Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဩစီ - အာဆီယံ ညီလာခံမှာ မြန်မာ အဆင့်မြင့် ကိုယ်စားလှယ် မပါဝင်

Australia ASEAN.png
ASEAN-Australia Special Summit 2024

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မတ်လ ၄ ရက် ဒီကနေ့ကစပြီး ဩစတြေးလျ - အာဆီယံ အထူးညီလာခံကို ကျင်းပပေမယ့် မြန်မာနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ် ပါဝင်ခြင်းမရှိပါဘူး။


Published

By Mu Laing Thein

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မတ်လ ၄ ရက် ဒီကနေ့ကစပြီး ဩစတြေးလျ - အာဆီယံ အထူးညီလာခံကို ကျင်းပပေမယ့် မြန်မာနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ် ပါဝင်ခြင်းမရှိပါဘူး။


ဒါဟာ ဩစတြေးလျအတွက် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံတကာက သံတမန်တွေကို ဧည့်ခံတာဖြစ်ပါတယ်။

ဒီညီလာခံမှာ ဩစတြေးလျနဲ့ အာဆီယ ဆက်ဆံရေး ပိုမိုတိုးမြင့်ရေး၊ ဒေသတွင်း လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ သန့်စင်စွမ်းအင်အကြောင်းတွေကို အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီညီလာခံမှာ မြန်မာနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်ကလွဲရင် အာဆီယံအဖွဲ့ဝင် ၉ ခုရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်လာကြပြီး တီမော လယ်စတေ နိုင်ငံခေါင်းဆောင်တွေက စောင့်ကြည့်သူအဖြစ် တက်ရောက်နေပါတယ်။

မြန်မာရဲ့ တခြားကိုယ်စားလှယ်တွေတော့ တက်ရောက်ကြတယ်လို့ သိရပါတယ်။

 

အာဆီယံနိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီး ဒီထက်မက ဖိအားပေးလုပ်ဆောင်သင့်ကြောင်း၊ အာဆီယံရဲ့ ဘုံသဘောတူညီချက်အတိုင်း မြန်မာ့အရေးကို ဖြေရှင်းတာ မအောင်မြင်တဲ့အတွက် တခြားနည်းလမ်းတွေနဲ့ လုပ်ဆောင်သင့်ကြောင်း၊ ဩစတြေးလျအနေနဲ့ ဒီထက်မက ဖိအားပေးသင့်ကြောင်း ဩစတြေးလျရောက် မြန်မာတွေက တောင်းဆိုကြပါတယ်။

မတ်လ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြမှုအတွင်း တက်ရောက်သူတွေက သူတို့ရဲ့ ခံစားချက်တွေကို ပြောပြကြပါတယ်။

မတ်လ ၄ ရက် ဒီကနေ့မှာလည်း အာဆီယံညီလာခံ ကျင်းပရာနေရာအနီးမှာ မြန်မာတွေ ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲကို တက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရက အန်ယူဂျီရဲ့ ဒုတိယ လူ့အခွင့်အရေးဝန်ကြီး ဦးဗဟန်းထန်၊ ဩစတြေးလျဆိုင်ရာ အန်ယူဂျီရဲ့ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေနဲ့ ကရင်နီ ဖက်ဒရေးရှင်း ဩစတြေးလျ ဥက္ကဌ ရီးချက်ဌေးရယ်တို့ကိုလည်း မေးမြန်းထားပါတယ်။

အာဆီယံ - ဩစတြေးလျ ညီလာခံ ပြင်ပမှာ မြန်မာ့အရေးကို ထောက်ခံသူတွေက Myanmar People’s Summit ကို ကျင်းပခဲ့ပြီး အဲဒီ အခမ်းအနားကို တီမော လက်စတေရဲ့ ဝန်ကြီးချုပ် ဇာနားနား ဂုစ်မာအို ( Xanana Gusmao) ကလည်း တက်ရောက်ပြီး အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now