SKIP TO MAIN CONTENT

တူဗားလူးနိုင်ငံသား ထောင်ချီ ရာသီဥတု ဗီဇာလျှောက်ထား

Small Island countries plead for climate change action
Tuvalu နိုင်ငံမှာ လူအများဆုံးနေထိုင်ကြတဲ့ Funafuti Source: AFP

Tuvalu တူဗားလူး ဆိုတဲ့ ပစိဖိတ်ဒေသက ကျွန်းနိုင်ငံငယ်လေးရဲ့ လူဦးရေ ၃ ပုံ ၁ ပုံကျော်ဟာ ဩစတြေးလျနိုင်ငံမှာ ပြောင်းလဲ နေထိုင်ခွင့် ရဖို့ ဗီဇာတွေ လျှောက်ထားကြပါတယ်။


Published

By Tee Mitchell

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

Tuvalu တူဗားလူး ဆိုတဲ့ ပစိဖိတ်ဒေသက ကျွန်းနိုင်ငံငယ်လေးရဲ့ လူဦးရေ ၃ ပုံ ၁ ပုံကျော်ဟာ ဩစတြေးလျနိုင်ငံမှာ ပြောင်းလဲ နေထိုင်ခွင့် ရဖို့ ဗီဇာတွေ လျှောက်ထားကြပါတယ်။


တူးဗားလူးနိုင်ငံဟာ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရာက

တဖြေးဖြေး ပင်လယ်အောက် ရောက်သွားမယ်လို့ သိပ္ပံပညာရှင်တွေ ခန့်မှန်းထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဩစတြေးလျနဲ့ တူဗားလူးနိုင်ငံတို့အကြား ရာသီဥတုဆိုင်ရာ ဗီဇာ သဘောတူညီချက်ကို

ချုပ်ဆိုပြီးတဲ့နောက် တူဗားလူး နိုင်ငံသား ၃ ပုံ ၁ ပုံကျော်က အဲဒီဗီဇာရဖို့ လျှောက်ထားကြတာ

ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ဗီဇာအတွက် ကံစမ်းကြဖို့ တူဗားလူးနိုင်ငံသား ၃ ပုံ ၁

ပုံကျော်က စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက ရာသီဥတုပြောင်းလဲမှုကြောင့် တူဗားလူးနိုင်ငံဟာ နှစ် ၈၀ ကာလအတွင်းမှာ

ပင်လယ်ရေမျက်နှာပြင်အောက် ရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၅၀

ပြည့်နှစ်လောက်ကြရင် တူဗားလူးရဲ့ မြို့တော် Funafuti ရဲ့ တဝက်လောက်ဟာ နေ့စဥ်

ဒီရေအတက်အကျနဲ့တင် ရေအောက် ရောက်သွားနိုင်တယ်လို့ နာဆာ သိပ္ပံပညာရှင်တွေက

ခန့်မှန်းထားပါတယ်။ တူဗားလူးနိုင်ငံရဲ့ မြို့တော် Funafuti မှာ နိုင်ငံရဲ့ လူဦးရေ ၆၀ % နေထိုင်ကြတာ

ဖြစ်ပြီး လောလောဆယ် နိုင်ငံရဲ့ ဟိုဖက် ဒီဖက် ချိတ်ဆက်ပေးတဲ့ လမ်းမကြီးတချို့အစိတ်အပိုင်းဟာ

ပင်လယ် တဖက်စီနဲ့ ဝိုင်းရံနေပြီး ပင်လယ်တဖက်နဲ့ တဖက်အကြားမှာ လမ်းမက မီတာ ၂၀ တော့သာ

ရှိတော့တာ ဖြစ်ပါတယ်။

တူဗားလူး နိုင်ငံသားတိုင်းက သူတို့နိုင်ငံကနေ မထွက်ခွာချင်ကြဘူး ဆိုတဲ့အချက်ကို

နားလည်ဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။

နိုင်ငံကနေ ထွက်ခွာဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက် ဖြစ်သလို အရေးကြီးတဲ့

ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က တခြားအရာတွေနဲ့လည်း ဆက်စပ်နေပါတယ်

ဥပမာ မိသားစုကို ပံ့ပိုးရေး၊ အနာဂတ်လမ်းကြောင်း ကောင်းမွန်ရေး၊ ပညာရေး ရရှိမှုနဲ့

ဩစတြေးလျနိုင်ငံမှာ ရနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိရေးစတဲ့အချက်အလက်တွေလည်း ပါဝင်တယ်လို့

ပြောပါတယ်။

တချို့လူတွေက တူဗားလူးကနေ မထွက်ခွာချင်ပေမယ့် တချို့လူတွေအတွက် ရွေးချယ်စရာ

မရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်ကစပြီး ဩစတြေးလျ အစိုးရဟာ climate ဗီဇာအပေါ် စိတ်ဝင်စားတဲ့ လူတွေအတွက်

ပထမဆုံးအကြိမ် မဲဖောက်ပေးဖို့ ကြေညာခဲ့ပြီး အဲဒီ ကံစမ်းမဲအတွက် စိတ်ဝင်စားရင်

စာရင်းသွင်းထားကြဖို့ ပြောဆိုခဲ့ပါတယ်။ ဩစတြေးလျနဲ့ တူဗားလူး အစိုးရတို့အကြား Falepili Union

ဆိုတဲ့ သဘောတူညီမှုကို ရေးထိုးကြပြီး တူဗားလူးဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး

စာချုပ်ရဲ့ အဓိပ္ပာယ်ကတော့ ပိတ်နေတဲ့ အိမ်တွေမှာ နေထိုင်တဲ့ အိမ်နီးချင်းများလို့ အဓိပ္ပာယ်ရပါတယ်။

ပါမောက္ခ Stephen Howes ဟာ Australian National University Development Policy Centre ရဲ့

ဒါရိုက်တာဖြစ်ပြီး အဲဒီ ဗီဇာအတွက် မဲပေါက်ရင် ဩစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တွေ

ရမယ်လို့ ပြောပါတယ်။

ဒီဗီဇာက ရက်ရောမှု ရှိတဲ့ ဗီဇာပါပဲ။ အများအားဖြင့် ဩစတြေးလျနိုင်ငံကိုရွှေ့ပြောင်းနေထိုင်တဲ့အခါမှာ တချို့အခွင့်အရေးတွေရဖို့အတွက် နှစ်အနည်းငယ် စောင့်ဆိုင်းရပါတယ်။

ဒါပေမဲ့ ဒီဗီဇာနဲ့ လာရင် အတော်များများကို စောင့်ဆိုင်းစရာ မလိုပါဘူး။ သူတို့ဟာ

ဩစတြေးလျနိုင်ငံကို လာတာနဲ့ အလုပ်မရှိတဲ့ ကာလအတွင်း စင်တာလင့်ခ် ထောက်ပံ့ကြေးတော့

ခံစားခွင့် မရှိပါဘူး။ ဒါပေမဲ့ မယ်ဒီကဲ ကျန်းမာရေး စောင့်ရှောက်ခွင့်ရပြီး family benefit နဲ့

ပညာသင်ယူဖို့ အခွင့်အရေးတွေ ရမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

တူဗားလူးနိုင်ငံမှာ climate ဗီဇာအပေါ် စိတ်ဝင်စားမှု များလှပါတယ်။ လူဦးရေ တစ်သောင်းလောက်ရှိတဲ့

တူဗားလူးနိုင်ငံမှာ ၃ ပုံ ၁ ပုံ နီးပါးက အဲဒီဗီဇာရဖို့အတွက် လျှောက်လွှာတွေတင်ပြီး ကံစမ်းမဲ အစီအစဥ်မှာ

ပါဝင်ဖို့ လုပ်ဆောင်နေကြပါတယ်။

လူအယောက် သုံးထောင်ကျော်က ကံစမ်းမဲမှာ ပါဝင်ဖို့ စာရင်းသွင်းထားကြပေမယ့်

ပထဆုံးအသုတ်အတွက် လူ အယောက် ၂၈၀ ကိုသာ ဗီဇာ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကံစမ်းမဲ စနစ်နဲ့သာ

ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ကံစမ်းမဲ့ ပိတ်ရက်က ဇူလိုင်လ ၁၈ ရက် ဖြစ်ပါတယ်။

Scientia Professor of Law နဲ့ နယူးဆောက်ဝေးလ်တက္ကသိုလ် ဆစ်ဒနီရဲ့ Kaldor Centre for

International Refugee Lawကို တည်ထောင်တဲ့ ဒါရိုက်တာဖြစ်သူ ပါမောက္ခJane McAdam က ဒီလို

သဘောတူညီမှုဟာ ရာသီဥတု ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပထမဆုံးသော ဗီဇာဖြစ်တယ်လို့

ပြောပါတယ်။

ဒါပေမဲ့ ဗီဇာမှာ ရာသီဥတု ပြောင်းလဲခြင်း ဆိုတဲ့ စကားလုံးကို ထည့်မသွင်းထားပါဘူး။ ဒေသအတွင်းမှာ

ကြုံနေရတဲ့ ရာသီဥတု ပြောင်းလဲမှုကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ သဘောတူညီမှုတော့ ဟုတ်ပါတယ်၊

ဒီသဘောတူညီမှုကနေ ဩစတြေးလျ အနေနဲ့ ရရှိလိုက်တဲ့ လုပ်ပိုင်ခွင့် တစ်ခုက တူဗားလူးရဲ့ လုံခြုံရေး

အစီအစဥ် ဒါမှမဟုတ် လုံခြုံရေး ပါတနာရှစ်တွေနဲ့ ပတ်သက်လာရင် ဩစတြေးလျမှာ

ဗီတိုအာဏာရရှိခြင်းဖြစ်ပါတယ်။ သဘောတူညီချက်အရ တူဗားလူးဟာ သူ့ရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့

သဘောတူညီမှုနဲ့ ပတ်သက်ရင် ဩစတြေးလျရဲ့ ခွင့်ပြုချက်ကို ရယူရမှာဖြစ်ပါတယ် ဒါကို

ကြည့်ခြင်းအားဖြင့် တရုတ်ကို ရည်ရွယ်တဲ့ သဘောတူညီမှု ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေတယ်လို့

သုံးသပ်ထားပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now