ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲဆိုထားတဲ့ အမှုပေါင်းက ၁၉ မှုရှိပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ကျခံရတဲ့အတွက် အခုလို ထောင်ဒဏ် ထပ်လျှော့ပေးလိုက်ပေမယ့် ထောင်ဒဏ် နှစ် ၂၀ ကျော် ကျန်ရှိနေတုန်းပဲလို့ သိရပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာလည်း အမှု ၈ မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရတဲ့အတွက် အရင်က လျှော့ပေါ့မှုနဲ့ ဒီတစ်ကျိန် လျှော့ချမှုကို ထည့်တွက်ရင်တောင် ထောင်ဒဏ် ၈ နှစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး အတွင်းရေးမှူး အောင်လင်းဒွေးရဲ့ အမိန့်အရ ထုတ်ပြန်ထားတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ဆက်စပ်ပြီး အမျိုးသားညီညွတ်ရေအစိုးရ အန်ယူဂျီရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကို မေးမြန်းတဲ့အခါမှာ ဒေါက်တာ ထွန်းအောင်ရွှေက အခုလို ဖြေကြားထားပါတယ်။