လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးသုံး ပစ်ခတ်မှုတွေနဲ့ သေနတ်သံတွေဟာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရတာပါ။
ပြည်နယ်တွင်း လူဦးရေရဲ့ ထက်ဝက်ကျော်ဟာလည်း စစ်ဘေးရှောင်အဖြစ်ရောက်နေတာကြောင့် ဒေသတွင်း အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာခြင်းဟာ ပြည်သူတွေရဲ့ အားကိုးရာဖြစ်နေပါတယ်။