အာဏာရှင်စနစ်ကို လက်မခံကြောင်း တုန့်ပြန်ခဲ့ရာမှာလည်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် အညာဒေသအတွင်းမှာတင် အိမ်ခြေပေါင်း ၅ သောင်းနီးပါး မီးရှို့ခံခဲ့ရပါတယ်။
ဒီလိုဖိနှိပ်မှုတွေရှိနေပေမယ့်လည်း လက်နက်ကိုင် တော်လှန်စစ်အသွင်နဲ့ရော မြေပြင်သပိတ်တွေနဲ့ပါ လုပ်ဆောင်သွားမယ်လို့ ပြောဆိုနေကြပါတယ်။ သံလွင်ခက်ရဲ့ ပေးပို့ချက်ကို နားဆင်နိုင်ပါပြီ။