သူတို့တွေအတွက် စစ်ရှောင်ကာလတွေ ကြာမြင့်လာတာနဲ့အမျှ ဘဝရပ်တည်နေထိုင်ရေးအတွက် ရရာနည်းလမ်းအမျိုးမျိုးနဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
အတည်တကျရှိခဲ့တဲ့ လုပ်ငန်းခွင်တွေကိုကျောခိုင်းခဲ့ရသလို စစ်ရှောင်ဘဝမှာတော့ အလုပ်လုပ်ကိုင်ဖို့မှာလည်း မလွယ်ကူလှပါဘူး။