SKIP TO MAIN CONTENT

ဘာကြောင့် ကွန်မြူနီတီ အားကစားမှာ ပါဝင်တာက သင့်အတွက် အကောင်းဆုံး ဖြစ်စေနိုင်သလဲ

Watoto wacheza soka
Kiongozi wa jimbo la NSW ametangaza jeki ya uwekezaji wa dola milioni 25 kwa michezo ya jamii. Source: AAP

ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းဟာ ကိုယ်ခန္စာကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာ ဖြစ်ပါတယ်။


Published

By Melissa Compagnoni

Source: SBS


Skip to podcast episode content

ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းဟာ ကိုယ်ခန္စာကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာ ဖြစ်ပါတယ်။


ဩစတြေးလျနိုင်ငံမှာ အားကစားပေါင်းစုံမှာ အဆင့်အမျိုးမျိုးနဲ့ ဝင်ရောက်ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။

ကိုယ်နေထိုင်ရာ ဘေးပတ်ဝန်းကျင်နဲ့ ကိုယ့်လူမှုအသိုင်းအဝိုင်းအတွင်းက အားကစားပွဲတွေမှာ ဝင်ပါတာဟာ အကျိုးရလဒ် ရရှိစေနိုင်ပြီး မိမိအနေနဲ့ တခုခုမှာ ပါဝင်နေပါလား ဆိုတဲ့ အသိစိတ်မျိုးလည်း ရရှိစေနိုင်ပါတယ်။

ဩစတြေးလျနိုင်ငံကို မကြာခင်ကမှ ရောက်လာတဲ့ လူတွေအတွက်လည်း အားကစားမှာ ပါဝင်ခြင်းအားဖြင့် အကျိုးရလဒ်တွေ ရရှိစေနိုင်ပါတယ်။

မဲလ်ဘုန်းမြို့လယ်မှာရှိတဲ့ ဘောလုံးကွင်းတစ်ခုဆိုရငMelbourne Social Soccer (MSS) လို့ခေါ်တဲ့ အသင်းရဲ့ အိမ်ကွင်းလို ဖြစ်နေပြီး အဲဒီနေရာမှာ ရိုးရာယဥ်ကျေးမှုတွေ မတူကွဲပြားမှုတွေကို ဖလှယ်ကြတာလည်း ဖြစ်ပါတယ်။

အပျော်သဘောနဲ့ လူစုပြီး ဘောလုံးကန်ချင်ကြတဲ့ လူတစ်စု စုပေါင်းမိရာကMSS ဖြစ်ပေါ်လာတာဖြစ်ပြီး အဲဒီကနေ ဗစ်တိုးရီးယားပြည်နယ်မှာ အကြီးဆုံး ဘောလုံးကလပ်တစ်ခု ဖြစ်လာတာ ဖြစ်တယ်လို့ ဒီကလပ်ကို တည်ထောင်သူ တစ်ဦးဖြစ်တဲ့ Michael McArthur က ပြောပြပါတယ်။

လာရောက် ကစားကြသူ အများစုဟာ နိုင်ငံတကာက လာတဲ့ ကျောင်းသားတွေ၊ နယ်လှည့်ပြီး ကမ္ဘာပတ်တဲ့ backpackers တွေနဲ့ မကြာခင်ကမှ ဩစတြေးလျနိုင်ငံကို လာရောက်အခြေချတဲ့ လူသစ်တွေ ဖြစ်ကြပါတယ်။ လူတွေဟာ လုံခြုံဘေးကင်းပြီး ဖော်ဖော်ရွေရွေရှိတဲ့ ဒီနေရာကို လာပြီး တခြားလူတွေန တွေ့ဆုံတာတွေ၊ သူတို့နိုင်ငံမှာ လုပ်ခဲ့တဲ့ အရာတွေကို ဒီလို ပတ်ဝန်းကျင်မှာ ပြန်လုပ်နိုင်ကြတာကို ကျနော်တို့ သတိထားမိပါတယ်။ ကျနော်တို့မှာ ထရိန်နင် လေ့ကျင့်ရေးတွေ မရှိပါဘူး၊ စနေနေ့ ဒါမှမဟုတ် သတင်းပတ်အတွင်း တစ်ရက်ရက်မှာ လာကစားရုံပါပဲ။ အပြိုင်အဆိုင်ရှိပေမယ့် အပျော်သက်သက် ကစားတာပါပဲ။ တစ်ခုခုအတွက် ရည်ရွယ်ပြီး ယှဥ်ပြိုင်ကစားကြတာမျိုးမဟုတ်တဲ့အတွက် ဗိုလ်လုပွဲတွေ ဘာတွေလည်း မရှိပါဘူး။ တစ်ခါစာသာ ကစားကြတာဖြစ်ပြီး တစ်ပတ်မှာ မတူညီတဲ့ အသင်းတစ်သင်းနဲ့ ကစားတာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

အဲဒီလို ပွဲတစ်ပွဲကို လာရောက်ကစားဖို့ ဒေါ်လာ ၁၀ ပေးရပြီး မိမိရဲ့ ဘောလုံး အရည်အချင်းက ဘယ်အဆင့်မှာပဲ ရှိနေပါစေ ဝင်ရောက်ပါဝင်နိုင်ပါတယ်။

သိသာတာ တစ်ခုကတော့ အဲလို ကစားခြင်းအားဖြင့် ကိုယ်ကာယအတွက် ကောင်းမွန်တဲ့ အကျိုးအမြတ်ရှိသလို အိမ်အပြင်ထွက်ခွင့်ရပြီး လှုပ်လှုပ်ရှားရှားလည်း နေခွင့်ရရှိစေနိုင်ပါတယ်။ အပေါင်းအသင်းရဖို့ ကစားတာမျိုး ဟုတ်ချင်မှ ဟုတ်ပေမယ့် အဲလို ကစားရာကနေ မိတ်ဆွေအပေါင်းအသင်းတွေ ရရှိလိုက်ကြတာမျိုး ဖြစ်နေပါတယ်။

တစ်ခါတလေ ကစားကွင်းမှာသာမက အပြင်မှာလည်း ထပ်ချိန်းတွေ့ကြတာမျိုးလည်း ရှိပါတယ် ဒါမှမဟုတ် ကစားပြီးတဲ့အခါ အတူတူ ဆိုင်ထိုင်ကြတာမျိုးလည်း လုပ်ကြပါတယ်။ အမျိုးသမီး အသင်းကဆိုရင် စနေနေ့တိုင်းကစားပြီး သူတို့က ပိုပြီးတော့တောင် ဆိုရှယ်ကြကြပါတယ်။ တကယ်တော့ သူတို့ အဖွဲ့က အလျင်အမြန်နှုန်းနဲ့ ကြီးထွားလာနေပြီး တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး ရှိလာတဲ့ အဖွဲ့တစ်ခု ဖြစ်နေပြီလို့ ပြောပြထားပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now