Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

အမျိုးသမီး‌ငယ်တွေ ဝါသနာနောက်လိုက်ဖို့ အမျိုးသားတွေထက် ခက်ခဲသလား

Ko Kim
မဲလ်ဘုန်းမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်သူ ကိုကင်မ်

အခုလောလောဆယ် ဩစတြေးလျနိုင်ငံမှာ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပနေတာဖြစ်ပြီး ဩစတြေးလျနဲ့ နယူးဇီလန်က အိမ်ရှင်နိုင်ငံအဖြစ် ပူးတွဲ ကျင်းပနေပါတယ်။ ဒီကမ္ဘာ့ဖလားမှာ အမျိုးသမီးအသင်းအနေနဲ့ ဖလားရရ မရရ ပွဲစီစဥ်သူတွေအနေနဲ့ ချန်ထားချင်တဲ့ အမွေအနှစ်တွေ ရှိပါတယ်။


Published

Updated

By Mu Laing Thein

Presented by Mu Laing Thein

Source: SBS


Share this with family and friends


အခုလောလောဆယ် ဩစတြေးလျနိုင်ငံမှာ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပနေတာဖြစ်ပြီး ဩစတြေးလျနဲ့ နယူးဇီလန်က အိမ်ရှင်နိုင်ငံအဖြစ် ပူးတွဲ ကျင်းပနေပါတယ်။ ဒီကမ္ဘာ့ဖလားမှာ အမျိုးသမီးအသင်းအနေနဲ့ ဖလားရရ မရရ ပွဲစီစဥ်သူတွေအနေနဲ့ ချန်ထားချင်တဲ့ အမွေအနှစ်တွေ ရှိပါတယ်။


အဲဒီအထဲက တစ်ခုကတော့ အားကစားကဏ္ဏမှာ အမျိုးသမီးတွေကို မြင့်တင်ဖို့ဖြစ်ပါတယ်။ အခုလောလောဆယ် တချို့ အမျိုးသမီးတွေဟာ အားကစားဝါသနာ ပါကြပေမယ့် မိဘရဲ့ ပံ့ပိုးမှု အားနည်းတာတွေ ဒါမှမဟုတ် မပံ့ပိုးနိုင်တဲ့ အနေအထားမှာ ရှိတဲ့အတွက် သူတို့ တတ်နိုင်သလောက် အစွမ်းအစတွေ မထုတ်နိုင်ခဲ့ကြတာမျိုး ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ဒီလို အတွေ့အကြုံမျိုးတွေက မြန်မာ အသိုင်းအဝိုင်း တစ်ခုတည်းမှာသာ မကပဲ တခြား အသိုင်းအဝိုင်းတွေမှာ ဆိုရင်လည်း အမျိုးသမီးငယ်တွေဟာ အားကစားမှာ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့အတွက် သူတို့ရဲ့ ညီအစ်ကိုတွေထက် ပိုပြီး ကြိုးစားလုပ်ဆောင်ကြရတယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ ဆက်စပ်ပြီး မဲလ်ဘုန်းမြိုံမှာ ဒိုင်လူကြီး လုပ်နေတဲ့ ကိုကင်မ် နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

ဒါ့အပြင် မိဘရဲ့ ပံ့ပိုးမှုက ဘယ်လောက်အရေးပါတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ကိုစိုင်းမီကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုစိုင်းမီဟာ Silver Bell Morris ရဲ့ ဖခင်ဖြစ်ပါတယ်။

Silver Bell Morris and her family at Mae Surin Refugee Camp in Thai-Myanmar border
Source: Supplied / Supplied: Sai Mi

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မယ်ဆူရင်း (Mae Surin) ကရင်နီဒုက္ခသည်စခန်းကနေ ဩစတြေးလျနိုင်ငံကို ရောက်လာတဲ့ Silver Bell Morris ဟာYoung Matildas လို့ခေါ်တဲ့ ဩစတြေးလျနိုင်ငံက အငယ်တန်း Matilda ဘောလုံးအသင်းမှာ ကစားသလို Western United club မှာလည်း ကစားနေသူ ဖြစ်ပါတယ်။

silver_football.png

Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now