ဩစတြေးလျက ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ Torres Strait Islander နဲ့ Aboriginal တွေကို ဩစတြေးလျနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ အသိအမှတ် ပြုထားခြင်း မရှိဘူးဆိုတာ သင်သိပါသလား။
အဲဒါကြောင့် ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပထမဆုံး အခြေချနေထိုင်သူတွေအဖြစ် အသိအမှတ်ပြုဖို့နဲ့ ဌာနေတိုင်းရင်းသားအရေးကို ဆိုပေးမယ့် ကိုယ်စားလှယ်အဖွဲ့ Indigenous Voice to Parliament ထားရှိနိုင်ရေးအတွက် ဖက်ဒရယ်အစိုးရက လူထုဆန္ဒခံယူပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲချင်ရင် ပြည်လုံးကျွတ်လူထု ဆန္ဒခံယူပွဲ ကျင်းပမှ ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အစိုးရက ပြည်လုံးကျွတ်လူထု ဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီတော့ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲဆိုတာ ဘာလဲ၊ ဘယ်သူတွေ မဲပေးခွင့်ရှိမလဲ ပြီးတော့ ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုပေးတဲ့အဖွဲ့ Voice to Parliament က ဘာတွေ လုပ်ဆောင်ပေးမလဲ ဆိုတာ လေ့လာကြရအောင်။






