ပဋိပက္ခတွေကြား ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာပဲ တရိပ်ရိပ်မြင့်တက်လာတဲ့ ရေဘေးကိုပါ ထပ်မံကြုံတွေ့ခဲ့ရပါတယ်။
အဲဒီလိုဘေးအန္တရာယ်သက်ရောက်မှုကို မြန်မာနိုင်ငံရဲ့ အဓိက မြစ်လေးသွယ်ဖြစ်တဲ့ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်နဲ့ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်နဲ့ ထိစပ်ရာ ဒေသတွေမှာ ကြုံတွေ့ခဲ့တာပါ။
နေ့စဉ်ရက်ဆက်ရွာတဲ့ မိုးရေချိန်ကြောင့် အထက်ပိုင်းကစလို့ အောက်ဆုံးပိုင်းအထိ မြစ်ရေချိန် စံချိန်ကျော် မြင့်တက်ခဲ့ပါတယ်။
Share






