဲ့အခါမှာလည်း အဲဒီ စကားကို သုံးနိုင်ပါတယ်။
- Climbing that hill? Piece of cake!
တကယ်လွယ်ကူတာမျိုး မဟုတ်ပေမယ့် လွယ်ကူ ရိုးရှင်းတယ်လို့ ထင်ရတဲ့ အရာတွေအတွက်လည်း အဲဒီ စကားကို သုံးနိုင်ပါတယ်။
- Solving mysteries? He makes it look like a piece of cake.
အစီအစဥ် အားလုံးကို
ဒီနေရာမှာ နားဆင်နိုင်ပါတယ်။
Spotify နဲ့ Apple Podcasts တို့မှာလည်း နားဆင်နိုင်ပါတယ်။
Credits:
Host: Shannon Williams
Written by: Josipa Kosanovic
Graphic design: Dory Wang
Educational consultant: Professor Lynda Yates
Produced by: Josipa Kosanovic
