၂ နှစ်ကာလအတွင်း တစ်နိုင်လုံးအနှံ့ နားရည်ဝသလိုဖြစ်နေတဲ့ သေနတ်သံတွေဟာ လက်ရှိကာလအထိ အကြိမ်ကြိမ်ထွက်ပေါ်နေဆဲပါ။
သေနတ်သံသာမက လက်နက်ကြီးပစ်ခံသံတွေ၊ လေကြောင်းတိုက်ခိုက်မှုအသံတွေက ဒေသအသီးသီးမှာရှိတဲ့ ပြည်သူလူထုတွေကို ခိုလှုံရာ နေအိမ်တွေကနေ စွန့်ခွာစေခဲ့ပါတယ်။
အာဏာသိမ်းချိန်ကနေ အခုအချိန်ထိ စစ်ပြေးဒုက္ခသည် ၁.၉ သန်းကျော်ရှိနေပြီလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ ISP - Myanmar က ထုတ်ပြန်ထားပါတယ်။
Share






