Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

စာချုပ် (Treaty) ဆိုတာ ဘာလဲ၊ ဌာနေတိုင်းရင်းသားတွေ သင့်ကိုဘာတွေ သိစေချင်သလဲ

First Peoples Assembly Gather In Gardens Of Parliament In Victoria

The First Assembly of First Nations of Victoria pose for a group portrait, Victoria's indigenous body negotiating a state treaty gathered at the Victorian Legislative Assembly for its first session after the election on July 26, 2023 in Melbourne, Australia. Credit: Tamati Smith/Getty Images

သြစတြေးလျကို ပြောင်းလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ တစ်ယောက်အနေနဲ့ နိုင်ငံသစ်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို နားလည်ဖို့၊ လေးစားဖို့ လိုတယ်ဆိုတာကို သင် သေချာပေါက် သိပြီးသား ဖြစ်မှာပါ။ သြစတြေးလျဟာ ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander လူမျိုးတွေရဲ့ နေအိမ်ဖြစ်ပြီး သူတို့ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ယဉ်ကျေးမှုတွေ ဆက်လက် ကျင့်သုံးနေတဲ့ လူေတွ ဖြစ်ကြပါတယ်။


Published

By Nikyah Hutchings

Presented by Mu Laing Thein

Source: SBS



Share this with family and friends


သြစတြေးလျကို ပြောင်းလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ တစ်ယောက်အနေနဲ့ နိုင်ငံသစ်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို နားလည်ဖို့၊ လေးစားဖို့ လိုတယ်ဆိုတာကို သင် သေချာပေါက် သိပြီးသား ဖြစ်မှာပါ။ သြစတြေးလျဟာ ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander လူမျိုးတွေရဲ့ နေအိမ်ဖြစ်ပြီး သူတို့ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ယဉ်ကျေးမှုတွေ ဆက်လက် ကျင့်သုံးနေတဲ့ လူေတွ ဖြစ်ကြပါတယ်။


Key Points

  • A treaty is a formal agreement between governments and Aboriginal and Torres Strait Islander peoples
  • Many First Nations people see treaty as a step toward justice, respect, and better relationships in the future.
  • A national treaty would create a single, country-wide agreement for recognising Aboriginal and Torres Strait Islander rights across Australia.

ဒါပေမဲ့ တခြားနိုင်ငံတွေနဲ့ မတူတာက သြစတြေးလျမှာ သူ့ရဲ့ ဌာေနတိုင်းရင်းသားေတွကို နိုင်ငံေတာ်အဆင့်မှာ စာချုပ် Treaty နဲ့ အသိအမှတ်ပြုမှု မရှိသလို သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း အသိအမှတ်ပြုထားတဲ့ အမျိုးသားအဆင့် စာချုပ် တစ်ခု မရှိသေးပါဘူး။

ဒီ Australia Explained အစီအစဥ်မှာ စာချုပ်ဆိုတာ ဘာလဲ၊ ဌာနေတိုင်းရင်းသားတွေအတွက် ဘာကြောင့် အရေးပါသလဲ၊ ပြီးတော့ သြစတြေးလျတစ်ဝန်းမှာ အခု ဘာတွေ ဖြစ်နေသလဲဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

What is the difference between Aboriginal land rights, native title and treaty?

Although often discussed together, these terms mean different things:

  • Land rights: Laws created by governments that return certain areas of Crown land to Aboriginal and Torres Strait Islander peoples, usually managed by land councils.   
  • Native title: Legal recognition that some First Nations people still hold rights to their land and waters under their traditional laws and customs.   
  • Treaty: A formal agreement between governments and First Nations peoples.   

Together, these approaches aim to deliver justice, recognition, and self-determination for First Nations peoples.

Australians Observe Australia Day Holiday
Protesters march from Parliament House to Flinders Street Station during the Treaty Before Voice Invasion Day Protest on January 26, 2023, in Melbourne, Australia. (Photo by Alexi J. Rosenfeld/Getty Images) Credit: Alexi J. Rosenfeld/Getty Images

What does a treaty mean in Australia?

စာချုပ် treaty ဆိုတာက ဥပဒေအရ အတည်ဖြစ်တဲ့ သဘောတူညီချက်မျိုးပါ။ အဖွဲ့အစည်း တွေအကြား ဒါမှမဟုတ် ပါတီအချင်းချင်း အကြား ညှိနှိုင်းပြီး ချုပ်ဆိုထားတဲ့ စာချုပ် ဖြစ်ပါတယ်။ ဥပမာ- ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander လူမျိုးတွေ နဲ့ သြစတြေးလျအစိုးရ ကြားမှာ ချုပ်ဆိုတဲ့ စာချုပ်မျိုး ဖြစ်ပါတယ်။

ဗြိတိသျှတွေဟာ ဌာနေတိုင်းရင်းသားတွေ ပိုင်တဲ့ မြေပေါ်ကို အခြေချတုန်းက အဲဒီမြေကို 'terra nullius' လို့ ကြေညာခဲ့ပါတယ်။ အဓိပ္ပာယ်က ဘယ်သူမှ မပိုင်တဲ့ မြေလို့ ဆိုလိုတာပါ။ ဒါကြောင့် သူတို့က ဌာနေတိုင်းရင်းသားတွေနဲ့ မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဘာမှ ညှိနှိုင်းစရာ မလိုဘူးလို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ ဌာနေတိုင်းရင်းသား သြစတြေးလျတွေ အများစုကတော့ ဒါကို "မပြီးပြတ်နိုင်သေးတဲ့ ကိစ္စ" လို့ သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။

စာချုပ်တွေဟာ အချုပ်အခြာအာဏာကို အသိအမှတ်ပြုခြင်းအပေါ်မှာ အခြေခံထားတာပါ။ ဒါပေမဲ့ စာချုပ်တွေက ပုံစံအမျိုးမျိုး ရှိနိုင်သလို ကိစ္စရပ်ပေါင်းစုံ အ‌ပေါ် အကျုံးဝင်နိုင်ပါတယ်။ အဲဒီအထဲမှာ မြေယာတွေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု၊ သယံဇာတပစ္စည်းတွေကို မျှဝေသုံးစွဲမှု၊ အတူတကွ အုပ်ချုပ်မှု စတဲ့ သဘောတူညီချက်တွေ ပါနိုင်ပါတယ်။

အမေရိကန်၊ ကနေဒါ၊ နယူးဇီလန် လို နိုင်ငံတွေမှာ သူတို့ရဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ သဘောတူ စာချုပ် ချုပ်ဆိုတာ ရှိပေမဲ့ အဲဒီနိုင်ငံတွေနဲ့ မတူဘဲ သြစတြေးလျမှာ သူ့ရဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ ဘယ်တုန်းကမှ သဘောတူ စာချုပ်ချုပ်ဆိုခဲ့တာ မရှိသေးပါဘူး။

ဌာနေတိုင်းရင်းသား ရှုထောင့်က ကြည့်မယ်ဆိုရင် စာချုပ်ဆိုတာက အတိတ်က ဖြစ်ခဲ့တာတွေကို အသိအမှတ်ပြုခြင်း၊ သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးခြင်း၊ ပြီးတော့ ဌာနေတိုင်းရင်းသား လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ သူတို့ကို ပါဝင်ခွင့်ပေးရေးနဲ့ သူတို့ရဲ့ အသံ ရှိစေဖို့ သေချာအောင် လုပ်ဆောင်ထားခြင်းပဲ ဖြစ်ပါတယ်။

ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ Harry Hobbs က အခုလို ရှင်းပြထားပါတယ်။

"ဖြစ်သင့်တဲ့ အနေအထားအရ စာချုပ်တွေချုပ်ဆိုဖို့ ဌာနေတိုင်းရင်းသား Aboriginal and Torres Strait Islander လူမှုအသိုင်းအဝိုင်းကတစ်ဖက်၊ ပြည်နယ်နဲ့ ဗဟိုအစိုးရတွေက တစ်ဖက်နေပြီး အပေးအယူလုပ် ညှိနှိုင်းသင့်ပါတယ်။ အကြောင်းရင်းက သြစတြေးလျ ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာတွေကို ဗဟိုပါလီမန်နဲ့ ပြည်နယ်ပါလီမန်တွေကြား ခွဲဝေထားတဲ့အတွက်ဖြစ်တယ်။" လို့ ပြောပါတယ်။

A man and two women standing near each other and smiling, in front of a wall that has a mural of people marching with signs displaying First Nations messages.
(from left to right) Former Queensland Truth-Telling and Healing Inquiry chairperson Joshua Creamer, NSW Treaty Commissioner Naomi Moran and co-chair of the First Peoples' Assembly of Victoria Ngarra Murray. Credit: NITV / The Point

အဲဒီတော့ စာချုပ်က ဘာလို့ အရေးကြီးရတာလဲ?

သြစတြေးလျမှာ ရှိတဲ့ ဌာနေတိုင်းရင်းသားတွေအကြားမှာ ဘာသာစကား မတူညီမှုနဲ့ နယ်မြေဒေသ မတူညီကြတဲ့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေဟာ တစ်ခုနဲ့တစ်ခု မတူပဲ ရှုပ်ထွေးနိုင်ပါတယ်။ ဒီလို အခြေအနေကြောင့်လူမျိုး တစ်ခုနဲ့ တစ်ခုအကြား ထားရှိတဲ့ ဦးစားပေးရမယ့် အရာတွေပေါ်မှာလည်း သဘောထားအမျိုးမျိုး ရှိနိုင်ပါတယ်။

ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander လူမျိုး အများစုအတွက် စာချုပ် ချုပ်ဆိုင်နိုင်မယ်ဆိုရင် တရားမျှတမှုနဲ့ လေးစားမှုဆီကို ဦးတည်တဲ့ ခြေလှမ်း တစ်ရပ် ဖြစ်စေမယ်လို့ ယုံကြည်ကြတာ ဖြစ်ပါတယ်။

Gunditjmara လူမျိုးနဲ့ စာချုပ်ဖြစ်ပေါ်လာရေးအတွက် ဦးဆောင်သူ ခေါင်းဆောင် Reuben Berg က အခုလို ပြောပါတယ်။

"စာချုပ်က ဌာနေတိုင်းရင်းသား လူမျိုးတွေနဲ့ ဩစတြေးလျ အစိုးရအကြားက ဆက်ဆံရေး အသစ် ပြန်လည် စတင်ဖို့အတွက် အရမ်းအရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြည်နယ်အဆင့်ပဲ ဖြစ်ဖြစ် ဗဟိုအစိုးရအဆင့်ပဲ ဖြစ်ဖြစ် အကျူံးဝင်တယ်။" လို့ ပြောပါတယ်။

စာချုပ်ဖြစ်ပေါ်လာဖို့အတွက် ထောက်ခံသူတွေကတော့ စာချုပ်ကြောင့် တကယ့်ပြောင်းလဲမှုတွေ အများကြီး ဖြစ်စေနိုင်တယ်လို့ ပြောဆိုကြပါတယ်။

သူတို့ ယုံကြည်တာက စာချုပ်ကနေတဆင့်

  • ဌာနေတိုင်းရင်းသားတွေကို သြစတြေးလျရဲ့ ပထမဆုံးလူမျိုးတွေအဖြစ် တရားဝင် အသိအမှတ်ပြုနိုင်ပြီး၊
  • နိုင်ငံရဲ့သမိုင်းမှန်နဲ့ ကိုလိုနီစနစ်အကြောင်းကို အမှန်အတိုင်း ဖွင့်ထုတ်ပြောဆိုဖို့ နေရာ တစ်ခု ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
  • မြေယာ၊ ရေ၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ရာ၊ အလုပ်အကိုင်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလို အရေးကြီးတဲ့ ကဏ္ဍတွေမှာ အစိုးရတွေနဲ့ ဌာနေတိုင်းရင်းသား လူ့အသိုင်းအဝိုင်းတွေအကြား တရားမျှတတဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ဖို့ စာချုပ်က ကူညီနိုင်ပါတယ်။

ဌာနေတိုင်းရင်းသား အများစုရဲ့ အမြင်ကတော့ စာချုပ်ဟာ ဘာသာစကား၊ ယဉ်ကျေးမှု၊ သန့်ရှင်း မြင့်မြတ်တဲ့နေရာတွေကို ကာကွယ်ဖို့နဲ့ ပိုခိုင်မာအားကောင်းလာစေဖို့ နည်းလမ်းအဖြစ် မြင်ကြပြီး၊ အဲဒီဓလေ့ထုံးတမ်းတွေကို နောင်မျိုးဆက်တွေအထိ ဆက်လက်ထိန်းသိမ်းရှင်သန်နေစေဖို့ အထောက်အကူပြုမယ်လို့ ယုံကြည်ကြပါတယ်။

Wirdi လူမျိုးနဲ့ ရှေ့နေ Tony McAvoy က အခုလို ရှင်းပြထားပါတယ်။

“ကျွန်တော်တို့ ကိုယ့်ဘဝကို ကိုယ်တိုင် စီမံထိန်းချုပ်နိုင်တဲ့အခါ၊ ကိုယ့်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့အခါ၊ ကိုယ့်အတွက် ဝန်ဆောင်မှုတွေ ကိုယ်တိုင်ပေးနိုင်တဲ့အခါမှာ ကျနော်တို့ဟာ ကျန်းမာရေးအကောင်းဆုံး၊ ခွန်အားအရှိဆုံးနဲ့၊ စိတ်ပိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှုအရ အကောင်းဆုံး အခြေအနေ မှာ ရှိနေနိုင်ပါတယ်။ စာချုပ်ရဲ့ အကျိုးဆက်တွေထဲက တစ်ခုက အဲဒီလို ဖြစ်စေနိုင်တယ်ဆိုတာကို လက်ခံမယ်ဆိုရင်၊ ဒါဟာ နိုင်ငံတစ်ခုလုံးအတွက်လည်း ကောင်းကျိုဖြစ်လာစေနိုင်တယ်။” လို့ ပြောပါတယ်။

What might a treaty include?

Treaties can take many forms and cover a range of issues, they may include:

  • Recognising sovereignty and the right of First Nations peoples to make decisions about their communities.
  • Agreements about the use, management, and protection of land, water and resources.
  • Commitments to revitalise and protect languages, cultural sites and traditions.
  • Funding and support for health, education, housing and other programs.

Gunnai, Gunditjmara နဲ့ Djab Wurrung လူမျိုးဖြစ်သူ အထက်လွှတ်တော်အမတ် Lidia Thorpe ဟာ စာချုပ်ဖြစ်ပေါ်လာရေးအတွက် လှုပ်ရှားသူဖြစ်ပြီး ဒီလို ဖြစ်ပေါ်လာဖို့အတွက် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်မှာ ဒေသခံလူ့အသိုင်းအဝိုင်းတွေက ဦးဆောင်သင့်တယ် လို့ ယုံကြည်သူ ဖြစ်ပါတယ်။

"ကျွန်မထင်တာက ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ဒေသဆိုင်ရာ ပုဂ္ဂိုလ်တွေ ဒေသန္တာရ အစိုးရအဆင့်မှာ ကိုယ်စားလှယ် ပြုမှုတွေရှိဖို့ လိုအပ်ပါတယ်။ တကယ့်ပြောင်းလဲမှုတွေ လုပ်နိုင်တာက အဲဒီဒေသခံ လူ့အသိုင်းအဝိုင်းတွေ ဖြစ်တယ်။" လို့ ပြောသွားခဲ့ပါတယ်။

I think that we need to have clans and nations represented at the local government level. It is those local communities where we can make real change.
Senator Lidia Thorpe
SENATE QUESTION TIME
Independent Senator Lidia Thorpe during Question Time in the Senate chamber at Parliament House in Canberra. Source: AAP / MICK TSIKAS/AAPIMAGE

သြစတြေးလျတစ်ဝန်းမှာ ဘာတွေဖြစ်နေလဲ

ဗစ်တိုးရီးယားပြည်နယ် (Victoria) မှာတော့ စာချုပ်ချုပ်ဆိုရေး လုပ်ငန်းစဉ်က တော်တော်လေး ရှေ့ရောက်နေပါပြီ။ ၂၀၂၅ မှာ ပြည်နယ်အဆင့် သဘောတူညီချက် ရဖို့ မျှော်မှန်းထားကြပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ ရွေးကောက်တင်မြောက်ထားတဲ့ First Peoples’ Assembly of Victoria အဖွဲ့ကနေတဆင့် ဌာနေတိုင်းရင်းသားတွေဟာ သူတို့နဲ့ဆိုင်တဲ့ ကိစ္စတွေအတွက် ဥပဒေတွေ၊ မူဝါဒတွေကို ပုံဖော်ရာမှာ အမြဲတမ်း ကိုယ်စားပြု ပေးတဲ့ အသံ လွှတ်တော်မှာ ရှိလာတော့မှာ ဖြစ်ပါတယ်။

တခြား ပြည်နယ်တွေဖြစ်တဲ့ ကွင်းစ်လန်း၊ နယူးဆောက်ဝေးလ်၊ South Australia ပြည်နယ်တဲ့ နဲ့ Northern Territoryတွေမှာတော့ ဗစ်တိုးရီးယားပြည်နယ်လို နောက်ဆုံးအဆင့် မဟုတ်သေးပေမယ့်လည်း သူ့နည်း သူ့ဟန်နဲ့ တိုးတက်မှုတွေ ကိုယ်စီ ရှိနေပြီး ရောက်ရှိနေတဲ့ အဆင့်တွေ မတူကြပါဘူး။

အချို့ပြည်နယ် အစိုးရတွေက သူတို့ရဲ့ လူ့အသိုင်းအဝိုင်းနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်နေကြချိန်မှာ အချို့ကတော့ နောက်ထပ် ဘာတွေ လုပ်ကြရင် ကောင်းမယ်ဆိုတာကို စီစဉ်နေတုန်းပဲ ရှိပါတယ်။

နိုင်ငံတော်အဆင့် စာချုပ် ကတော့ သြစတြေးလျတစ်ခုလုံးအတွက် သဘောတူညီချက်တစ်ခု ဖြစ်လာနိုင်ပြီး ပြည်နယ်နဲ့ အထူးဒေသအဆင့် စာချုပ်တွေ ကတော့ ဒေသနဲ့ ကိုက်ညီမယ့် အရာတွေနဲ့ လူ့အသိုင်းအဝိုင်းတစ်ခုစီရဲ့ လိုအပ်ချက်တွေကို မီးမှောင်းထိုးနိုင်ဖို့ ဖြစ်ပါတယ်။

ဌာနေတိုင်းရင်းသား အများစုကတော့ တကယ့် ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှု ဖြစ်ဖို့အတွက် သြစတြေးလျမှာ နိုင်ငံတော်အဆင့် သဘောတူညီချက်ရော၊ ပြည်နယ်အခြေပြု စာချုပ်တွေပါ နှစ်ခုလုံး လိုအပ်တယ်လို့ ယုံကြည်ကြပါတယ်။ လူ့အသိုင်းအဝိုင်းတိုင်းရဲ့ သမိုင်းနဲ့ လိုအပ်ချက်တွေ မတူကြတာကြောင့် စာချုပ်တိုင်းဟာ ပုံစံလေး နည်းနည်းစီ ကွဲပြားမှု ရှိနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် စာချုပ်လို့ ဆိုရာမှာ ဥပဒေအရ အဓိပ္ပာယ်ထက် ကျော်လွန်ပြီး စာချုပ် ဆိုတာက ဌာနေတိုင်းရင်းသားဩစတြေးလျတွေရော၊ ဌာနေတိုင်းရင်းသားမဟုတ်တဲ့ ဩစတြေးလျနိုင်ငံသားတွေပါ အချင်းချင်း ဘယ်လို အတူတကွ နေထိုင်၊ အလုပ်လုပ်မယ်ဆိုတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ လူအများစုအတွက် ဒါဟာ လူ့အသိုင်းအဝိုင်းအတွင်း ပိုပြီး တရားမျှတပြီး၊ စည်းလုံးတဲ့ နိုင်ငံဆီကို ဦးတည်တဲ့ခြေလှမ်း တစ်ခုအဖြစ် ရှုမြင်ကြတဲ့အကြောင်း ရေးထားတဲ့ Nikyah Hutchings ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။

ဒီအပိုင်းမှာ Living Black – The Case for a Treaty ဆိုတဲ့ တီဗီအစီအစဉ်ကနေ အသံအတိုအထွာတွေ ယူသုံးထားပြီး အဲဒီ အစီအစဥ်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ပထမဆုံး ထုတ်လွှင့်ခဲ့တာပါ။ အပြည့်အစုံကို SBS On Demand မှာ ကြည့်နိုင်ပါတယ်။

သြစတြေးလျမှာ သင့်ဘဝသစ် စတင်အခြေချတဲ့အခါမှာ တန်ဖိုးရှိတဲ့ အချက်အလက်တွေနဲ့ အကြံပြုချက်တွေ ရဖို့အတွက် Australia Explained ပေါ့ဒ်ကတ်စ်ကို Subscribe ဒါမှမဟုတ် Follow လုပ်ထားပါ။

မေးစရာ ဒါမှမဟုတ် တင်ပြစေချင်တဲ့ အကြောင်းအရာ စိတ်ကူးတွေ ရှိရင် australiaexplained@sbs.com.au ကို အီးမေးလ် ပို့နိုင်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now