ထိုင်း-မြန်မာ နယ်စပ် ကရင်နီ ဒုက္ခသည်စခန်းကနေ ဩစတြေးလျနိုင်ငံကို ရောက်လာတဲ့ Silverbell Morris ဟာ အသက် ၁၂ နှစ်အရွယ်မှာ ဘောလုံးစတင်ကစားခဲ့ပြီး အခုဆိုရင် Western United ဆိုတဲ့ မဲလ်ဘုန်းမြို့က ကလပ်မှာ နောက်တန်းကစားသမားအနေနဲ့ ကစားနေပါတယ်။
သူဟာ Junior Matildas မှာ ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှားမှာ ယှဥ်ပြိုင်တုန်းက ဩစတြေးလျ အသင်းက ဗိုလ်စွဲခဲ့ပါတယ်။
သူဟာ ဩစတြေးလျနိုင်ငံ အမျိုးသမီး ဘောလုံးအသင်းဖြစ်တဲ့ Matildas မာတေးလ်ဒါစ်မှာ ကစားဖို့ လေ့ကျင့်ခဲ့ပေမယ် ဒဏ်ရာရရှိသွားလို့ ဒီတချီမှာ မရခဲ့ပေမယ့် Western United အသင်းမှာ ကစားခွင့်ရလို့ ပျော်ရွှင်နေတဲ့အကြောင်းနဲ့ အဲဒီအသင်းမှာ အမေရိကန်နဲ့ မာတေးလ်ဒါစ်က ကစားသမား တချို့နဲ့လည်း အတူတူ ကစားနေတဲ့အကြောင်းနဲ့ ကမ္ဘာ့ဖလားနဲ့ ဆက်စပ်တဲ့ အကြောင်းတွေကို မေးမြန်းထားတဲ့အခါ Silverbell Morris က အခုလို ပြောပြပါတယ်။






