အဲဒီအထဲက တစ်ခုကတော့ အားကစားကဏ္ဏမှာ အမျိုးသမီးတွေကို မြင့်တင်ဖို့ဖြစ်ပါတယ်။ အခုလောလောဆယ် တချို့ အမျိုးသမီးတွေဟာ အားကစားဝါသနာ ပါကြပေမယ့် မိဘရဲ့ ပံ့ပိုးမှု အားနည်းတာတွေ ဒါမှမဟုတ် မပံ့ပိုးနိုင်တဲ့ အနေအထားမှာ ရှိတဲ့အတွက် သူတို့ တတ်နိုင်သလောက် အစွမ်းအစတွေ မထုတ်နိုင်ခဲ့ကြတာမျိုး ရှိတယ်လို့ ပြောဆိုနေကြပါတယ်။
ဒီလို အတွေ့အကြုံမျိုးတွေက မြန်မာ အသိုင်းအဝိုင်း တစ်ခုတည်းမှာသာ မကပဲ တခြား အသိုင်းအဝိုင်းတွေမှာ ဆိုရင်လည်း အမျိုးသမီးငယ်တွေဟာ အားကစားမှာ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့အတွက် သူတို့ရဲ့ ညီအစ်ကိုတွေထက် ပိုပြီး ကြိုးစားလုပ်ဆောင်ကြရတယ်လို့ သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ဆက်စပ်ပြီး မဲလ်ဘုန်းမြိုံမှာ ဒိုင်လူကြီး လုပ်နေတဲ့ ကိုကင်မ် နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
ဒါ့အပြင် မိဘရဲ့ ပံ့ပိုးမှုက ဘယ်လောက်အရေးပါတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ကိုစိုင်းမီကို ဆက်သွယ် မေးမြန်းထားပါတယ်။

Source: Supplied / Supplied: Sai Mi
