SKIP TO MAIN CONTENT

ဇာတိမြေလွှမ်းစိတ်နဲ့ ရေမြေခြားမှာ ကြုံရတဲ့ စိတ်သောကနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ကြလား

Grief counselling
Credit: David Cheskin/PA Wire

ပြည်ပကနေ ရွှေ့ပြောင်းနေထိုင်သူတွေဟာ စိတ်ခံစားမှု အတက်အကြတွေအပြင် ရိုးရာ ယဥ်ကျေးမှု မတူညီမှုတွေ၊ ဘေးပတ်ဝန်းကျင် မတူညီမှုတွေကို ကြုံတွေ့ကြရပြီး အဲဒါတွေနဲ့ အံဝင်ခွင့်ကျအောင် လုပ်ဆောင်ရတဲ့အခါမှာ ရှုတ်ထွေးတဲ့ စိတ်ခံစားမှုအပြင် မိမိကိုယ်မိမိ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ကဖြစ်တယ် ဆိုတာတွေကို မသိတော့သလိုမျိုး ဖြစ်စေနိုင်ပါတယ်။


Published

Updated

By Claudianna Blanco

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

ပြည်ပကနေ ရွှေ့ပြောင်းနေထိုင်သူတွေဟာ စိတ်ခံစားမှု အတက်အကြတွေအပြင် ရိုးရာ ယဥ်ကျေးမှု မတူညီမှုတွေ၊ ဘေးပတ်ဝန်းကျင် မတူညီမှုတွေကို ကြုံတွေ့ကြရပြီး အဲဒါတွေနဲ့ အံဝင်ခွင့်ကျအောင် လုပ်ဆောင်ရတဲ့အခါမှာ ရှုတ်ထွေးတဲ့ စိတ်ခံစားမှုအပြင် မိမိကိုယ်မိမိ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ကဖြစ်တယ် ဆိုတာတွေကို မသိတော့သလိုမျိုး ဖြစ်စေနိုင်ပါတယ်။


အဲဒီတော့ နေသားကျဖို့အတွက်၊ အခုမှ ပုံမှန်ပြန်ဖြစ်တော့တယ် ဆိုတဲ့ ခံစားချက်မျိုးကို ရွှေ့ပြောင်းနေထိုင်သူတွေ ခံစားရဖို့အတွက် ဘယ်လိုတွေ လုပ်ဆောင်ဖြတ်ကျော်ရသလဲ ဆိုတဲ့အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ရတဲ့ ခံစားမှုမှာ အလွှာအမျိုးမျိုး ရှိပါတယ်။

ကနဦးပိုင်းမှာ ကြုံတွေ့ရတဲ့ ရိုးရာယဥ်ကျေးမှု မတူညီတာတွေ၊ နေထိုင်မှု ပုံစံ မတူညီမှုတွေ၊ ဘာသာစကား မတူညီမှုတွေနဲ့ ဇာတိမြေကို လွှမ်းရတဲ့ စိတ်သောကတွေဟာ တခါတလေ လက်ဆုတ်လက်ကိုင် ပြနိုင်တဲ့အရာတွေ ဖြစ်ပေမယ့် တခါတလေ ဘာမှ ရေရေရာရာ မရှိတာတွေ ခံစားနေကြရလို့ ကိုယ်နဲ့ စိတ် ကျန်းမာရေးအပြင် အိမ်ထောင်ရေးတွေကိုပါ ထိခိုက်နစ်နာရတာမျိုးတွေ ဖြစ်တတ်တာကို ပြည်ပကနေ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်အဖြစ် ရောက်ရှိလာသူတွေ ခံစားကြရနိုင်တဲ့ ခံစားမှုတွေ ဖြစ်ပါတယ်။

ဇာတိမြေလွှမ်းဆွတ်ခြင်းနဲ့ ရေမြေခြားမှာ ကြုံရတဲ့ စိန်ခေါ်မှု စိတ်သောကတွေက နည်းမျိုးစုံနဲ့ ပေါ်လာတတ်တယ်လို့ Beyond Blue အဖွဲ့က ပညာရှင် Dr Grant Blashki က ပြောပါတယ်။

စိတ်ပိုင်းဆိုင်ရာမှာ ပေါ်လွင်တတ်ပါတယ်၊ ဝမ်းနည်းနေတာမျိုး ဒါမှမဟုတ် စိတ်ခြောက်ခြားတာမျိုး ဒါမှမဟုတ် ဒေါသထွက်နေခြင်း ဒါမှမဟုတ် စိတ်မသန့် လိပ်ပြာမသန့်တာမျိုး ခံစားရနိုင်ပါတယ်။

တခါတလေမှာ ကိုယ်ခန္စာပိုင်းဆိုင်ရာမှာ ပေါ်လွင်တတ်ပြီး အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး အင်အားချိနဲ့နေခြင်း စတာမျိုးကို ခံစားရနိုင်ပါတယ်။

လူအများအပြားအတွက်ကတော့ အဲလိုမျိုးတွေကို ဖြတ်စေနိုင်တဲ့ ဒုတိယအကြောင်းရင်းတွေလည်း ရှိတတ်ပါတယ်။

ဥပမာ အိမ်မှာ ကတောက်ကဆဖြစ်မှုတွေ၊ အလုပ်မှာ အဆင်မပြေမှုတွေ ဒါမှမဟုတ် အရက်သေစာ သောက်သုံးရာက အဲဒီလို စိတ်သောကတွေကို ကြုံတွေ့ကြရတာလည်း ဖြစ်နိုင်ပါတယ်။

အပြည့်အစုံကို နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now