သန်းနဲ့ချီအရေအတွက်ရှိတဲ့ စစ်ဘေးရှောင်တွေ၊ ဒီမိုကရေစီအရေးအတွက် ပါဝင်နေကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအတွက်မှာလည်း ပံ့ပိုးကူညီနိုင်တဲ့ ရင်းမြစ်တွေဟာလည်း နည်းပါးလာပါတယ်။
ဒီလို ဖြစ်ရပ်တွေကို နိုင်ငံတကာက အာရုံစိုက်မှုနည်းနေသလို ကမ္ဘာနဲ့ချီကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာ့အရေးဟာ ချန်လှပ်ခံထားရပါတယ်။