ဩစတြေးလျနိုင်ငံမှာ ဒီနှစ် ဆဲလ်တွေကို အခြေခံပြီး ဖော်စပ်ထားတဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေး အသစ်ကို စတင်ထိုးပေးတော့မှာဖြစ်ပါတယ်။
ဒီတုပ်ကွေး ကာကွယ်ဆေး အမျိုးအစားဟာ ပုဂ္ဂလိက စျေးကွက်မှာ ၂၀၂၁ ခုနှစ်ကတည်းက ရရှိနိုင် ပေမယ့် ဩစတြေးလျ နိုင်ငံက အများပြည်သူသုံး ကျန်းမာရေး စနစ်မှာ ဒီနှစ်မှ စတင်အသုံးပြုမှာ ဖြစ် ပါတယ်။
ဒီကာကွယ်ဆေးဟာ အခုလောလောဆယ် ကမ္ဘာတလွှားမှာ ပျံ့နေတဲ့ တုပ်ကွေးရောဂါ အမျိုးအစားကို ကာကွယ်ကုသနိုင်ဖို့ အနီးစပ်ဆုံး ကာကွယ်ဆေးတစ်ခု ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
Share






