ဩစတြေးလျအစိုးရက တစ်နှစ်မှာ ပြည်ပက ဒုက္ခသည် ဦးရေ အယောက် ၂၀၀၀၀ လက်ခံ ခေါ်ယူသွားမယ်လို့ ပြောပါတယ်။
အရင်နှစ်တုန်းက တစ်နှစ်မှာ အယောက် ၁၇၈၇၅ ခေါ်ယူရာကနေ ၂၀၀၀၀ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာပါ။
ကမ္ဘာ့ပေါ်မှာ လူပေါင်း ၂ သန်းကျော် တခြားနိုင်ငံတစ်ခုမှာ အခြေချ နေထိုင်ဖို့ လိုအပ်နေပြီး မတည်ငြိမ်မှုတွေကြောင့် နေအိမ်ကနေ ရွှေ့ပြောင်းရသူက သန်း ၁၀၀ ရှိပါတယ်။