Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

မီဒီယာအတွင်း ဌာနေတိုင်းရင်းသားများနှင့် ၎င်းတို့ကို ကိုယ်စားပြုမှုများ

NITV SBS Upfronts 2020
Hosts of The Point, Rachael Hocking and John-Paul Janke (NITV) Source: SBS / NITV

ဩစတြေးလျနိုင်ငံရဲ့ မီဒီယာတွေမှာ ဌာနေတိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှု သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် သမားရိုးကျပုံစံဖြစ်ပြီး သူတို့ကို ဘေးဖယ်ထားသလိုဖြစ်နေခဲ့ပါတယ်။


Published

Updated

By Nikyah Hutchings

Presented by Mu Laing Thein

Source: SBS



Share this with family and friends


ဩစတြေးလျနိုင်ငံရဲ့ မီဒီယာတွေမှာ ဌာနေတိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှု သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် သမားရိုးကျပုံစံဖြစ်ပြီး သူတို့ကို ဘေးဖယ်ထားသလိုဖြစ်နေခဲ့ပါတယ်။


ဒါပေမဲ့ အခုဆိုရင် တဖြေးဖြေးနဲ့ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဌာနေတိုင်းရင်းသားအရေးကို တင်ဆက်တဲ့

National Indigenous Television (NITV) နဲ့ ဆိုရှယ်မီဒီယာတွေဟာဌာနေတိုင်းရင်းသားတွေအတွက် ရှိတဲ့ အဟန့်အတားတွေကို ဖယ်ရှားမှုဖြစ်စေသလို သူတို့ရဲ့ အသံကို ပိုကျယ်လောင်စေပြီး မတူညီမှုတွေ များတဲ့

ဩစတြေးလျနိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုမှာ ပိုပြီး ပါဝင်မှု ရှိလာပါတယ်။

အဲဒီလို အပြောင်းအလဲတွေကို လေ့လာခြင်းကနေ နိုင်ငံရဲ့ သမိုင်းကြောင်းအစစ်အမှန်ကို အတွင်းကျကျ သိစေနိုင်ပြီး သာတူညီမျှမှု ခရီးစဥ်ကိုဦးတည်စေသလို ခေတ်သစ် ဩစတြေးလျရဲ့ အခြေခံကို တည်ဆောက်ရာမှာ

ကြွယ်ဝတဲ့ ရိုးရာယဥ်ကျေးမှုလည်း ဖြစ်စေပါတယ်။

ဌာနေတိုင်းရင်းသားတွေရဲ့အမြင်နဲ့ ရှုထောင့်ကို နားလည်ခြင်းဟာ လေးစားမှုရှိတဲ့ ချိတ်ဆက်ခြင်းနဲ့ အတူတူ

ပိုင်ဆိုင်ကြောင်းဆိုတဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါသည်။

ကျမ ငယ်ငယ်တုန်းကဆိုရင် ကျမတို့နဲ့ ပတ်သက်ပြီး မီဒီယာမှာ ကိုယ်စားပြုမှုသိပ်မရှိပါဘူး၊ အခုဆိုရင် အဲဒီ အဟန့်အတားတွေကို ကျမတို့ ကျော်လွှားပြီးလူမည်းတွေရဲ့ စွမ်းဆိုင်နိုင်မှုတွေကို အောင်ပွဲခံတာမျိုးတွေ ဖြစ်လာနေပါတယ်၊နိုင်ငံတကာမှာ ဌာနေတိုင်းရင်းသားတွေရဲ့ အသံကို မြင်တွေ့ရတာ အင်မတန်ကို

ကျေနပ်စရာ ဖြစ်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ပြောသွားခဲ့တဲ့ ပုဂ္ဂိုလ်က Leanne Djilandi Dolby ဖြစ်ပြီး သူမဟာ မိခင်ဖက်ကNoongar , Yamatji NaagujaNunda လူမျိုးနဲ့ ဖခင်ဖက်က Yawuru , Gija , and Gooniyandi လူမျိုး တို့ကနေ

ဆင်းသက်လာတဲ့ ဌာနေတိုင်းရင်းသား ဖြစ်ပါတယ်။

သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် မီဒီယာမှာ ဌာနေတိုင်းရင်းသားတွေကိုပုံဖော်မှုတွေဟာ ချို့ယွင်းချက်တွေ များလှပါတယ်။ အရင်က သတင်းစာတွေ၊

ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကို ကြည့်လိုက်မယ်ဆိုရင်ဌာနေတိုင်းရင်းသားတွေကို နိမ့်ကျတဲ့အနေအထား၊ အပြစ်အနာအဆာရှိတဲ့အနေအထားမျိုးနဲ့ တင်ပြခဲ့တဲ့အတွက် အများပြည်သူရဲ့အမြင်သဘောထားတွေအပေါ် မကောင်းတဲ့အမြင်တွေ သက်ရောက်မှုရှိစေခဲ့ပါတယ်။

၁၉၀၀ ပြည့်နှစ်တွေတုန်းက ရှိခဲ့တဲ့ သတင်းစာတွေနဲ့ ရေဒီယိုတွေကိုကြည့်လိုက်ရင် လူတွေရဲ့ အမြင်သဘောထားနဲ့ ပတ်သက်လာရင် မီဒီယာရဲ့လွှမ်းမိုးမှုက ကြီးမားလှပါတယ်။ သူတို့ရဲ့ ဖော်ပြတင်ဆက်မှုတွေက

ဌာနေတိုင်းရင်းသား တွေအပေါ် မြင်တဲ့ ဌာနေတိုင်းရင်းသား မဟုတ်တဲ့ လူတွေရဲ့အမြင်သဘောထားကို ပုံဖော်မှု ဖြစ်စေပြီး အများအားဖြင့် မှားယွင်းစွာအဆိုးဖက်ဆောင်တဲ့ ပုံစံကို ပုံဖော်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

အခုအချိန်အထိလည်း ဌာနေတိုင်းရင်းသား ၉% လောက်ကသာသူတို့လူမှုအသိုင်းအဝိုင်းနဲ့ ပတ်သက်လာရင် မီဒီယာက မျှတမှန်ကန်စွာ ဖော်ပြမှုလုပ်တယ်လို့ ပြောဆိုကြပါတယ်။

ဌာနတိုင်းရင်းသားတွေကို မီဒီယာအတွင်း ကိုယ်စားပြုမှုမှာ တိုးတက်မှုရှိလာတယ်ဆိုပေမယ့် စနစ်အလိုက် ရှိနေတဲ့ အဟန့်အတားတွေ ရှိနေဆဲ ဖြစ်ပြီးဥပမာ ဌာနတိုင်းရင်းသားတွေ ကိုယ်တိုင် ဦးစီးတဲ့ FNMA လို

မီဒီယာအဖွဲ့အစည်းကိုယ်တိုင် ကြုံရခြင်းမျိုး ဖြစ်ပါတယ်။သူတို့အတွက်ရံပုံငွေထောက်ပံ့မှု နည်းပါးတာတွေနဲ့ ခေတ်မမှီတော့တဲ့ အခြေခံ အဆောက်အဦးအသုံးအဆောင်တွေကြောင့် သူတို့ဟာ ရောက်သင့်တဲ့ နေရာ မရောက်နိုင်တဲ့အနေအထားမျိုး ကြုံရပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now