SKIP TO MAIN CONTENT

တခြားပြည်နယ် တစ်ခုဆီကို ရွှေ့ပြောင်းဖို့အတွက် ဘာတွေ လိုအပ်သလဲ။

Moving boxes surrounding family relaxing on sofa
Moving boxes surrounding family relaxing on sofa Source: Getty / Getty Images

နှစ်စဥ်နှစ်တိုင်း ဩစတြေးလျမှာနေထိုင်သူတွေဟာ အလုပ်အကိုင်အတွက်၊ ပညာရေး၊ နေထိုင်မှု ဘဝပုံစံ၊ မိသားစုအရေး သို့မဟုတ် ကိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းအတွက် တခြားပြည်နယ်ကို ရွှေ့ပြောင်းနေထိုင်တာမျိုး လုပ်ကြပါတယ်။


Published

By Harita Mehta

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

နှစ်စဥ်နှစ်တိုင်း ဩစတြေးလျမှာနေထိုင်သူတွေဟာ အလုပ်အကိုင်အတွက်၊ ပညာရေး၊ နေထိုင်မှု ဘဝပုံစံ၊ မိသားစုအရေး သို့မဟုတ် ကိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းအတွက် တခြားပြည်နယ်ကို ရွှေ့ပြောင်းနေထိုင်တာမျိုး လုပ်ကြပါတယ်။


ပြည်နယ်အလိုက် ဒေသအလိုက် စည်းမျဥ်းစည်းကမ်းတွေ၊ ဥပဒေတွေနဲ့ ဝန်ဆောင်မှုတွေ ကွာခြားနိုင်တဲ့အတွက် မိမိမပြောင်းခင်မှာ ဘာတွေလိုအပ်မလဲ ဆိုတာ သိထားရင် ရွှေ့ပြောင်းမှု လုပ်တဲ့အခါ ပိုပြီး အဆင်ပြေ ချောမွေ့မှာ ဖြစ်ပါတယ်။

နေထိုင်ရာ ပြည်နယ်ကနေ ရွှေ့ပြောင်းနေထိုင်သူတွေ များပြားလာသလို ပြည်ပကနေ မွေးဖွားသူတွေဟာလည်း ဩစတြေးလျနိုင်ငံမှာ မွေးဖွားသူတွေထက်စာရင် ပြည်နယ်ပြောင်းရွှေ့မှု ပိုလုပ်ကြတဲ့အကြောင်း ဩစတြေးလျနိုင်ငံ စာရင်းအင်းဌာန Australian Bureau of Statistics က တွေ့ရှိထားပါတယ်။

နိုင်ငံသစ် တစ်ခုကို ပြောင်းရွှေ့အခြေချနေထိုင်တဲ့အခါမှာ အတည်တကျဖြစ်အောင် အများကြီး ကြိုးစားလုပ်ဆောင်ရမှာဖြစ်ပါတယ်၊ ရောက်တဲ့နိုင်ငံအသစ်မှာပဲ တခြားပြည်နယ်ကို ထပ်ရွှေ့မယ်ဆိုရင်လည်း နောက်တစ်ကြိမ်ထပ်ပြီး အခြေချမှုကို ထပ်လုပ်ရတာလည်း ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံထဲ အသစ်ရောက်လာတဲ့လူတွေ အခြေချနေထိုင်ရေးအတွက် ဝန်ဆောင်မှုပေးတဲ့ AMES Australia အဖွဲ့က Laurie Nowell ရဲ့ အဆိုအရ ပြည်နယ်ပြောင်းတဲ့အခါ ဩစတြေးလျနိုင်ငံကို စတင်ပြောင်းဖို့ လုပ်ဆောင်ရသလိုပဲ ပြန်စတင်လုပ်ဆောင်ရတာဖြစ်တယ်လို့ ပြောပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now