ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေမှာလည်း အမျိုးသမီးတွေ ချီတက်မှုတွေနဲ့ လှုပ်ရှားကြပါတယ်။ ဩစတြေးလျနိုင်ငံမှာ ရှိတဲ့ မြန်မာအဖွဲ့အစည်းတွေကလည်း လှုပ်ရှားမှုတွေ စတင်နေကြပြီ ဖြစ်ပါတယ်။
ဘာကြောင့် ဒီကိစ္စမှာ ပါဝင်လှုပ်ရှားကြသလဲ ဘယ်လို လှုပ်ရှားဖို့ ရှိသလဲ ဆိုတာနဲ့ ဆက်စပ်ပြီး NUG-CRPH Support Group NSW က ဒေါက်တာ လှယဥ်ချောကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို ပြောပြထားပါတယ်။