မင်္ဂလာနှစ်သစ်လို့ ပြောဆိုနေကြတဲ့ မြန်မာသက္ကရာဇ် ၁၃၈၅ နှစ်ဆန်းတစ်ရက်နေ့၊ မနေ့ကဟာ ပဇီကြီးဒေသခံ ၁၇၀ ကျော်ရဲ့ နာရေးရက်လည်နေ့ဖြစ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် မနက်ပိုင်း ၇ နာရီ ခွဲကျော်ခန့်မှာ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာထိပ်က နေအိမ်ခြံဝန်းတစ်ခုဆီကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။