ဩစတေးလျမှာ ဆန္ဒပြခွင့်ရှိတယ်ဆိုတဲ့ ဘုံခံယူချက်ဖြစ်ပေမယ့်၊ ကျွန်ုပ်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီအခွင့်အရေး မရှိပါဘူး။
အဲဒီအစား၊ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ နိုင်ငံရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။
“Victoria၊ ACT နှင့် Queensland ကဲ့သို့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများပါရှိသော တရားစီရင်ပိုင် ခွင့် များတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အသိအမှတ်ပြုကြောင်း ဖော်ပြသည့် ဥပမာအချို့ရှိသည်” ဟု UNSW မှ ဥပဒေနှင့် တရားမျှတမှုဆိုင်ရာ ပါမောက္ခ Luke McNamara က ဆိုသည်။
“ဒါပေမယ့် နိုင်ငံရဲ့ နေရာအများစုနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအရတော့ ဆန္ဒပြပိုင်ခွင့်ရှိတယ်လို့ အတိအကျ ပြောနိုင်တဲ့ နေရာမျိုး မရှိပါဘူး၊ ဒါတောင် ကျနော်တို့ရဲ့ ဘုံဥပဒေ အစဉ်အလာရဲ့ တစ်စိတ်တစ်ပိုင်းကတော့ ဆန္ဒပြခွင့်ဆိုတဲ့ အယူအဆကို ခံယူထားလို့ပါပဲ။”
ဆန္ဒပြခြင်းဥပဒေများသည် သြစတြေးလျတစ်ဝှမ်းတွင် ကွဲပြားသည်။ ဥပမာအားဖြင့် Queensland နှင့် Western Australia တို့တွင် အများသူငှာ စိစစ်မှုကို ဆွဲဆောင်နိုင်သော သတ္တုတူးဖော်ရေး လုပ်ငန်းကြီးများ ရှိသောကြောင့် ၎င်းတို့တွင် ပိုမိုပြင်းထန်သော ကန့်ကွက်မှု ဥပဒေများ ရှိသည်။
ကန့်ကွက်ဆန့်ကျင်ရေး ဥပဒေတွေကလည်း ကျယ်ပြန့်တယ်။
ဆန္ဒပြပွဲတက်ခြင်းအတွက် သင်ကို စွဲချက်မတင်နိုင်သော်လည်း ဆန္ဒပြနေစဉ်တွင် လက်မခံနိုင်သောအပြုအမူ အတွက် သင်ကို စွဲချက်တင်ခံရနိုင်သည်။

လက်မခံနိုင်သော အပြုအမူ ဟူသည် အဘယ်နည်း။
အခြားသူများကို ထိခိုက်စေခြင်းနှင့် ဥစ္စာပစ္စည်းများကို ထိခိုက်စေခြင်းကဲ့သို့သော လူမှုရေးဆန့်ကျင် သည့် အပြုအမူကို ကန့်ကွက်သည့်အနေဖြင့် လက်မခံနိုင်ပါ။
ပရော်ဖက်ဆာ McNamara က လက်ခံနိုင်သောအရာသည် အတိုင်းအတာတစ်ခု၏မေးခွန်းဖြစ်သည်ဟု ဆိုပါသည်။
“အပြုအမူကို ဖြစ်ရပ်တစ်ခုချင်းအလိုက် အကဲဖြတ်ပါတယ်။ ဥပမာအားဖြင့်၊ ချီတက်ဆန္ဒပြပွဲပဲဖြစ် ဖြစ်၊ ထိုင်ဆန္ဒပြတာပဲဖြစ်ဖြစ် သော့ခတ်ဆန္ဒပြတာပဲဖြစ်ဖြစ်၊ ဆန္ဒပြပွဲတစ်ခုရဲ့ လက်ခံနိုင်မှုကို ရဲအရာရှိ တွေက အကဲဖြတ်ပါလိမ့်မယ်။”
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ စည်းရုံးလှုံ့ဆော်သူ Nikita White က ဆန္ဒပြပွဲနှင့် ပတ်သက်သည့် နဖူးစည်းများ၊ ပိုစတာများနှင့် အနုပညာလက်ရာများကို ဆောင်ထားရန် လက်ခံနိုင် သော်လည်း လက်နက်ဟု ယူဆနိုင်သည့် မည်သည့်အရာကိုမှ လက်မခံနိုင်ကြောင်း ပြောပြသည်။
“ဓား ဒါမှမဟုတ် မီးတောက်တွေ ပါနေရင် အဲဒါတွေကို သင်နဲ့အတူ မထားသင့်ဘူး။ အကယ်၍ သင့်ကို လျှပ်တစ်ပြက်၊ ရှာဖွေပါက သင်ဒုက္ခရောက်လိမ့်မယ်” ဟု သူမက ဆိုသည်။
ဆန္ဒပြနေစဉ် အနှောင့်အယှက်။
လမ်းလျှောက်ချီတက်စဉ်တွင် ကျွန်ုပ်တို့၏လုပ်ရိုးလုပ်စဉ်များကို အနှောင့်အယှက်များ ခံနိုင်ရသည်။ ဤအရာများသည် အစိုးရများအတွက် အကြီးမားဆုံးဖိအားပေးသည့်အချက်များထဲမှ တစ်ခုဖြစ်ပြီး ကန့်သတ်ချက်အသစ်များကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်သည်။
ဆန္ဒပြပိုင်ခွင့်ကို အခိုင်အမာ ယုံကြည်ပါက ကျွန်ုပ်တို့၏ဘဝအတွက် အနှောင့်အယှက်အချို့ကို လက်ခံရ မည်ဟု ပါမောက္ခ McNamara က ပြောသည်။
It's fair to say that disruption is inherent to the activity of protesting.Professor Luke McNamara, Faculty of Law and Justice, UNSW
“လူထုဆန္ဒပြမှုရဲ့ အဓိကအချက်ကတော့ ပြည်သူတွေကို ရပ်တန့်ပြီး ထုတ်ဖော်ပြောဆိုနေတဲ့ သတင်း စကားတွေကို နားထောင်ဖို့ တိုက်တွန်းဖို့ အာရုံစိုက်ဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။
၎င်းသည် ကွဲပြားသောပြဿနာဖြစ်ပြီး တရားစီရင်ပိုင်ခွင့်တစ်ခုစီသည် ကြီးကြီးမားမားအနှောင့် အယှက်ဖြစ်စေသူများကို ပြစ်ဒဏ်ချမှတ်သည်။
သို့သော်လည်း သြစတြေးလျတစ်ဝှမ်းတွင် အဓိက ဆိပ်ကမ်း၊ လမ်း သို့မဟုတ် သစ်ထုတ်လုပ်ရေး ဧရိယာကဲ့သို့သော အရေးကြီးသော စီးပွားရေးနေရာများတွင် ဆန္ဒပြခြင်း သို့မဟုတ် အလုပ်သွားခွင့်ကို တားမြစ်ခြင်းသည် ကန့်ကွက်ဆန့်ကျင်ရေး ဥပဒေများကို ကျူးလွန်နိုင်သည်။

University of South Australia မှ ဥပဒေပါမောက္ခ ဒေါက်တာ Sarah Moulds က လွန်ကဲသော ကိစ္စများတွင် သင်သည် အခြားသူများကို အခက်အခဲဖြစ်စေရန် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည် ဖြစ်စေ ထောင်ချခြင်းအပါအဝင် ပြင်းထန်သောပြစ်ဒဏ်များ ကြုံတွေ့နိုင်ရသည်ဟု ဆိုသည်။
“Adelaide မှာ ယခုအခါ သင်အများပြည်သူကို အနှောင့်အယှက်ပေးရင် ထောင်သုံးလကျဖို့ ဖြစ်နိုင် တယ်” ဟု သူမက ဆိုသည်။ “ဒါက တကယ်ကို ကျယ်ပြန့်တဲ့ ဥပဒေဖြစ်လို့ လမ်းပေါ် ဒါမှမဟုတ် အဆောက်အဦတွေဒါမှမဟုတ် လွှတ်တော် ရှေ့မှာ ဆန္ဒပြတာကို အဲဒီဥပဒေနဲ့ ဖမ်းလို့ရတယ်။”
ဩစတေးလျရှိ အခြားသောစံနှုန်းများတွင် ပိုင်နက်ကျူးလွန်မှု၊ ရုပ်ဖျက်ဝတ်ဆင်ကာ ဆန္ဒပြခြင်း၊ အရေးပေါ်ဝန်ထမ်းကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် စော်ကားသောဘာသာစကားကို အသုံးပြုခြင်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်စေခြင်းတို့ ပါဝင်သည်။
သို့သော် လက်တွေ့တွင်၊ အဖမ်းခံရသူအများစုသည် ဥပဒေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ရာရောက် သည်—ဥပမာ- အဆောက်အဦတစ်ခုပေါ်၌ မိမိတို့ကိုယ်ကို ကုပ်ကပ်ထားခြင်း သို့မဟုတ် တံတား တစ်ခု မှ ဆိုင်းဘုတ်ကို ဖြန့်ချခြင်းမျိုးဖြစ်သည်။
Strengthening laws
The Human Rights Law Centre သည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း ကန့်ကွက်သည့် ဥပဒေ ကြမ်း ၃၄ ခုကို အစီရင်ခံတင်ပြခဲ့ပြီး ၂၆ ခု အတည်ပြုခဲ့သည်။ ဒီဥပဒေအများစုဟာ ဆန္ဒပြဖို့ ခက်ခဲစေ ပါတယ်။
“အချုပ်အားဖြင့်တော့ ဆန္ဒပြပွဲတွေမှာ ရာဇ၀တ်မှုမြောက်တဲ့ လမ်းကြောင်းရှိတယ်လို့ ပြောနိုင်မယ် ထင်တယ်” ဟု ဒေါက်တာ Molds က ဆိုသည်။ “သူတို့က ရာဇ၀တ်မှုကျူးလွန်တဲ့ အကျင့်အမျိုး အစားက အချို့သောနေရာမှာ ဖြစ်ပျက်နေတဲ့ အကျင့်ပဲ”
ခွင့်ပြုချက် ရယူခြင်း။
သြစတြေးလျမှာ ဆန္ဒပြမှုရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုက တရားဝင် ခွင့်ပြုချက် ရယူခြင်း ဖြစ်ပါ တယ်။
အကယ်၍ သင်သည် ကြီးမားသောလူထုစုဝေးပွဲတစ်ခုပြုလုပ်ရန် စီစဉ်နေပါက ရဲတပ်ဖွဲ့ သို့မဟုတ် သင့်ဒေသန္တရအစိုးရထံ စာရေးခြင်းဖြင့် ခွင့်ပြုချက်တောင်းခံနိုင်သည်။
“ဒါဆို သင်ရဲ့ဆန္ဒပြမှုကို ပိတ်ဖို့ ရဲတွေက ကျင့်သုံးနိုင်တဲ့ အခွင့်အာဏာတချို့ကနေ ကင်းလွတ်ခွင့် ရမှာပါ” ဟု ပါမောက္ခ McNamara က ရှင်းပြသည်။
“ဥပမာအားဖြင့်၊ ခွင့်ပြုထားတဲ့ ဆန္ဒပြမှုဖြစ်ပြီး အဲဒီရည်ရွယ်ချက်အတွက် လမ်းတွေကို ပိတ်ဆို့ထား ရင် ဒါမှမဟုတ် လမ်းလျှောက်ချီတက်မှုကို ကြီးကြပ်မယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိ ခွင့်ပြုနိုင်ပါတယ်။”
ရဲတပ်ဖွဲ့က ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူစုလူဝေးကို ရွှေ့ပေးမည်မဟုတ်ကြောင်း ခွင့်ပြုချက် အချို့ကို သင့်အား ယုံကြည်စိတ်ချစေသည်။ ယင်းအစား ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြမှုကို ချောမွေ့စွာ လည်ပတ်စေပြီး ဆန္ဒပြသူများကို အကာအကွယ်ပေးသည်ဟု အာမခံနိုင်သည်။

ရဲက ဖမ်းရင် ဘယ်လိုလုပ်မလဲ။
ထိန်းသိမ်းခံရပါက ရှေ့နေထံ ဆက်သွယ်သင့်သည်။ ရပ်ရွာဥပဒေရေးရာစင်တာများသည် ဥပဒေ အကြံဉာဏ်များကို ပေးဆောင်ပြီး သင့်အခွင့်အရေးများကို လေးစားကြောင်း သေချာပါစေ။
စွဲချက်အများစုသည် ဒဏ်ငွေဒေါ်လာ ရာဂဏန်းအထိ ပေးဆောင်ရနိုင်သည်။
We do luckily live in a society where police and prosecutors and judges really still value this freedom and so haven't been applying the most serious penalties.Dr Sarah Moulds, Associate Professor, Law, University of South Australia
သင့်အခွင့်အရေးကို သိပါ။
ဩစတေးလျတစ်ဝှမ်းရှိ လူ့အခွင့်အရေးဥပဒေစင်တာ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့နှင့် သင့်ပြည်တွင်း အရပ်ဘက်လွတ်လပ်ခွင့်ဆိုင်ရာ ကောင်စီကဲ့သို့သော အဖွဲ့အစည်းများသည် ဆန္ဒပြခြင်းနှင့် ဥပဒေဆိုင်ရာ တိကျသောအချက်အလက်များကို ပေးဆောင်ပါသည်။








