သင့်ရဲ့ tax return အတွက် ပြင်ဆင်ခြင်း

Tax return

Source: Flickr

ဩစတြေးလျနိုင်ငံမှာ အလုပ်လုပ်ပြီး အခွန်ဆောင်သူတိုင်းဟာ ဇူလိုင်လ ၁ ရက်နေ့ ဘဏ္ဏာရေး နှစ်စချိန်ကစပြီး အရင်နှစ် ဘဏ္ဏရေး အတွင်း ရရှိတဲ့ ဝင်ငွေအားလုံးကို အာဏာပိုင်ကို အသိပေးရမှာ ဖြစ်ပါတယ်။


ဩစတြေးလျ အခွန်ရုံး Australian Taxation Office ATO ကနေ သင့်ရဲ့ ဝင်ငွေတွေကို ကြည့်ပြီး အခွန်ထပ်ဆောင်စရာ လိုမလို၊ ဒါမှမဟုတ် ပေးထားတဲ့အခွန်တွေထဲက တချို့တဝက် ပြန်ရဖို့ သင့်မသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ ပထမဆုံးအကြိမ် tax return လုပ်တာပဲ ဖြစ်ဖြစ် အကြိမ်ပေါင်းများစွာ လုပ်ဖူးသူပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သင်အခွန်အေးဂျင်းနဲ့ tax return လုပ်တာပဲ ဖြစ်ဖြစ် မိမိဖာသာ လုပ်တာပဲ ဖြစ်ဖြစ် အခွန်နဲ့ ပတ်သက်လာရင် သင့်ရဲ့ တာဝန် ဝတ္တရားတွေကိုလည်း သိထားဖို့ အရေးကြီးပါတယ်။  

Robert Thomson ဟာ အခွန်ရုံးက လက်ထောက် ကော်မရှင်နာတစ်ဦးဖြစ်ပြီး မိမိဖာသာ tax return လုပ်မယ်ဆိုရင် အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထား လုပ်ဆောင်နိုင်ပြီး အခွန်ဆိုင်ရာ အေးဂျင့်နဲ့ လုပ်မယ်ဆိုရင် အဲဒီထက်မက အချိန်ယူနိုင်တယ်လို့ ပြောပါတယ်။

ဂျူလိုင်လ အစောပိုင်းရက်တွေမှာ tax return ချက်ခြင်းမလုပ်ပဲ ခဏစောင့်ဆိုင်းသင့်တယ်လို့ သူက ပြောပါတယ်။

ဂျူလိုင်လ ၁ ရက်နေ့စပြီး tax return အတွက် လျှောက်နိုင်ပေမယ့် ကျနော်တို့အနေနဲ့ ဇူလိုင်လ ကုန်လောက်မှ လုပ်ကြဖို့ အကြံပြုချင်ပါတယ်။ အကြောင်းရင်းကတော့ ဇူလိုင်လကုန်လောက်မှာ ကျနော်တို့အနေနဲ့ လူတွေအတွက် tax return အချက်အလက် အများအပြားကို ကြိုတင် ဖြည့်ထားပေးသားဖြစ်ပါတယ်။ အဲဒီအထဲမှာ အလုပ်ရှင်နဲ့ဆိုင်တဲ့ အချက်အလက်၊ ဝင်ငွေကနေရတဲ့ အတိုးနှုန်း၊ ပုဂ္ဂလိက အာမခံဆိုင်ရာ အချက်အလက် စတဲ့အချက်အလက်တွေကို ကျနော်တို့က ကြိုတင် ဖြည့်ပေးထားတာမျိုး လုပ်ပေးပါတယ်။ အဲဒီတော့ tax return လုပ်တဲ့အခါမှာ အဲဒီအချက်အလက်တွေ ရှိပြီးသားဖြစ်လို့ ပိုမို လွယ်ကူမှာဖြစ်ပါတယ်။ ပိုမို မြန်ဆန်မှာ ဖြစ်သလို မေ့သွားတာမျိုးလည်း အဖြစ်နည်းသွားမယ်လို့ သူက ပြောပါတယ်။

အခွန်ဌာနက ကြိုတင်ဖြည့်ပေးတဲ့ အချက်အလက်တွေထဲမှာ သင် အစိုးရဆီက ရတဲ့ ကူညီပံ့ပိုးရေးငွေကြေးအချက်အလက်တွေလည်း ပါဝင်တယ်လို့ Services Australia ရဲ့ Community Information Officer Justin Bott က ပြောပါတယ်။

ဂျူလိုင် လလယ်လောက်ကစပြီး သင် စင်တာလင့်ခ်က ရတဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ payment summary တွေကို ကျနော်တို့ အသိပေးမှာဖြစ်ပြီး အကယ်၍သင်က ကျနော်တို့ဆီက ဝန်ဆောင်မှု ရရှိသူဆိုရင် အဲဒီ အချက်အလက်တွေကို သင်ရရှိမှာ ဖြစ်ပါတယ်။  အဲဒီအထဲမှာ ကျနော်တို့ဆီကနေ ရတဲ့ တစ်နှစ်စာ ထောက်ပံ့ကြေးတွေထဲက အခွန်ဆောင်စရာ လိုတဲ့ ငွေကြေးနဲ့ အခွန်ဆောင်စရာ မလိုတာတွေကိုလည်း ဖော်ပြထားတာဖြစ်ပါတယ်။ အဲဒါ့အပြင် သင့်ကိုယ်စား အခွန်တွေအတွက် နှုတ်ပေးဖို့ တောင်းဆိုထားရင်လည်း အဲဒီ အချက်အလက်တွေပါ ပါဝင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ 

Family Tax Benefit ဒါမှမဟုတ်Childcare Subsidy တွေ ရတဲ့လူတွေအနေနဲ့ ဘဏ္ဏရေး နှစ်ကုန်တဲ့အခါမှာ payments balance တွေ ရရှိမှာ ဖြစ်ပါတယ်။

Services Australia က အဲဒီအတွက်  balancing လုပ်တာဖြစ်ပြီး သင်အရင်တုန်းက ပြောထားတဲ့ သင့်ရဲ့ ဝင်ငွေနဲ့ တကယ့်ဝင်ငွေက ကိုက်မကိုက် ချိန်ထိုးကြည့်ပြီး တခါတရံ ဝင်ငွေကို လျှော့ပြောမိရာက အခွန်ဆောင်ငွေ နည်းပြီး စင်တာလင့်ခ် ဖက်က ပေးတာများသွားရင် ပြန်ပေးရတာမျိုး လုပ်ရနိုင်သလို တခါတရံ ဝင်ငွေ ပိုပိုသာသာ ပြောပြထားလို့ ထောက်ပံ့ကြေးအရ နည်းသွားရင်လည်း services Australia က နေ ငွေကြေး ပြန်ထည့်ပေးတာမျိုး လုပ်နိုင်ပါတယ်။

Family tax benefit ရရှိသူ ဒါမှမဟုတ် childcare subsidy  ရရှိတဲ့လူတွေအနေနဲ့ tax return  လုပ်ကြဖို့ အရေးကြီးပါတယ်။ သူတို့ကိုယ်တောင် ဒါမှမဟုတ် သူတို့ရဲ့ အိမ်ထောင်ဖက်က Tax return  လုပ်ဖို့ မလိုဘူးဆိုရင်လည်း မလိုတဲ့အကြောင်း ကျနော်တို့ကို ပြောပြသင့်ပါတယ်။  အကြောင်းရင်းကတော့ ကျနော်တို့ အဲဒီ အချက်အလက်တွေကို အလိုအလျောက် မသိနိုင်တဲ့အတွက် ကျနော်တို့ သိရအောင် ပြောပြသင့်ပါတယ်။  အဲဒီတော့ tax return လုပ်စရာ မလိုဘူးဆိုရင်လည်း ကျနော်တို့ကို ပြောပြရမှာ ဖြစ်ပါတယ်။ အဲဒီ အချက်အလက်တွေကို ကျနော်တို့ သိရတဲ့အခါမှာ သူတို့ကို ငွေပြန်တောင်းရမလား ဒါမှမဟုတ် ငွေဖြည့်ပေးရမလား ဆိုတာကို ကျနော်တို့က balancing လုပ်တယ်လို့ ပြောပါတယ်။ 

အကယ်၍ မိမိဟာ နေအိမ်ကနေ အလုပ်လုပ်သူဆိုရင်လည်း အလုပ်နဲ့ ပတ်သက်တဲ့အရာတွေအတွက် ကုန်ကျခံ၇တဲ့အခါမှာ အဲဒီကုန်ကျမှုအတွက် မှတ်တမ်းတွေ စာရင်းတွေ ထားရှိသင့်ပါတယ်။

နေအိမ်ကနေ အလုပ်လုပ်သူတွေအတွက် မိမိရဲ့  ကုန်ကျစရိတ် တွက်ချက်တဲ့နည်းလမ်း နှစ်မျိုး ရှိပါတယ်။ 

သင့်ရဲ့ ကုန်ကျစရိတ်ကို သက်သေထားတဲ့အနေနဲ့ ပြေစာတွေကို ဓာတ်ပုံရိုက်ထားတာတွေ ဒါမှမဟုတ် myDeductions ဆိုတဲ့ နေရာကို သွားပြီး ကုန်ကျစရိတ်တွေကို မှတ်သားထားပေးတဲ့ ATO ရဲ့ app ကိုလည်း အသုံးပြုနိုင်ပါတယ်။

ပထမဆုံးအကြိမ် ဩစတြေးလျနိုင်ငံမှာ tax return လုပ်မယ့် လူတွေအနေနဲ့ အရင် ဘဏ္ဏာရေးနှစ်အတွက် tax return လုပ်ဖို့ လိုမလို မေးမြန်းစုံစမ်းကြည့်သင့်တယ်လို့ ပြောပါတယ်။ မလိုဘူးဆိုရင်တောင် ATO ကို non-lodgement advice လုပ်လိုကြောင်း အသိပေးသင့်ပါတယ်။


Tax return နဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ဆောင်နိုင်သလဲ ဘယ်နေရာမှာ ပံ့ပိုးကူညီမှု ရယူနိုင်သလဲ ဆိုတဲ့အကြောင်း Mr Thomson က အခုလို ရှင်းပြထားပါတယ်။

MyTax ကနေတဆင့် အွန်လိုင်းမှာ tax return လုပ်နိုင်သလို မှတ်ပုံတင်ထားတဲ့ tax agent နဲ့လည်း လုပ်ဆောင်နိုင်သလို အွန်လိုင်းမဟုတ်ပဲ ဖောင်စာရွက်နဲ့ တင်တာမျိုးလည်း လုပ်နိုင်ပါတယ်။ Tax Clinic အစီအစဥ်တွေလည်း ရှိပြီး အဲဒီ အစီအစဥ်တွေကို ပြည်ထောင်စု အစိုးရက ချပေးတာဖြစ်ပြီး tax return အကူအညီလိုတဲ့ လူတွေကို အကူအညီပေးနိုင်ဖို့အတွက် ထားရှိပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် Tax Help program ဆိုတဲ့ အစီအစဥ်လည်း ရှိပြီး သူကတော့ တစ်နှစ်ကို ဝင်ငွေ ခြောက်သောင်းအောက်ရတဲ့ လူတွေအတွက် ထားရှိပေးတာ ဖြစ်ပါတယ်။

 
ငွေကြေးအခက်အခဲရှိနေတဲ့လူတွေ၊ စိတ်သောကရောက်နေတဲ့လူတွေကို ငွေရေးကြေးရေးဆိုင်ရာ နှစ်သိမ့်အကြံပေးသူ၊ တရားရေးရာဌာနကလူတွေပြီးတော့ Lifeline လိုအဖွဲ့စတဲ့ လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းတွေက ကျမတို့ဆီ ညွန်းလာတဲ့အခါမှာ ကျမတို့က ကူညီတာ ဖြစ်ပါတယ်။ ကျမတို့ဟာ National Tax Clinic Program  ရဲ့အစိတ်အပိုင်းဖြစ်ပြီး ကျမတို့ကို ပြည်ထောင်စု အစိုးရက ပံ့ပိုးထားပြီး ATO က ကြီးကြပ်ပေးတာပါ။ ဒါပေမဲ့ ကျမတို့အားလုံး ကိုယ်စီ သီးသန့်လွတ်လပ်တဲ့အဖွဲ့ဖြစ်ကြပါတယ်။ ဩစတြေးလျနိုင်ငံတလွှားမှာ အဲဒီလို clinics ၁၅ ခု လောက်ရှိတယ်လို့ ရှင်းပြထားပါတယ်။

ဩစတြေးလျနိုင်ငံအများအပြားဟာ သူတို့ရဲ့ tax return ကို ကိုယ်တိုင် လုပ်မဲ့အစား အများအားဖြင့် tax agent တွေကို အသုံးပြုလေ့ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ အီတလီနိုင်ငံပြီးရင် tax agent တွေကို ဒုတိယ အများဆုံး သုံးတဲ့နိုင်ငံက ဩစတြေးလျနိုင်ငံ ဖြစ်ပါတယ်။

ပါမောက္ခ Kayis-Kumar တွဲဖက် ဦးဆောင်တဲ့ သုတေသနအဖွဲ့ရဲ့ လေ့လာမှုအရ အခွန်အေးဂျင့်ကို သုံးတာက tax return ငွေ သိသိသာသာ ပိုရစေတာမျိုး မဖြစ်စေပဲ တစ်နှစ်စာ ဝင်ငွေက အနည်းဆုံး ဒေါ်လာ တစ်သိန်းရှစ်သောင်းအောက် ရှိသူတွေအတွက် ပိုပြီး သိသိသာသာ အကျိုးရှိတယ်လို့ ဆိုပါတယ်။

 အခွန်အေးဂျင့်ကို အသုံးပြုပြီဆိုရင်လည်း မှတ်ပုံတင်ထားတဲ့ အေးဂျင့်ကို အသုံးပြုဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။

 အထူးသတိပြုရမှာက tax return ကာလမှာ ATO အခွန်ရုံးက လူတွေလို ဟန်ဆောင်ပြီး ငွေတွေလိမ်၊ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် ရယူတဲ့ လူတွေကို အထူးသတိထားဖို့လည်း လိုအပ်ပါတယ်။

Mr Thomson ရဲ့ အဆိုအရ ၂၀၂၃ ခုနှစ်တုန်းက အခွန်ရုံးကလို ဟန်ဆောင်ပြီး လူတွေရဲ့ အချက်အလက်ကို လိမ်လည် တောင်းခံမှု ၆၀% လာတယ်လို့ ဆိုပါတယ်။ မိမိရဲ့ နာမည်၊ နေရပ်လိပ်စာ၊ myGov ID, Tax File number နဲ့ credit card စတဲ့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ယူပြီး မိမိလို ဟန်ဆောင်သွားတာမျိုး လုပ်ကြတာလို့ ပြောပါတယ်။

 သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မပေးခင်မှာ အရင်ဆုံး ရပ်တန်းက ရပ်ပြီး ဆန်းစစ်မှုလုပ်ပါ ပြီးရင် မိမိကိုယ်ကို ကာကွယ်မှုလုပ်လိုက်ပါ။ အဲဒီလူကို မယုံကြည်ရင် သူတို့ကို သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် ဘယ်တော့မှ မပေးပါနဲ့။ အကယ်လို့ သူတို့က သင့်ရဲ့ အချက်အလက်ကို တောင်းပြီဆိုရင် ဒါဟာ လူလိမ်တွေဖြစ်နိုင်တယ် ဒါမှမဟုတ် စာကနေ MyGov အကောင့်အတွက် ဒါကို နှိပ်လိုက်ပါလို့ ပြောရင် မနှိပ်လိုက်ပါနဲ့။ သူတို့ပေးထားတဲ့ လင့်ခ်ကို မသုံးပဲ MyGov သို့မဟုတ် ATO အကောင့်တွေကို မိမိဖာသာ ဟုတ်မဟုတ် သီးသန့် ဝင်ကြည့်တာမျိုးလုပ်ပြီး တခုခု မှားနေရင် ကျနော်တို့ကို ချက်ခြင်း ဆက်သွယ်ဖို့ ပြောဆိုပါတယ်။

Share
Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service